Chapter 22

2.8K 296 0
                                    

Chapter 22

အရေးကြီးဆုံးကတော့ ရှုလန် ရဲ့လက်ထဲမှာ ကောင်းမွန်ပြီး ဈေးကြီးတဲ့ အစေ့အဆန်တွေနဲ့ ပြည့်နေသော်လည်း ဈေးက အလွန် နိမ့်နေသည်။

ဒီတော့ အိုက်ထန် တွေးလိုက်တာက သူဒါတွေအားလုံးကို ဝယ်ပြီး ပြန်ရောင်းမည်ဟူ၍ပင်။ သူက အလယ်ကနေ ငွေတွေ အများကြီးရလာလိမ့်မယ်။

ထိုလူက စကားမပြောတာကို မြင်သောအခါ ရှုလန် ထင်လိုက်တာက ဈေးတွေ မြင့်နေလို့ သူမဝယ်ချင်ဘူးပေါ့။ နောက်ဆုံး တော့ မှောင်ခိုဈေးကွက်မှာ အစေ့အဆန်တွေရဲ့ စျေးနှုန်းအတိအကျကို သူမ မသိခဲ့သလို သူမရဲ့ ခန့်မှန်းချက်အတိုင်းပဲ တွက်ချက်ခဲ့တာဖြစ်သည်။

သူမက ဈေးကို အနည်းငယ်နိမ့်ချလိုက်မယ်လို့ တွေးနေတုန်းပင် စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပြန်ပြောသံကို ကြားလိုက်ရသည်။ “မိန်းကလေး ပြီးရင် ပိုက်ဆံနဲ့ ကူပွန်ကိုပေးမယ်။ ဆိုတော့ အားလုံးကို ရောင်းနိုင်လား”

တစ်ခါတည်းနဲ့ အကုန်ဝယ်ဖို့ဆို ငွေအများကြီးကုန်မည်ဆိုသော်လည်း ဒီစားစရာတွေကို ဘယ်လိုဖြစ်ဖြစ် သူ့လက်ထဲမှာ ထားတာက ပိုကောင်း‌ပါတယ်။

အထူးသဖြင့် ဒီလိုကောင်းတဲ့ အစေ့အဆန်တွေကို ပေးနေစဉ် သူ့မျက်နှာပေါ်တွင် တန်ဖိုးထားမှုများဖြစ်ပေါ်နေသည်။

“ကောင်းပြီ” ရှုလန်ခေါင်းညိတ်ပြီး လက်ခံလိုက်သည်။ တစ်ဦးတည်းကို ရောင်းတာကလည်း အရောင်း၊ နှစ်ယောက်ကိုရောင်းတာလည်း အရောင်းပဲ။  အားလုံးကို တစ်ကြိမ်တည်းနဲ့ရောင်းတာကတောင် သူမ အနေဖြင့် တစ်ခါတည်းသာ စွန့်စားရပေမည်။

“ အားလုံးအဆင်ပြေတယ်ဆိုတော့ ငါတို့ ရောင်းဝယ်ဖို့ လျှို့ဝှက်နေရာ ရှာကြမလား” အိုက်ထန်က အကြံပြုလိုက်သည်။

အရောင်းအဝယ် လုပ်တဲ့ အခါ သတိထားရမယ်။ မဟုတ်လို့ အဖမ်းခံရရင် ထောင်ထဲ ရောက်သွားလိမ့်မယ်။

အဆုံးမှာတော့ သူတို့သည် အနီးနားတွင် ဘယ်သူမှမရှိသော တိတ်ဆိတ်သည့်နေရာကို ရှာတွေ့ပြီး အိုက်ထန်သည် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံများကို ထုတ်ယူလိုက်သည်။ ဆန်ငါးကီလိုဂရမ်ရဲ့တန်ဖိုးက နှစ်ဆယ့်ငါးယွမ်၊ ဂျုံမှုန့်ဖြူငါးကီလိုဂရမ် ကုန်ကျစရိတ်မှာ နှစ်ဆယ့်ငါးယွမ်နှင့် ခေါက်ဆွဲငါးကီလိုဂရမ်၊  စုစုပေါင်း ယွမ်ရှစ်ဆယ်ဖြစ်သည်။

