Chapter 129

1.9K 208 1
                                    

Chapter -129 သီးစုံဝက်အူချောင်းကြော်(၄)

ဦးလေးချန်း က သဘောတူကြောင်း ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပ ဒီမိန်းကလေးရဲ့ ဟင်းချက်ကျွမ်းကျင်မှုက တကယ့် ဩချလောက်စရာပဲ အစိုးရစားသောက်‌ဆိုင်ကလူတွေတောင် ဒီလောက်စားကောင်းအောင်ချက်တတ်မှာ မဟုတ်ဘူး"

အဒေါ်ချန်း က ဘေးနားရှိ ကျန်းချန်း ကို တစ်ချက်ကြည့်လိုက်ပြီး "ရှုလန်ရဲ့ ဟင်းချက်ကောင်းတာကို ကြည့်ပါဦး သူ့ကို တစ်ယောက်ယောက် လက်ထပ်နိုင်ရင် ကောင်းမှာပဲ!"

"ဟုတ်တယ် ရှုလန်ကို လက်ထပ်တဲ့သူက အနာဂတ်မှာ ကံကောင်းခြင်းတွေ ရမှာ!" ဒေါ်လေးချန်းဆိုလိုရင်းကို ဦးလေးချန်း နားလည်သောကြောင့် တမင်တကာ သံယောင်လိုက်သည်။

ကျန်းချန်း၏ အကြည့်များသည် ကျောင်းရှုလန်ဆီသို့ ရောက်သွားသည် ။ ကျောင်းရှုလန်၏ နောက်ကျောကိုသာမြင်ရသော်လည်း သူမ၏ပုံစံလေးကို သူ့စိတ်ထဲတွင် အခိုင်အမာ စွဲထင်နေပြီဖြစ်သည်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျန်းချန်းက ကျောင်းရှုလန်ကို လက်ထပ်ရဖို့မျှော်လင့်မိသည်။

ကျောင်းရှုလန်၏ ဟင်းချက်ကျွမ်းကျင်မှု မပါလျှင်ပင် ကျန်းချန်း နှစ်သက်သည်မှာ ကျောင်းရှုလန်သာဖြစ်သည်။

ကျန်းချန်းက ကျောင်းရှုလန် ရဲ့ ရည်ရွယ်ချက်ကို မသိတဲ့အတွက် စိတ်မကောင်းစရာပေ။ သူ သူမကိုကြိုက်နေ၍လည်း အသုံးမဝင်သောကြောင့် သူမ ပြန်ကြိုက်မည်ကိုသာ စောင့်နေချင်မိသည်။

ကျောင်းရှုလန် က ဝက်အူတွေကို ထည့်ပြီး စားပွဲပေါ်တင်ကာ ဦးလေးချန်းနှင့် ဒေါ်လေးချန်းကို လာမြည်းစမ်းကြည့်ဖို့ ခေါ်လိုက်လေသည်။

စောင့်ဆိုင်းနေသော လူသုံးဦးသည် စားလို့ရပြီဖြစ်ကြောင်း တွေ့လိုက်ရသည်နှင့် ဝက်အူချောင်းကို မြည်းစမ်းကြည့်ရန် အလျင်အမြန် ပြေးသွားကြသည်။

ကျောင်းရှုလန်က လူတိုင်းကို တူတစ်စုံ ပေးခဲ့ပြီး ဦးလေးချန်း၊ ဒေါ်လေးချန်း နဲ့ ကျန်းချန်းက တစ်လုတ်ကို ပါးစပ်ထဲ ကမန်းကတန်း ထည့်ကာ စားလိုက်သည် ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now