Chapter 74

2.4K 206 1
                                    

Chapter 74 ကျောင်းရှုလန် ရဲ့ စိတ်ဝင်စားမှု ၁

အဲဒီချိန်မှာပဲ ရှုလန် ရဲ့ ငွေကြေးထောက်ပံ့မှုက
အကန့်အသတ်နဲ့ဖြစ်လာတယ်။ စုဆောင်းဖို့လိုတဲ့ လိုအပ်ချက်တွေကလည်း များတယ်။ ကုန်ကျစရိတ် အသက်သာဆုံးဖြေရှင်းနည်းကို သုံးတယ်။ ပင်ရင်းကိုတိုက်ရိုက်သွားတယ်။ နမူနာထုတ်ပိုးပြီးတော့ ငွေက တစ်ဝက်စျေးပိုချိုလာနိုင်တယ်။

သူမရဲ့မိသားစုအခြေနေက အတော်ကောင်းတယ်။ သူမမိသားစုက ကုမ္မဏီကြီးတခုရှိပြီး အဲ့ဒီကနေ တနှစ်ကို ယွမ်ဆယ်သန်းကျော် ရတယ်။ ပထမတန်းစားသူဌေးတွေ၊ ပါဝါရှိသူတွေနဲ့
မယှဥ်နိုင်သော်လည်း ချမ်းသာမိသားစုလို့တော့ မှတ်ယူနိုင်တယ်။

သူတို့ရဲ့ လိုအပ်တဲ့အရာတွေကိုသိမ်းဆည်းဖို့ သူ့မိသားစုပိုင် ဗီလာအိမ်ကို ရောင်းလိုက်ရတယ်။

ကံကောင်းစွာနဲ့ ကမ္ဘာပျက်ကိန်း မလာခင် လိုအပ်တဲ့ အထောက်အပံ့အကုန်လုံးကို သိမ်းထားလိုက်နိုင်တယ်။ ကမ္ဘာပျက်ကိန်းအတွင်း (သို့) ၁၉၆၀ ဝန်းကျင်မှာပါ သူမရဲ့အာကာသထဲက ပစ္စည်းတွေရဲ့ ကြွယ်ဝချမ်းသာမှုက အတူတူပဲ။

သူမယူဆောင်လာတဲ့ အချဥ်ရည်နဲ့ ငရုတ်နှစ်ကို ကြည့်ပြီး မစ္စတာချန်း ပျော်ရွှင်စွာပြောလိုက်တယ်။ “ဒါကကောင်းလိုက်တာ၊  ရှုလန် ရဲ့ ကောင်းမှုနဲ့ ဒီနေ့ နေလည် ဖက်ထုပ်စားကြစို့။ “

“ဟဟ၊ ဦးလေးချန်း ကျွေးတဲ့ ဖက်ထုပ်နဲ့စာရင် ကျွန်မရဲ့ အချဥ်ရည်နဲ့ငရုတ်ဆော့စ်က ဘာမှမဟုတ်ပါဘူး။ ဦးလေးတို့အရိပ်ကို မှီမှာ ကျွန်မပါနော်။ ဒါမှမဟုတ်ရင် ဒီလိုကောင်းတဲ့ အရာတွေ စားနိုင်မှာမဟုတ်ဘူး “

သူမက အဲ့လိုပြောသော်လည်း မစ္စတာချန်း ရဲ့ နှလုံးသားက မှန်လိုပဲ။ ဘယ်သူက ဘယ်သူ့ရဲ့အရိပ်ကို ခိုလှုံရတယ်ဆိုတာ အဲ့ဒါက အရမ်းကို
ထင်ရှားနေတာပဲ။  သူအံ့သြတာက သူမစားချင်တယ်ဆိုရင် သူမလက်ထဲမှာ စားစရာအမြောက်အများနဲ့ ပစ္စည်းကောင်းတွေရှိတယ်။ ဘာကြောင့် ဖက်ထုပ်မစားနိုင်ရတာလဲ။

ကောင်မလေးက တကယ်ကို ဟန်မဆောင်တက်ဘူး။ သူမကိုယ်သူမ ဂုဏ်ဖော်ရတာကိုလဲ မကြိုက်ဘူး။ သူမလို မိန်းကလေး သိပ်မရှိဘူး။ ဒါကြောင့် မစ္စတာချန်း က သူမကို ပိုပိုပြီးချစ်ခင်နှစ်သက်လာတယ်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now