Chapter 151

2K 230 2
                                    

Chapter 151 - ရှုလန်၏ ရုပ်သေးရုပ်ဖြစ်လာခြင်း (၂)

လီလီကျွမ့်က အနံ့ရပြီး လျှောက်ပြောပါက ကျန်းမိသားစု၏ ဘဝသည် အလွန်ကောင်းမွန်နေသည်ဟု ထင်သွားပေလိမ့်မည်။

  ကျန်းမိသားစု၏ အခြေအနေကြောင့်လည်း ရှိနေပေသည်။  ကျန်းချန်းက သူတို့ကို တအားရင်းနှီးနေသည်မှာ မကောင်းပေ။

  ကျန်းမိသားစု ဇနီးမောင်နှံသည် ကျန်းချန်း ထိခိုက်မည်ကို စိုးရိမ်နေသေးသဖြင့် ကျန်းချန်းကို စောစောပြန်ခိုင်းလိုက်သည်။

  ကျန်းချန်းသည် နေ့လည်စာစားရန် အစီအစဉ်မရှိသည့်အပြင် လာသည့်အခါတွင်လည်း ဘာမှမဝယ်ခဲ့ရဘဲ လက်‌ဗလာနဲ့ လာခဲ့သည်။

  နှစ်တွေကြာလာတာနဲ့အမျှ ကျန်းမိသားစုဟာ ခက်ခဲတဲ့ဘဝတွေကို ဖြတ်သန်းခဲ့ရရှာသည်။  သူသာ စားနေပါက ကျန်းမိသားစုအတွက် အစားအသောက် ပိုခက်နေမည်ကိုလည်း စိုးရိမ်သည်။

  ထို့ကြောင့် ပြန်သည့်အခါ ကျန်းချန်းဟာ ကျန်းမိသားစုထံ နောက်တစ်ခေါက်လာလည်ရင် ဝယ်ပေးဖို့ကို တစ်ခါထဲ ဝယ်လိုက်ရန် စဉ်းစားနေလေသည်။

  လုကျင်းရှန်း အတွက် သူ ကျန်းမိသားစုနဲ့ ပိုဆက်ဆံရမည်မှာ အဆင်မပြေလောက်သည့်အတွက် ကျင်ရှန်း စိတ်မကွက်စေရန်လည်း တစ်ခုခုစီစဉ်ပေးဖို့လိုအပ်သည်။

  ဒါကြောင့် ကျန်းချန်းက မနက်ဖြန်မှာ နောက်ထပ်ပစ္စည်းတွေဝယ်ဖို့ စီစဉ်ပြီး လုကျင်းရှန်းကို တချို့အားပေးမည်ဟု တွေးထားသည်။

  “အဖိုးလေး အဖွားလေး မိတ်ဆွေတွေက စောင့်နေလို့ ကျွန်တော်ပြန်လိုက်ပါဦးမယ် မနက်ဖြန်မှ ထပ်တွေ့ကြမယ်”  ကျန်းချန်းက ထပြီး နှုတ်ဆက်လိုက်သည်။

  ကျန်းအဖိုးအဖွားနှစ်ဦးက ခေါင်းညိတ်ကာ “ကောင်းပြီ ကျန်းချန်း သတိထားပြန်ပါ!”

  “ဟုတ်!”

  ကျန်းချန်းက ကျန်း၏အိမ်မှ ထွက်လာသည်ကို မနီးမဝေးမှ ကျောင်းရှုလန်က စောင့်နေပေသည်။

  သူမတွေးထားသလို ထိုနောက်ကျောမှာ ရင်းနှီးနေသော်လည်း ကျန်းအိမ်မှ ကျန်းချန်းထွက်လာသည်ဟု မထင်မိပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now