Chapter 23

2.8K 273 0
                                    

Chapter 23

အိုက်ထန်က အမြန်ပင် “ ကောင်းပြီ။ ကောင်းပြီ။ မနက်ဖြန် ဒီနေရာမှာ မိန်းကလေးကို စောင့်နေမယ်”

“ကောင်းပြီ။”

သဘောတူပြီးနောက် သူတို့နှစ်ဦ်းသည် အရောင်းအဝယ် အခုပင် မရှိခဲ့သလိုမျိုးကွဲထွက်သွားသည်။

ဒီခရီးပြီးတဲ့နောက်  သူမ အများကြီးရခဲ့သည်။ သူမ ယွမ်၈၀ကို ရခဲ့သည့်အပြင် ကူပွန်များစွာကိုလည်း တစ်ကြိမ်တည်းနဲ့ ရခဲ့တာပင်။

နေ့လည်ခင်းသို့ ရောက်နေပြီဖြစ်သောကြောင့် သူမ အရောင်းအဝယ်ကို ရပ်လိုက်သည်။ သူမက အရောင်းအဝယ်တွေ တစ်နေ့ထဲ အများကြီးဖြစ်နေရင် သူမ အလွယ်တကူ သံသယ ဝင်ခံရမည်ကို စိုးရိမ်တာပင်။ သူမ အရင်ဆုံး တစ်ခုခုကို သွားစားမယ်။ ပြီးမှအိမ်ကို ပြန်ရန် စီစဉ်လိုက်သည်။

ဒီခေတ်က စားသောက်ဆိုင်တွေ အားလုံးက အစိုးရပိုင်တွေ ဖြစ်မှန်း သူမသိသည်။

မှောင်ခိုဈေးကို လိုက်ရှာနေတုန်း သူမမြင်လိုက်ရတာဖြစ်သည်။ ဒီတော့ သူမ အဲ့ စားသောက်ဆိုင်ကို ဦးတည်ပြီး တည့်တည့်သွားလိုက်သည်။

သူမ စားသောက်ဆိုင်သို့ ရောက်သောအခါ အထဲမှာ ဧည့်သည် အများအပြားမရှိ‌ဘဲ စားပွဲအနည်းသာရှိလေသည်။

သာမာန်အခြေအနေများတွင် လူတိုင်းကဒီလိုနေ့များတွင် အိမ်မှာပဲ့စားကြတာပင်။ အပြင်ထွက်ခြင်း သို့မဟုတ် နေ့လယ်စာဖိတ်ကြားခြင်းကဲ့သို့သော တစ်စုံတစ်ခုနှင့် ကြုံတွေ့ပါလျှင် ၎င်းတို့သည် အစိုးရပိုင် စားသောက်ဆိုင်များသို့ ရောက်ရှိလာကြကာ၊ ငွေကြေးနှင့် ကူပွန်ရှိပြီး စားရန် ကောင်းမွန်တဲ့ ငွေကြေး အခြေ‌အနေရှိလျှင်တော့ အစိုးရ စားသောက်ဆိုင်များကို လာပါတယ်။ သာမာန်အားဖြင့်  ဘဝက အတော်လေး ကျပ်တည်းနေတော့ လူတွေက အစိုးရပိုင် စားသောက်ဆိုင်ကို ဘယ်လိုလုပ် စားဖို့ လာချင်ကြမလဲ။

ရှုလန် က ထိုင်ခုံကို ရှာပြီး ထိုင်လိုက်သည်။ စားပွဲထိုးက သူမနဲ့ သူမအဝတ်အစားကို စိုက်ကြည့်နေသည်။ သူ့ပုံကြည့်ရတာ သူမက ဒီနေရာမှာ စားဖို့မတတ်နိုင်ဘူးလို့ တွေးနေပုံရတယ်။

သူမ အော်ဒါမမှာခင် စားပွဲထိုးက “ မင်းမှာ ပိုက်ဆံနဲ့ ကူပွန်ရှိလား”

အစိုးရ စားသောက်ဆိုင်က စားပွဲထိုးက ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမ၏ ဆိုင်အကူနှင့် အလွန်တူလေသည်။ သူတို့ရဲ့ သဘောထားများက အလွန်မကောင်းရုံသာမက သူတို့က ရန်မူပြီး မေးခွန်းတွေ မေးကြတယ်။

သို့သော် ရှုလန် က ရန်တွေ့ဖို့ ပျင်းလွန်းသဖြင့် သူမရဲ့ ပိုက်ဆံနဲ့ ကူပွန်များကို ထုတ်လိုက်ပြီး “သေချာပေါက် ရှိတာပေါ့။ ဒါတွေ မပါရင် ငါက ဘာကို စားရမှာလဲ”

သူမက ကူပွန်နဲ့ ပိုက်ဆံကို ယူထုတ်တာကို မြင်ဘိုက်တော့ စားပွဲထိုးရဲ့ သဘောထားက အနည်းငယ် ကောင်းသွားသည်။