သူက ၁၀ယွမ်တန် ငွေလက်မှတ် ၈ရွက်ကို ထုတ်ယူလိုက်ပြီး သူမလက်ထဲသို့ ထည့်လိုက်ပြီး အိတ်ထဲက ကူပွန်အချို့ကိုလည်း ယူထုတ်လိုက်ကာ “မိန်းကလေး၊ ငါ့မှာ ကူပွန်ဒီလောက်ပဲ ကျန်တော့တယ်။ ဒါတွေလောက်တယ်လို့ ထင်လား။ မလုံလောက်ရင် ပေးဖို့ ထပ်စုဆောင်းလိုက်မယ်။ ဒါ‌ေတွကို လုပ်ဖော်ကိုင်ဖက်ဆီက ချေးငှါးလိုက်မယ်”

သူမသည် ၎င်းတို့အား ကြည့်လိုက်ရာ 2.5 ကီလိုဂရမ် အစားအသောက်ကူပွန်များ၊ အသား 250 ဂရမ် အသားကူပွန်၊ ဆီ 250 ဂရမ် ကူပွန်များ၊ သကြား 500 ဂရမ် ကူပွန်များ၊ 600 စင်တီမီတာ အထည်ကူပွန်များနှင့် ဆယ်ယွမ်ရှိသော စက်မှုကူပွန်များ ပါရှိပါသည်။

လုံလောက်ပြီဆိုတော့ သူမ ထားလိုက်သည်။

သူမက သူ့ကိုခေါင်းညိတ်ပြပြီး “ ကောင်းပြီ။ ဒီလောက်က မဆိုးဘူး။”

ပြီးတော့ သူမက ခြင်းတောင်းထဲက စားစရာများကို ထုတ်လိုက်ပြီး ၎င်းတို့ကို အိုက်ထန်လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူက စားစရာတွေကို စစ်ကြည့်လိုက်တဲ့အခါ သူတို့က ဘာမှ ပြဿနာမရှိတာကို တွေ့လိုက်ရသဖြင့် အမြန်ပင် သူ့ခြင်းထဲသို့ ထည့်လိုက်သည်။

နှစ်ယောက်လုံး သူတို့ရဲ့ လုပ်ငန်းများပြီးဆုံးတဲ့အချိန်မှာ ထွက်ခွာဖို့ အချိန်ကျ‌လေပြီ။ အိုက်ထန်က “မိန်းကလေး အဲ့လိုတွေ ထပ်ရှိသေးလား။ ကောင်းတဲ့ အရာတွေ ထပ်ရှိသေးရင် ငါနဲ့ ဖလှယ်လို့ရတယ်။ ရိက္ခာတွေရှိရင်လည်း သက်သာတယ်။ မင်းအတွက် ပိုက်ဆံနဲ့ လက်မှတ်တွေ ငါစုဆောင်းမယ်။ သေချာတာပေါ့  ဒီနေ့ဈေးထက် နည်းနည်းမြင့်တာက ပြဿနာမရှိပါဘူး။”

