Chapter 135

2K 204 1
                                    

Chapter-135 ကျန်းအိမ်သို့ စားစရာများပို့ပေခြင်း(၁)

ကျောင်းရှုကျူးက သူမ၏ ပါးစပ်ထောင့်တွင် အပြုံးချိုချိုဖြင့် ပြုံးပြကာ တုံ့ပြန်ခဲ့သည်။

အချိန်စောနေသေးတာကို တွေ့တော့ ကျောင်းရှုလန်က ကျန်းအိမ်ကိုသွားခဲ့သည်။

ဒီနေ့ မှောင်ခိုဈေးကို သွားပြီး စားစရာတွေ ပို့ပေးဖို့ အ‌ကြောင်းပြလိုက်သည်။

ထုတ်လုပ်ရေးအဖွဲ့မှ လူများတွေ့ခြင်းကို ရှောင်ရှားနိုင်ရန် ကျောင်းရှုလန်က ဝက်ကျင်းကို ဦးစွာခိုးဝင်ခဲ့ပြီး ကျန်းအိမ်သို့သွားရန် အခွင့်အရေးရှာလိုက်သည်။

ကျန်းထျဲ့တန်သည် ဆေးကို နှစ်ရက်သောက်ခဲ့ပြီး ထိုအချိန်တွင် ရောဂါပျောက်ကင်းလုနီးပါးဖြစ်ခဲ့သည်။

ကျောင်းရှုလန် ရောက်လာတာကိုမြင်တော့ ကျန်း မိသားစုက အရမ်းပျော်သွားပြီး “မိန်းကလေး ရှုလန် ရောက်လာပြီလား!”

မဒမ်ကျန်းက သူ့မြေးလေးကို ကြည့်နေသလိုမျိုး ကျောင်းရှုလန်ကို ကြင်နာသော မျက်လုံးများဖြင့် ကြည့်နေသည်။

ကျန်းထျဲ့တန် နှင့် ကျန်းရှောင်ယ တို့က ကျောင်းရှုလန်အား “မမ ရှုလန်!”

ကျောင်းရှုလန် ပြုံးပြီး ကျန်းထျဲ့တန် ဆီသို့ လျှောက်လာကာ “ထျဲ့တန် ဒီနေ့ မင်းနေကောင်းနေပြီလား” လို့ မေးလိုက်‌သည်။

ကျန်းထျဲ့တန်က ခေါင်းညိတ်ပြီး “မမ ရှုလန် ဆေးအတွက် ကျေးဇူးတင်ပါတယ် ကျွန်တော် အခုနေကောင်းသွားပြီ”

ကျောင်းရှုလန်က စိတ်သက်သာရာရပြပြီး “ကောင်းပြီ”

ယနေ့ရောက်လာသော အကြောင်းကို သတိရသွားသဖြင့် ကျောင်းရှုလန်က ကျန်း မိသားစုအတွက် ပြင်ဆင်ထားသည့်အရာများကို ခြင်းတောင်းထဲမှ ထုတ်လိုက်သည်။

ကျောင်းရှုလန်က ကျန်း မိသားစုအတွက် အာလူးဆယ်ကီလိုဂရမ်  ပြောင်းအပါအဝင် ဆန်ဆယ်ကီလိုဂရမ်နှင့် ဂျုံမှုန့်ဖြူအပါအဝင် အစေ့အကြမ်းများနှင့် အစေ့အဆန်အချို့ကို ပြင်ဆင်ခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now