Chapter 83

2.3K 274 1
                                    

Chapter - 83

" လန်လန်၊ အစ်မ မသိလို့။ နေ့တိုင်း ရှုလန်က ဦးလေးကျောင်းရှေ့မှာ သိတတ်ချင်ယောင်၊ ကြိုးစားချင်ယောင်ဆောင်ပြီး ကျွန်မကပဲ လူပျင်းလိုလို ပုံစံပေါက်အောင် လုပ်နေကျ။ ဟမ့် အခုတော့ နေ့တိုင်း ဝက်ချေးကျုံးရင်း ဘာတွေပြောပြီး ဘယ်လိုဟန်ဆောင်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့" လီကျွမ့်က ဒေါကြီးမောကြီးနှင့် ပြောသည်။

သူမအမြင်တွင်မူ အရင်က သူမကြုံရသမျှ အခက်အခဲတိုင်းသည် ရှုလန်ကြောင့်ဟု မှတ်ယူထားသည်။ ထို့ကြောင့် ယနေ့ ရှုလန်ပင်ပန်းရတော့မည်ကို တွေးမိတိုင်း သူမအတိုင်းမသိ ဝမ်းသာမိပြီး လက်စားချေလိုက်ရသကဲ့သို ခံစားရသည်။

လီကျွမ့်က သူမပခုံးကို ပုတ်သည်။ "မစိုးရိမ်ပါနဲ။ ငါ နင့်အတွက် လက်စားချေပေးပါ့မယ်။ ဟန်ဆောင်တတ်တဲ့ မိန်းမမျိုးကို ငါအမုန်းဆုံးပဲ။ သူ့ရဲ့ မာယာအောက်မှာ ငါ့အစ်ကိုလည်း ကျဆုံးသွားပြီ။ ဆိုးတာက ငါက အစ်ကိုနဲ့ အချိန်တိုင်း မရှိတာကြောင့် အဲ့မိန်းမကို နေရာမှာတင်

ဆုံးမလို့ မရဘူး ဖြစ်နေတာ"

လန်လန်က ရှုလန်ကို အမြင်မကြည်ရခြင်းမှာ လီကျွမ့်ရဲ့ ကုန်းချောစကားများကြောင့်သာ မဟုတ်ဘဲ ရှုလန်က ကျင်းကော ကို အထာပေးနေသည်ဟု ထင်သောကြောင့်ဖြစ်သည်။

လီကျွမ့်က လန်လန် လက်ကို ကိုင်ကာ ကျေးဇူးစကား ဆိုသည်။ " လန်လန်၊ အစ်မကို ကျေးဇူးတင်ပါတယ်။ အစ်မက တကယ်ကို ကြင်နာတတ်တာပဲ"

" လီကျွမ့် ငါတို့က မိတ်ဆွေတွေပဲ မဟုတ်ဘူးလား။ ဘာလို့ ငါ့ကို ရိုရိုသေသေ ဆက်ဆံနေတာလဲ။ နင့်ကို ကူညီခွင့်ရတာကိုပဲ ငါဝမ်းသာပါတယ်"

"အဲဒါကိုပဲ ကျေးဇူးတင်နေရတာ အစ်မလန်လန်။ အဲလိုဆို ကျွန်မ နွားကျောင်းသွားတော့မယ်နော်"

"အေးအေး"

ထိုအချိန်တွင် ရှုလန်မှာ လိုအပ်သည့် ပစ္စည်းကိရိယာ

များကို ယူကာ ထုတ်လုပ်ရေးအသင်းပိုင် ဝက်ခြံဆီသို့ သွားနေသည်။

ထုတ်လုပ်ရေးအသင်းမှာ နှစ်စဉ် ဝက်မွေးရာ၌ စံနှုန်းများ ရှိသည်။ တပ်ကို ဆက်သရန်သာမက အသင်းသားတိုင်းအတွက် နှစ်ကုန်လျှင် မျှဝေရန် ဝက်တစ်ကောင်၊ နှစ်ကောင်ကို ချန်ထားလေ့ရှိသည်။ မိသားစုတိုင်းကို ဝက်သားအလျှံအပယ်တော့ ပေးနိုင်ခြင်းမရှိ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now