Chapter 152

2K 226 2
                                    

Chapter 152 - ရှုလန်၏ ရုပ်သေးရုပ်ဖြစ်လာခြင်း (၃)

လီလီကျွမ့်က အဲဒီလိုပြောနေတာကိုမြင်တော့ ကျောင်းရှုလန်နဲ့  စကားပြောချင်သော ကျန်းချန်းက လုကျွမ်းထုတ်လုပ်ရေးအဖွဲ့မှာ ဒီလူတွေကို ရှောင်ရန်ဆုံးဖြတ်လိုက်သည်။

သူက ကျန်းမိသားစုနှင့် ဆက်စပ်နေသူဖြစ်ပြီး ကျောင်းရှုလန်နှင့် ရင်းနှီးနေခြင်းက သူမအတွက် နာမည်မရစေပဲ ကျန်းမိသားစုကဲ့သို့ လူများနှင့် နီးစပ်သည်ဟု အခြားသူများက ထင်နေကြပေလိမ့်မည်။

ထို့အပြင် လီလီကျွမ့်ပြောသည့် စကားအား ကာကွယ်ပြန်ပါကလည်း ကျောင်းရှုလန်အတွက် ခက်ခဲစေနိုင်သည်။

ကျန်းချန်းက ကျောင်းရှုလန်ကို ဘာမှ မဖြစ်စေချင်ပေ။

လီလီကျွမ့်က သူမ၏စကားများသည် ကျောင်းရှုလန်ကို ကြောက်သွားစေမည်ဟု ထင်မိသော်လည်း ကျောင်းရှုလန်က သူမအား တစ်ချက်ကြည့်လိုက်ပြီး “လီလီကျွမ့် ပါးစပ်ပိတ်ထား!

ငါက ကျန်းမိသားစုနဲ့ ရင်းနှီးရင်တောင် သူတို့က နင့်လို လူယုတ်မာတွေမဟုတ်ဘူး

နင်မသိဘဲနဲ့ မစွပ်စွဲနဲ့စမ်း  ငါ့ကို စိတ်တိုအောင်မလုပ်နဲ့  မဟုတ်ရင် ငါကိစ္စတချို့ကို ပြောလိုက်တာနဲ့ ထုတ်လုပ်ရေးအဖွဲ့က လူတိုင်းက  နင့်ကိုအော်တော့မှာ အနာဂတ်လေး သေချာချင်သေးရင် ပါးစပ်ပိတ်ထားလိုက်“

ကျောင်းရှုလန်က ရှင်းရှင်းလင်းလင်း မပြောပေမယ့် လီလီကျွမ့်က သူမ ခိုးယူထားတဲ့ ပစ္စည်းတွေနဲ့ ခြိမ်းခြောက် ပြောဆိုနေသည်ကို  သိခဲ့ပေသည်။

ဒီကိစ္စသာ ပေါ်သွားခဲ့ရင် ကျိန်းသေပေါက် လူတိုင်း၏ ချဉ်ခြင်းကိုခံရပေမည်။

“နင် နင်နော်” လီလီကျွမ့်သည် ကျောင်းရှုလန်၏ စကားကြောင့် အံ့ဩသွားပြီး ဘာပြန်ပြောရမှန်း မသိပေ။

“နင့်ဟာက ဘာလဲဟ သူများကိစ္စတွေကျတော့ ပါ‌ချင်ပြီးတော့ နင့်ကိစ္စကျတော့ ပြောမှာကြောက်တယ် အဲ့တာဆို ဘာလို့လျှာဝင်ရှည်‌သေးလဲ

ပြီးတော့ သတိပေးရဦးမယ် တမနက်ကုန်သွားပြီနော် အလုပ်ကမပြီးသေးဘူး အေး ခေါင်းဆောင်သာတွေ့သွားလို့ကတော့ နင်ပြသနာတတ်ပြီး ပိုဆိုးသွားလိမ့်မယ်  “

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now