အစေ့အဆန်ကောင်းတွေ ရနိုင်သရွေ့ ပိုက်ဆံပိုသုံးဖို့ ဆန္ဒရှိနေတယ်။ ဒီနေ့ ဒီဆန်ကောင်းတွေဝယ်တုန်းက သူ့ဆီက အခွင့်ကောင်းယူနေပြီဆိုတာ သူစိတ်ထဲသိပြီး ကောက်နှံကောင်းတွေ ထပ်ရောင်းရလို့ မပျော်မှာကို ကြောက်နေခဲ့တယ်။
မင်းမှာ တခြားကောင်းတာတွေရှိရင် ငါနဲ့ ဖလှယ်လို့ရတယ်။ ရိက္ခာတွေရှိရင်လည်း သက်သာတယ်။ မင်းအတွက် ပိုက်ဆံနဲ့ လက်မှတ်တွေ ငါစုဆောင်းမယ်။ ဟုတ်ပါတယ်၊ ဒီနေ့ဈေးထက် နည်းနည်းမြင့်တာက ပြဿနာမရှိပါဘူး။”

အစေ့အဆန်ကောင်းတွေ ရနိုင်သရွေ့ ပိုက်ဆံပိုသုံးဖို့ ဆန္ဒရှိနေတယ်။ ဒီနေ့ ဒီအစေ့အဆန်ကောင်းတွေဝယ်တုန်းက သူမဆီက အခွင့်ကောင်းယူနေပြီဆိုတာ သူစိတ်ထဲသိ‌နေပြီး  သူမ မပျော်ဘဲ သူ့ကို ထပ်မရောင်းမှာကို သူစိုးရိမ်နေသည်။

ရှုလန် မှာ စားစရာတွေ ရှိနေဆဲဖြစ်ပေမယ့် သူမတွေးမိတာက သူမဒီတစ်ခေါက်မှာ အများကြီး ထုတ်ယူပြီးသွားပြီ ဟူ၍ပင်။ အကယ်၍ သူမသာ ထပ်ယူထုတ်ပြရင် အိုက်ထန်က သံသယဖြစ်သွားမှာကို စိုးရိမ်နေသည်။ သူမ ပိုဂရုစိုက် သတိထားဖို့ လိုပြီး အများကြီး ထုတ်မပြောသင့်‌ဘူး။

ဒီတော့ သူမပြန်ပြောလိုက်သည်။ “ကျွန်မမှာ ဘာမှမကျန်တော့ဘူး။ ဒါပေမဲ့ ထပ်လိုချင်သေးတယ်ဆိုရင် ပြန်သွားပြီး မင်းအတွက် ပြင်ဆင်ပေးလို့ရတယ်။ ဒါတွေက ဆန်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ကာနိုလာ ဆီလို ကုန်စည်တွေ ရှိတယ်။ ဘာကို လိုချင်တာလဲ သိပါရစေ။”

သူမ ပြောတဲ့ အစေ့အဆန်တွေ၊ ကြက်ဥတွေ၊ လာနိုလာဆီ တွေအကြောင်းကြားတဲ့အခါ သူအလွန် စိတ်လှုပ်ရှားသွားသည်။

အစေ့အဆန်ကောင်းတွေက ရဖို့မလွယ်ကူသော်လည်း မင်း မှောင်ခိုဈေးကွက်ကို လာနေ‌သရွေ့တော့ ရနိုင်လေသည်။ သို့သော် ကြက်ဥ၊ ကာနိုလာ ဆီတို့ကတော့ မတူဘူး။

ဒီပစ္စည်းတွေက အလွန်ရှား‌ပါးပြီး မှောင်ခိုဈေးကွက်တွင်ပင် ရနိုင်ဖို့က ရှားပါးလေသည်။

ကံကောင်းလို့ သူဒီမေးခွန်းကို ပေါ့ပေါ့ပါးပါးပင် မေးလိုက်လို့။ မဟုတ်ရင် သူဒါတွေကို လွတ်သွားနိုင်သည်။

သူအမြန်ပြောလိုက်သည်။ “မိန်းကလေး အချို့လောက်ပေးပါ၊ မိန်းကလေး တတ်နိုင်သလောက်”

“ဒါဆို မနက်ဖြန် ပြန်လာခဲ့မယ်။ ဒီနေရာမှာ ထပ်တွေ့ကြမလား” သူမ မေးလိုက်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now