Chapter 101

2.2K 240 1
                                    

Chapter 101

ကလေးမလေး ဒဏ်ရာရသွားချိန်မှာတောင် မငိုခဲ့ရှာ။ သူမသည် သူ့ကိုယ်သူ သနားစိတ်မရှိသော်လည်း ပျက်သွားသော ဖိနပ်ကြောင့် ဝမ်းနည်းမိသည်။

ရှုလန်က သူမကို နှစ်သိမ့်ပေးဖို့ ညီမလေးရဲ့ခေါင်းကို ထိလိုက်ကာ”ရှုကျူး စိတ်မကောင်းမဖြစ်နဲ့နော် ခရိုင်ဈေးကို သွားပြီး ကြင်နာတတ်တဲ့လူတွေ ဝတ်လို့ရတဲ့ ဖိနပ်တွေ ရှိလားလို့ မေးကြည့်ပြီး ပြန်ဝယ်ပေးမယ်နော်”

ထိုစကားကိုကြားသောအခါ ရှုကျူးသည် အနည်းငယ်ဝမ်းနည်းသွားသည်။ “မမ တကယ် ဖိနပ်တစ်ရံပြန်ရမှာလားဟင်”

“ဟုတ်တယ် ဒါပေါ့ ခရိုင်မှာရှိတဲ့ လူတွေရဲ့ အခြေအနေက ချမ်းသာပြီး သူတို့ မလိုချင်တော့တဲ့ ဖိနပ်ဟောင်းတွေ အများကြီးနေမှာ လူအများကြီးကို ပေးကမ်းချင်တဲ့ လူကောင်းတွေနဲ့ တွေ့မှာပါ”

ရှုလန်က ခရိုင်ရုံးကို ပြန်သွားပြီး သူ့ညီမအတွက် ဖိနပ်

တစ်ရံဝယ်မယ်လို့ စိတ်ထဲမှာ တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် အများကြီး ကုန်ကျမှာ မဟုတ်ပါဘူး။ ကံတရားက သူ့ကိုမျက်နှာသာ ပေးထားတာပဲ ဖိနပ်ဟောင်းတွေအများကြီးရနိုင်တယ် မဟုတ်ရင်အသစ်တောင်အလကားရနိုင်တာ။

သူ့ ပစ္စည်းတွေကို ထုတ်မသုံးနိုင်တာ နှမြောစရာပေ။ သူမ ဖိနပ်အသစ်ဝယ်ဖို့ရန် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမသို့ သွားပါက သူမ၏ မိသားစုမှ သံသယများ တိုးလာမည်ဖြစ်သည်။

ထို့ကြောင့် ရှုကျူး ဝတ်ရန်အတွက် အသုံးပြုပြီးသားဖိနပ်အချို့ကိုသာ ဝယ်ယူရမည်ဖြစ်သည်။

ရှုလန်ရဲ့ သေချာသောစကားများကြောင့် ရှုကျူး‌လေး အရမ်းစိတ်မကောင်းမဖြစ်စေရန် သူမ၏ညီမ ဖိနပ်တစ်ရံ ရနိုင်စေရန်အတွက် မျှော်လင့်နေပါသည်။

“ရှုကျူး ညီမလေး ဒီလောက်ပြင်းတဲ့ ဒဏ်ရာကို ရခဲ့လို့ နောက်ရက်အနည်းငယ်လောက် အိမ်မှာနေပြီး အနားယူလိုက် ဘာမှ အများကြီး မစဉ်းစားနဲ့ ဟုတ်ပြီ

လား”

“ဟုတ် မမပြောတာကို နားထောင်ပါ့မယ်”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now