Chapter 26

2.7K 290 0
                                    

Chapter 26

အထူးအသားကူပွန်ကို သုံးပြီး ဝက်သားကိုသေချာပေါက် ဝယ်နိုင်မည်ကို စားသောက်ဆိုင်ရဲ့ စားဖိုမှူးက သိလေသည်။ ထို့အပြင် အသားဝယ်ရာတွင် ဦးစားပေးခံရပြီး အဆီပါတဲ့အသားကိုလည်း ရွေးနိုင်လေသည်။ ဝက်ခြေတောက်နဲ့ ဝက်အပိုင်းအစတွေက ဘယ်လောက်ကောင်းကောင်း အဆီများတဲ့ အသားလောက်တော့ မကောင်းနိုင်ပေ။ ဒါက အရမ်းကို ကောင်းတဲ့ အပေးအယူပဲ့။ မဟုတ်ရင် စားပွဲထိုးပြောတဲ့ အတိုင်း ဆိုင်မှာရောင်းဖို့ အသားမရှိတော့ပေ။

စားပွဲထိုးရဲ့ ရှင်းပြချက်များကို ကြားလိုက်ပြီးနောက် ရှုလန် က အလယ်တွင် လမ်းများစွာကျန်သေးသည်ကို သိလိုက်ရသည်။

ဒီခေတ်မှာ ပစ္စည်းဝယ်ဖို့ ကူပွန်လိုပြီး ကူပွန်များကလည်း အမျိုးမျိုးကွဲပြားလေသည်။

သူမ ဘာမှမသိတာကို မြင်တော့ စားပွဲထိုးက သူမသည် ကျေးလက်သူ ဖြစ်မယ်ဟု တွေးလိုက်သည်။ သို့သော် စားသောက်ဆိုင်မှာ စားဖို့ ငွေကြေးနဲ့ ကူပွန်ကို ဘယ်ကရလဲတော့ မသိပေ။

ရှုလန် က ကူပွန်များကြားမှ မတူညီမှုများကို လေ့လာပြီးနောက် စားပွဲထိုးနဲ့ ဆက်မငြင်းခုံတော့ပေ။ သူမ ချင်ကောင်း နဲ့ ချန်း ကို မနာလိုမှု ဖြင့်ကြည့်လိုက်သည်။

ချန်း ကအနည်းငယ်ရှက်သွားလေသည်။ သူက သူမရဲ့ အသားကို လုယူမိလိုက်သလို ခံစားလိုက်ရသည်။

အမျိုးသမီးများကို ဦးစားပေးသင့်သော်လည်း နိုင်ငံပိုင် စားသောက်ဆိုင်မှာကလည်း ဝက်ခြေတောက် တစ်စုံပဲ့ကျန်တော့ ၎င်းကိုလက်လွှတ်ဖို့ တွန့်ဆုတ်နေလေသည်။

နောက်ဆုံးတော့ သူက ချင်ကောင်း ကိုကောင်းကောင်း စားစေချင်ခဲ့သည်။ သူတစ်ယောက်တည်း သာဆိုရင် ရှုလန် အတွက် ထားပေးလိုက်မည်ဖြစ်သည်။

ရှုလန် ကဒါကို သိပ်စိတ်မဝင်စားပေ။ မကြာခင် စားပွဲထိုးက သူမမှာထားတဲ့ ခေါက်ဆွဲနဲ့ မုန်လာဥကြော် တစ်ပန်းကန်ကို ယူလာသည်။ ခေါက်ဆွဲက ဂျုံမဲနဲ့ လုပ်ထားပြီး ဂျုံဖြူလောက်‌ကောင်းပုံ မပေါ်ပေ။

ဘယ်လိုဖြစ်ဖြစ် ဂျုံဖြူက အခုချိန်တွင် အလွန်တန်ဖိုးရှိပြီး လူအများစုမှာ မစားနိုင်ကြဘဲ အချို့လူအနည်းငယ်ကသာ တစ်နှစ်မှာ အကြိမ်များစွာ စားနိုင်လိမ့်မည်။ မှောင်ခိုဈေးတွင် ဂျုံဖြူနဲ့ ဆန်များက ကောင်းတဲ့ အစေ့အဆန်အဖြစ် သတ်မှတ်ခံထားရတော့ နိုင်ငံပိုင်အစိုးရဆိုင် မှာ ဂျုံဖြူမရှိတာ ပုံမှန်ပင်ဖြစ်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now