Chapter 72

2.5K 292 1
                                    

Chapter 72 ဖက်ထုပ်စားခြင်း ၃

ကျောင်းရှုလန် သည် အထူးသဖြင့် အရည်အချင်းရှိသူများဖြစ်တဲ့ ကျန်းချန်း နှင့် ဦးလေးချန်း တို့လို နိုင်ငံကို အကျိုးပြုနေသူများကို လေးစားပါသည်။

ကျန်းချန်း၏အကြောင်းကို သိလိုက်ရပြီးနောက်
ကျောင်းရှုလန် ရဲ့နှလုံးသားထဲတွင် သူ့ပုံရိပ်များ ချက်ချင်း တိုးဝင်လာတော့သည်။

အခန်းထဲရှိ လူနှစ်ယောက်က အားပါးတရ စကားပြောခဲ့ကြသည်။ ကျောင်းရှုလန် နှင့် ဒေါ်လေးချန်း တို့လည်း တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြရင်း နှစ်ယောက်သား ဖက်ထုပ်များကို အတူတူထုပ်ကာ တစ်ခဏအတွင်း ပြီးခဲ့လေသည်။

ဝက်သားတစ်ကောင်သည် ဟင်သီးဟင်းရွက် ရဲ့နှစ်ဆရှိသောကြောင့် အသားနှင့် ဟင်းသီးဟင်းရွက်များအချိုးတွင် အသားက ပိုများနေသည်။ ထိုသို့ အနည်းငယ် ပိုများနေသောကြောင့်
ဒီနှစ်မျိုးထဲတွင် ခပ်ပါးပါးလှီးထားသည့် အသားအချို့ကို မြည်းကြည့်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။

ဒေါ်လေးချန်း က ထိုဟာကို သေချာစဉ်းစားလိုက်ပြီးနောက် တကယ်လို့ မင်းသာ အသီးအရွက်တွေကို ထားခဲ့မယ်ဆိုရင်တောင် မင်းဟာ အသားတွေ အများကြီးမြည်းနိုင်သေးတယ်။

အဆုံး၌ ဖက်ထုပ်အရေအတွက် ၁၁၀ ကျော်ကို ပြုလုပ်ခဲ့ကြသည်။

ကျောင်းရှုလန် သည် ထိုဖက်ထုပ်တစ်ဒါဇင်ကျော်ကို တစ်ယောက်ထဲ စားနိုင်သည်။

ပိုင်ရှင်အစစ်ဟာ အခုမှ အနည်းငယ်စားချင်စိတ် ဖြစ်ပေါ်လာတော့သည်။ အတိတ်ကို ပြန်တွေးကြည့်မည်ဆိုရင် ကျောင်းရှုလန် သည် ဖက်ထုပ်အခု ၂၀ကျော်ခန့်သာ စားဖူးပါလိမ့်မည်။

ဒေါ်လေးချန်း သည် အစားစားချင်စိတ်သာရှိပြီး တကယ်တမ်းတော့ ဖက်ထုပ်အခု ၂၀ သာစားနိုင်သည်။

ဦးလေးချန်း နှင့် ကျန်းချန်း သည် အမျိုးသားများဖြစ်ပြီး အမျိုးသားများသည် အမျိုးသမီးများထက် အစားစားချင်စိတ် ပိုရှိမည်။လူတစ်ယောက်ကို အခု၃၀ ဒါမှမဟုတ် ၄၀ ခန့်စားနိုင်ကြသည်ဟု ခန့်မှန်းနိုင်ပါသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now