Chapter 169

1.8K 192 5
                                    

Chapter -169 တောဝက်တိုက်ခိုက်ခံရခြင်း(၁)

ကျောင်းရှုလန် ပါးစပ်ကိုဖွင့်ကာ ကျန်းချန်း ကိုကြည့်လိုက်ပြီး “ရဲဘော် ကျန်းချန်း သေချာရဲ့လား ဝက်ကျင်းမှာက ဝက်မစင်တွေနဲ့ ဒီလောက်ညစ်ပတ်နံစော်နေတာ”

ကျောင်းရှုလန်က ကျန်းချန်းသည် တုန်လှုပ်ချောက်ချားနေပြီး အခက်အခဲများကို မခံနိုင်ဟု မခံစားရပေ။  သူမေးသည်ဆိုသည်ကလည်း ဝက်မစင်တွေဟာ တကယ့်ကို ညစ်ပတ်နံစော်နေလေသည်။

ကျန်းချန်း ကဲ့သို့သော အရည်အချင်းရှိသူသည် ဝက်ချေးကို ကျုံးပေးရန် ရောက်လာသည်က လုံးဝကို မဖြစ်နိုင်ချေ။

ကျန်းချန်း က ဂရုမစိုက်ဘဲ ပြုံးပြီး ကျောင်းရှုလန် ကို “ရဲဘော် ရှုလန် မင်းတောင် သည်းခံနိုင်သေးတာပဲ ကိုယ့်အတွက်စိတ်မပူပါနဲ့”

ထိုစကားကြောင့် ကျန်းချန်းက သူ့အင်္ကျီများကို ခေါက်တင်လိုက်ကာ အလုပ်စလုပ်လိုက်သည်။

ကျန်းချန်း ပြောတာကိုမြင်တော့ ကျောင်းရှုလန် က ဘာမှပြန်မပြော။

ကျန်းချန်းက ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးပေမယ့် ကျောင်းရှုလန်ပြုလုပ်သည်များကို ကြည့်ကာ သူလုပ်တတ်သွားသည်။

ကျန်းချန်း မရွံရှာဘဲ ကောင်းစွာလုပ်နေသည်ကို မြင်လိုက်ရသဖြင့် ကျောင်းရှုလန်သည် ကျန်းချန်းကို ပို၍ပင်တန်ဖိုးထားခဲ့သည်။

ကျန်းချန်းကဲ့သို့သော လူ၏“အရည်အချင်းများ” သည် ဤပတ်ဝန်းကျင် ကမ္ဘာပေါ်ရှိလူများ၌ပင် မရှိလောက်အောင် အလွန်နည်းပါးသည်။

ကျန်းချန်း၏အကူအညီဖြင့် သူတို့နှစ်ဦးသည် ဝက်များကို ပိုမိုမြန်ဆန်စွာ သန့်ရှင်းနိုင်ခဲ့သည်။

ဒီလိုအလုပ်မျိုးကို အချိန်တိုင်းလုပ်စရာမလိုပါဘဲ ပြီးတဲ့အခါ အနားယူနိုင်သည်။

ဝက်များကို သန့်စင်ရန် စောင့်ဆိုင်းရင်း ဝက်ကျင်းနားရှိ သစ်ပင်ရိပ်အောက်တွင် ထိုင်ကာ အနားယူကြသည်။

ဝက်ကျင်းကို သန့်ရှင်းပြီးနောက် သူတို့နှစ်ယောက်၏ ကိုယ်၌ ဝက်မစင် အနံ့အသက်ရနေသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now