“ရဲဘော်၊ မင်းဘာစားချင်လဲ”

ကျောင်းရှုလန်က အရင် “ ဒီမှာ ဘာရှိလဲ”

“ကျွန်တော်တို့ဆီမှာ ထမင်းနဲ့ ဂျုံ၊ ဟင်းသီးဟင်းရွက်တွေပဲ့ ရှိတော့တယ်။ ဒီနေ့ရဲ့ အသားတွေကတော့ ကုန်သွားပြီ”

ရှုလန် ကအနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် သူမ နားလည်သည်။

၁၉၆၀ ပြည့်နှစ် နောက်ပိုင်းကစပြီး အစားအစာများမလုံလောက်တော့ပေ။ အထူးသဖြင့်  အသားပင်။ သာမာန်လူများက တစ်နှစ်မှာ အကြမ်အနည်းငယ်သာ အသားစားနိုင်သည်။

သင့်တွင် အသားကူပွန်များရှိလျှင်ပင်၊ သင်စားရန်အသားကို ဝယ်မရနိုင်ပါ။သို့မဟုတ်ပါက အိုက်ထန် က 250 ဂရမ်အသားကူပွန်ကို သူမအား ပေးချင်မည်မဟုတ်ပါ။

အစိုးရပိုင်စားသောက်ဆိုင်များတွင် အသားများ လုံလောက်စွာ မရရှိပေ။

မူလက သူမ ကောင်းကောင်းစားဖို့ စိတ်ကူးထားပေမယ့် အခုလောလောဆယ်တော့ ဒါကိုပဲ့ လုပ်ရမယ့်ပုံ‌ပေါ်သည်။

ဒါပေမယ့် ဟင်းကပူနေသရွေ့ အိမ်မှာစားတဲ့ အစေ့အဆန်တွေထက် ပိုကောင်းပါတယ်။

သူမ ခေါက်ဆွဲ တစ်ပွဲနှင့် မုန်လာဥကြော် တစ်ပန်းကန်ကို မှာလိုက်သည်။ ခေါက်ဆွဲက အရံဟင်းလျာများဖြင့် ခင်းကျင်းထားပြီး အရသာရှိလှသည်ဟု ယူဆကြသည်။

ခေါက်ဆွဲ၏စျေးနှုန်းမှာ ဆယ်ဆင့်နှင့် ၁၀၀ ဂရမ် အစားအသောက်ကူပွန်ဖြစ်ပြီး မုန်လာဥ‌ကြော်သည် ရှစ်ဆင့်နှင့် ၁၀၀ ဂရမ် အစားအသောက်ကူပွန်ဖြစ်သောကြောင့် စုစုပေါင်း တစ်ဆယ့်ရှစ်ဆင့်နှင့် ၂၀၀ ဂရမ် အစားအသောက်ကူပွန်ဖြစ်သည်။

21 ရာစုနှင့် မတူညီသော ဟင်းပွဲများ၏ ဈေးနှုန်းများကို သိလိုက်ရသောအခါ ရှုလန်သည် ဤအစားအစာသည် အလွန်စျေးသက်သာသည်ဟု ခံစားမိသည်။

ငွေနှင့်ကူပွန်များကို ပေးချေပြီးနောက် စားပွဲထိုးသည် ဟင်းလျာများကို စားဖိုမှူးအား ပြင်ဆင်စေရန် မီးဖိုချောင်သို့ ပြန်သွားခဲ့သည်။

သူမစောင့်နေစဉ်တွင် လူနှစ်ယောက် စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့သည်။

သူမမှာ ဘာမှလုပ်စရာမရှိလို့ လှည့်ကြည့်လိုက်မိတယ်။

သူတို့နှစ်ဦးစလုံးသည် အရပ်ရှည်ပြီး သန်မာကြပြီး တစ်ယောက်က စတုရန်းပုံမျက်နှာရှိသော်လည်း သူရဲကောင်းဆန်သော စိတ်ဓာတ်ကို ဆောင်ထားသည့် ဓားနှင့်တူသော မျက်ခုံးတစ်စုံရှိသည်။ မည်မျှချောမောသည်ကို ဖော်ပြထားခြင်းမရှိသော်လည်း သူမမြင်ဖူးသော ကျေးလက်ဒေသရှိ အမျိုးသားများထက်ပင် ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းနေပါသည်။ ရိုးရှင်းပြီး သန့်ရှင်းသပ်ရပ်သော အလုပ်သမားယူနီဖောင်းကို ၀တ်ဆင်ထားသောကြောင့် လူအများက သူ့ကို သက်တောင့်သက်သာဖြစ်စေသည်။

တစ်ဖက်လူကို သူမမြင်တော့ စိတ်ထဲမှာ သက်ပြင်းမချဘဲမနေနိုင်တော့ပေ။

ဒီခေတ်မှာ အလွန်ချောမောတဲ့ ယောက်ျားလေးကိုတွေ့ဖို့ သူမ မမျှော်လင့်ထားပါဘူး။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now