Chapter 171

1.7K 209 1
                                    

Chapter 171 - တောဝက်ရိုင်းအား ဖမ်းဆီးခြင်း(၃)

တောဝက် တိုက်ခိုက်သဖြင့် ကျန်းချန်းက ကျောင်းရှုလန် ဒဏ်ရာရမည်ကို စိုးရိမ်သောကြောင့်  ကျောင်းရှုလန်ကို ကာကွယ်ခဲ့သည်။

“ရဲဘော် ကျန်းချန်းလည်း သတိထား!”  ကျောင်းရှုလန်က အန္တရာယ်များသော တောဝက်မှာ ကျန်းချန်းအား ဒုက္ခပေးမည်ကို စိုးရိမ်နေသည်။

ကျန်းချန်းက ရန်လိုတဲ့ တောဝက်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးတွေက ရုတ်တရက် နက်လာပြီး မျက်ခုံးတွေ တွန့်သွားသည်။  ဒုက္ခအကြီးအကျယ်ရောက်ပေမယ့် စိတ်တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစား‌နေလေ၏။

တောဝက်ကြီး အပြေးဝင်လာတာကို စောင့်နေပြီး သူခုန်အုပ်လိုက်သည်။

တောဝက်သည် လွယ်လွယ်နှင့် အရှုံးမပေးဘဲ ကျန်းချန်းကို ဆက်လက်တိုက်ခိုက်သည်။

ကျန်းချန်းသည် ပုန်းမနေသင့်တော့ကြောင်း တွေးမိပြီးစတင် တိုက်တော့သည်။

ကံကောင်းသည်က သူတို့သည် ပျားပေါင်းပင်များကို လှီးဖြတ်သည့် ဓားတစ်ချောင်းကို ယူဆောင်လာခဲ့မိကြသည်။

ကျန်းချန်းသည် တောဝက်ကို စိုက်ကြည့်ရင်း အားနည်းချက်နေရာကို ပြလိုက်သည်။

တောဝက်က ပြန်တိုက်ခိုက်တဲ့အခါ တောဝက်ရဲ့လည်ပင်းကို ပြင်းပြင်းထန်ထန် ဓားနဲ့ထိုးလိုက်ကြသည်။

တောဝက်အော်သံကို ကြားလိုက်ရပြီး ခဏကြာအောင် အော်နေကာ မြေပေါ်သို့ လဲကျသွားတော့သည်။

ဒီအခြေအနေကိုမြင်တော့ ကျောင်းရှုလန်က တုံ့ဆိုင်းမနေဘဲ လက်ထဲကဓားကို ဆန့်ထုတ်လိုက်ပြီး တောဝက်ရဲ့လည်ပင်းကို နောက်ထပ်ဓားတစ်ချောင်းဖြင့် ထပ်ထိုးလိုက်သည်။

ဓားနှစ်ချောင်း ထိုးခံလိုက်ရပြီးနောက် တောဝက်သည် ရုတ်တရက် ရပ်တန့်သွားတော့သည်။

ဤတစ်ကြိမ်တွင် ရုတ်တရက် အန္တရာယ်ဖြစ်လာသည်က ကျန်းချန်း နှင့် ကျောင်းရှုလန်ကို တော်တော် တုန်လှုပ်စေခဲ့သည်။

စိတ်တည်ငြိမ်အောင် စောင့်ဆိုင်းပြီးနောက် ကျောင်းရှုလန်က အန္တရာယ်မရှိတော့သည့်အတွက် အကြံကောင်းတစ်ခုရလာသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now