Chapter 70

2.7K 314 1
                                    


Chapter 70 ဖက်ထုပ်စားခြင်း ၁

စားစရာအချို့ရှိဖို့ဆိုတာ လူတိုင်းအတွက် မလွယ်ပါဘူး။ ဒီစုံတွဲရဲ့အခြေနေကို သူတို့ဘာသာ သူတို့ပဲ ထားလိုက်တယ်။

ရှုလန် က မှောင်ခိုစျေးကို သွားဖို့စီစဥ်ထားတာဖြစ်သည်။  နေ့လည်စာအတွက် နေမယ်ဆိုရင် သူမ မှောင်ခိုစျေးကို သွားနိုင်တော့မှာ မဟုတ်ဘူး။

ဒါပေမဲ့ မစ္စချန်း က နေဖို့အတင်းအကျပ် တိုက်တွန်းနေတယ်။ “ ရှုလန် မင်း ယဥ်ကျေးနေစရာမလိုပါဘူး။ ဒီအချိန်မှာ မင်းငါတို့ကို အများကြီးကူညီခဲ့တာပဲ။ အစားတစ်နပ်စားတာနဲ့ ဘာများ မှားသွားလို့လဲ။

မင်းထပ်ပြီး ငြင်းနေဦးမယ်ဆိုရင်တော့  နောက်တခါ မင်းကိုဒုက္ခများစေရင် ငါတို့ရှက်ရလိမ့်မယ်။ “

မစ္စတာချန်း ကနောက်ကလိုက်ပြီး ပြောလိုက်တယ်  “ ဟုတ်တယ် ရှုလန် မင်းငါတို့လူအိုနှစ်ယောက်ရဲ့ အသက်ကို ကယ်ခဲ့တယ်။ ငါတို့ မင်းကို အစားတစ်နပ်နဲ့ ပြန်ပြုစုပါရစေ။ ဒါဟာငါတို့က ပြန်ပေးတယ်လို့လည်း မှတ်ယူနိုင်တယ်လေ။”

သူတို့ပြောတာ ကြားပြီးတဲ့နောက် ရှုလန် ဘယ်လိုငြင်းရမလဲတောင် မသိတော့ပါဘူး။

တခြားတစ်ဖက်မှာလည်း ချန်း က သူမ စားပါစေလို့ ဆုတောင်းနေတယ်။ ဒါမှ သူတို့အတူတူ အချိန်ကြာကြီး အတူတူရှိနေမှာဖြစ်သည်။

“ရဲဘော်ရှုလန် မင်း စိုးရိမ်စရာကိစ္စမရှိရင် နေ့လည်မှာ အတူတူစားကြရအောင်လေ။ ဒီလိုကံကြမ္မာက အတော်ကိုရှားတာ” သူမထပ်ငြင်းနေမှာ ကြောက်လို့ ချန်း က ဖြောင်းဖြလိုက်ပြီး သူမကို မျှော်လင့်တကြီးနဲ့ ကြည့်လိုက်တယ်။

ချန်း ပြုံးလိုက်တဲ့အခါ ပေါ်လာတဲ့ အဖြူရောင်သွားတွေက အရမ်းကြည့်ကောင်းတာပဲ။ ရှုလန် ရဲ့ ရင်ခုန်သံတွေက တထိတ်ထိတ်ဖြစ်လာတယ်။ “ဒါဆိုကောင်းပြီ ငါဒီမှာနေပြီး ထမင်းစားမယ်”

သူတို့စုံတွဲအရမ်းကို ပျော်သွားတယ်။ ချန်း က သူ့ရဲ့စိတ်လှုပ်ရှားမှုကို မပြသော်လည်း သူ့နှုတ်ခမ်းထောင့်လေးတွေက မပြုံးဘဲ မနေနိုင်ဘူး။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now