Chapter 188

1.2K 145 0
                                    

Chapter 188 - ညစာမစားရခြင်း

လီလီကျွမ့် အိမ်ကို ပြန်လာသည့်အချိန်၌ သူမမိသားစုမှာ ညစာစားပြီလေပြီဖြစ်သည်။

သူမနှင့် အတူ ထမင်းစားဖို့ စောင့်နေသည့်လူမရှိသည့်အပြင် မီးဖိုချောင်ထဲ၌ မည်သည့်ဟင်းများမရှိတော့ပေ။

လီလီကျွမ့်က ကျောင်းရှုလန်ထံ ဒေါသတကြီးပြေးလာပြီး ကျောင်းရှုလန်အား “ကျောင်းရှုလန် နင်ဘာလို့ ငါ့အတွက်နည်းနည်းတောင် မချန်ထားတာလဲ?”

လီလီကျွမ့်၏ မေးခွန်းကို ကျောင်းရှုလန်က “ရှိတဲ့လူတွေအတွက်ပဲ ချက်လိုက်တာ အားနာပါတယ်ဟယ်”

လီလီကျွမ့်သည် ကျောင်းရှုလန်ပြောသည်မှာ ဆင်ခြေမှန်း သိနေပြီး ရည်ရွယ်ချက်ရှိရှိမချန်ထားခဲ့သည်မှန်း သိပေသည်။

“နင် တမင်လုပ်တာပါ” လီလီကျွမ့်က ကျောင်းရှုလန်ကို မျက်လုံးနီရဲရဲနဲ့ စိုက်ကြည့်ရင်း ကျောင်းရှုလန်ကို စားချင်စိတ်ပေါက်သွားလေသည်။

ကျောင်းရှုလန်က အနည်းငယ်ရယ်စရာကောင်းသည်ဟု တွေးလိုက်သည်။

လီလီကျွမ့်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းပြီး သူမလုပ်ခဲ့သလို ပြန်လုပ်တော့ အပြစ်တင်လေသည်။

လီလီကျွမ့် ပြီးခဲ့သည့်အချိန်က သူမအား စားစရာမချန်ထားခဲ့ပဲ ကန်လန့်ပြောလေသည်။

ကျောင်းရှုလန်က ဒီတစ်ခါ တကယ်ပဲ ရည်ရွယ်ပြီး လုပ်ခဲ့ခြင်းသာဖြစ်၏။

လီလီကျွမ့်က အရင်ထဲက ရန်စလိုက်မှ စားဝင်အိပ်ပျော်သည့် လူမျိုးဖြစ်နေသည်။

“ငါက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ နင်ကရော ဘာကိစ္စဒီလောက်နောက်ကျနေရတာလဲ!”

လီလီကျွမ့်က ဒေါသတကြီးဖြင့် အံကျိတ်လိုက်ပြီး ကျောင်းရှုလန်နှင့် စကားများရန်မဖြစ်သင့်မှန်း သိသည့်အတွက် “နင်အဲ့လိုမလုပ်ပါနဲ့ဟာ ငါကိုယ်တိုင်မှမလုပ်တတ်တာ!”

ကျောင်းရှုလန် ရုတ်တရက် လီလီကျွမ့်ကို အေးစက်စွာနဲ့ “နင့်ကို ထမင်းချက်ခိုင်းတာ ဘယ်သူလဲ”

“ကျောင်းရှုလန် နင်ဘာပြောချက်တာလဲ”

“ တစ်ယောက်ယောက် ပြောထားတာကို မေ့သွားတာလား

ထားပါ အရမ်းလည်း နောက်ကျနေပြီဆိုတော့ အိပ်ချိန်ရောက်နေပြီ အန်တီမိန်ကလည်း ကိုယ်ဝန်ကြီးနဲ့ စကားမများနေနဲ့

ညနက်နေပြီဆိုတော့ ဗိုက်ဆာလဲ မနက်မှစားတော့ “

“ကျောင်းရှုလန် မသွားနဲ့!”

“ငါကဘာလို့မသွားရမှာလဲ နင်မှတ်မိလား နင်လည်းငါ့ကို အဲ့လိုလုပ်ထားဖူးတယ်လေ

လီလီကျွမ့် ငါ့မှာလေ တစ်နေ့တစ်နေ့ ပင်ပင်ပန်းပန်းလုပ်ပြီး ပြန်လာတာ နောက်ကျရင် ငါ့အတွက်စားစရာမရှိတော့ဘူးလေ

နင့်အလှည့်ကျတော့ ချက်ခိုင်းချင်တယ်ပေါ့ တော်တော်လည်တာပဲ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ ခံလိုက် “

ကျောင်းရှုလန်သည် လီလီကျွမ့်ကို လုံးဝ မျက်နှာမငဲ့ပဲ ပြောချလိုက်လေသည်။

လီလီကျွမ့်  ဒေါသအလွန်ထွက်ကာ ငြင်းဆန်ရန် မတတ်နိုင်ပေ။

ဒါပေမယ့် လီလီကျွမ့်က ဗိုက်ဆာနေလေပြီ။

နေ့လယ်စာ သိပ်မစားရသေးဘဲ အလုပ်တွေအများကြီးလုပ်ထားသည့်အတွက် ဆက်အစာခံလိုက်ပါက သူမမူးလဲသွားတော့မည်။ဒီည ကောင်းကောင်းအိပ်ပျော်မည်မဟုတ်သလို မနက်ကျရင်လည်း အလုပ်လုပ်ဖို့ အားရှိနေမည်မဟုတ်ချေ။

သူမ မစင်များကို ဆက်ကောက်နေရပြီး မလုပ်ချင်သော်လည်း ဆက်လုပ်‌ရဦးမည်။

လီလီကျွမ့်က ကျောင်းရှုလန်ကို မပြောနိုင်သောကြောင့် သူမသည် မားယုမိန်ကို တိုင်ကြားပြီး ကျောင်းဝေကောင်း နှင့် စကားပြောရန် မားယုမိန် ကို တောင်းဆိုခဲ့သည်။

ဒါပေမယ့် ကျောင်းဝေကောင်းက ဒီနေ့ လီလီကျွမ့် လုပ်ခဲ့တာတွေကို သိထားပြီးဖြစ်လေသည်။

လီလီကျွမ့်သည် သူမ၏အလုပ်တွင် တက်ကြွမှုမရှိသည့်အပြင်  ကျောင်းမိသားစုကို မျက်နှာပျက်စေပြီး အဖွဲ့ခေါင်းဆောင်မှ ပြစ်တင်ရှုတ်ချခြင်းခံခဲ့ရသည်။

ဤမိန်းကလေးသည် သူမ၏အလုပ်ရမှတ်များ မရရှိခဲ့သည့်အပြင် နုတ်ယူခြင်းကိုလည်း ခံခဲ့ရသဖြင့် ကျောင်းဝေကောင်း မကျေမနပ်ဖြစ်ခဲ့ရသည်။

သူ့သမီးရဲ့ ကြိုးစားအားထုတ်မှု နေ့တိုင်း အလုပ်မှတ်တွေ ပြည့်နေတဲ့အကြောင်းနဲ့ လီလီကျွမ့်၏ လုပ်ပုံကိုင်ပုံကို ယှဉ်ကြည့်လိုက်တော့ သူအလွန်စိတ်ပျက်သွားရသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now