Chapter 30

3.1K 315 3
                                    

Chapter 30

ချန်း က အန်းရှင်းကို ပြန်လာတာက ဆွေမျိုးတစ်ယောက်ကို ရှာဖို့ပင်။

သူတို့က ဒီဆွေမျိုးနဲ့ အဆက်အသွယ်မရှိတာ နှစ်ပေါင်းများစွာပင် ကြာနေပြီဖြစ်သည်။ ဒီတော့ သူရနိုင်တဲ့ အချက်အလက်က ဖမ်းဆုပ်ဖို့ကို အကန့်အသတ်ရှိနေလေသည်။ ဒီဆွေမျိုးက ဒီတိုင်းပြည်မှာ ရှိတယ်ဆိုတာကို သာသူသိပြီး သူဘယ်မှာလဲဆိုတာတော့ သူမသိပေ။

သူဒီကို ရောက်လာတော့ ချင်ကောင်း ကို သူ့ကို ရှာဖွေဖို့  အဆက်အသွယ်တွေနဲ့ သူ့ကိုမြင်ဖူးလား မေးမြန်းနေသည်။

စကားစမြည်ပြောနေတုန်း အချိန်တွေ ကုန်ဆုံးသွားသည်မှာ မြန်လှသည်။

မူလကတော့ ရှုလန် က နှစ်နာရီကနေ သုံးနာရီကြား လမ်းလျှောက်ရမှာပင်။ သို့သော်လည်း ထရပ်ကားထဲ ထိုင်လိုက်လာတော့ သူမ မိနစ်၂၀တည်းနဲ့ ပြန်ရောက်သွားခဲ့သည်။

ထုတ်လုပ်ရေးအဖွဲ့နဲ့ သိပ်မဝေးတဲ့ နေရာကိုရောက်သောအခါ သူက ချင်ကောင်း အားရပ်ခိုင်းလိုက်သည်။

ထရပ်ကားကို သူ့အိမ်ထိမောင်းခိုင်းလို့ရပေမဲ့ သူမ အဲ့လောက်ထိ ဟိတ်ဟန်မများရဲပါ။

ထရပ်ကားက အလွန်မျက်စိဖမ်းစားစရာ ဖြစ်နေပြီး ချင်ကောင်း နဲ့ ချန်းကလည်း ယောက်ျားလေးရဲဘော်များဖြစ်သည်။

သူတို့နှစ်ယောက်နဲ့သာ သူမသွားမယ်ဆို သူမအတင်းအဖျင်းပြောခံရမှာ ကျိန်းသေပင်ဖြစ်သည်။

ယနေ့အချိန်တွင် အမျိုးသားနှင့် အမျိုးသမီးကြားတွင် မသင့်တော်သော ဆက်ဆံရေးရှိတယ်လို့ ကောလဟာလများ ထွက်လာမယ်ဆိုပါက ဒီအခြေအနေက အလွန်လေးနက်လှသည်။

ဤမလိုအပ်သောပြဿနာများကိုရှောင်ရှားရန်အတွက်သူမက ချင်ကောင်း ကိုထရပ်ကားကိုအဝေးမှရပ်တန့်ရန်တောင်းဆိုခဲ့သည် “ရဲဘော်လု၊ ရဲဘော် ကျင်း၊ ငါ့ကိုပြန်ပို့ပေးတာကျေးဇူးတင်ပါတယ်။ မင်းဒီမှာရပ်နိုင်ပြီး ငါဒီကနေပြန်လမ်းလျှောက်နိုင်တယ်။ နောက်တစ်ကြိမ်တွေ့ဖို့ အခွင့်ကြုံရင် ထပ်ပြောမယ်။”

ပြီးနောက် သူမနောက်ကျောတွင် ခြင်းတောင်းကို သယ်ပြီး ထရပ်ကားပေါ်က ဆင်းသွားသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now