Chapter 6

4K 405 1
                                    

Chapter –(6)

လီကျွမ့်  သည်ဤအရာမှ ရှောင်လွှဲချင်နေသည်ကို ဝေကောင်း ကသိသည်။

အရင်တုန်းကတော့ သူကမပြောဘဲ ရှုလန် ကို အကူအညီတောင်းခဲ့တာဖြစ်သည်။  အခု ရှုလန် ဖျားနေသောကြောင့် လီကျွမ့်  သည် နေကောင်းနေပြီး သူမက ဤအရာက်ိုတာဝန်ယူသင့်တယ်။

ဝေကောင်း က “ မိန်းမတစ်ယောက်က ယာဂုမချက်နိုင်ဘူးလား ၊ အဲ့ဒါကဘာများအဲ့လောက်ခက်လို့လဲ ၊ မင်းမသိတာလား ဒါမှမဟုတ် မင်းမလုပ်ချင်တာလား”

လီကျွမ့်  သည် သူမဆန္ဒမရှိပေမဲ့ ဘာမှမပြောရဲဘဲ ဝေကောင်း ရဲ့အမိန့်ကို နာခံရုံသာရှိတော့သည်။

ရှုလန် ၏ပါးစပ်ထောင့်များမှမမြင်နိင်သောအပြုံးတခုပေါ်လာပြီး ဝေကောင်း အား

“ဖေဖေ ကျွန်မနောက်မှအလုပ်လုပ်ပါ့မယ် အလုပ်အမှတ်တွေရအောင်ယူမယ်”

“ရှုလန် မင်းနေမကောင်းဘူး၊ မင်းလုပ်နိုင်ပါ့မလား၊ မင်းအိမ်မှာအနားယူသင့်တယ်”

“ဖေဖေ ကျွန်မနေကောင်းပါတယ် ၊ ကျွန်မထိန်းနိုင်နေပါပြီ၊ ကျွန်မတို့မိသားစုမှာ စားစရာများများစားစားမရှိဘူး အကယ်၍ ကျွန်မတို့အမှတ်များများပိုစုနိုင်ရင် အစားအစာဒီထက်ပိုရနိုင်ပါတယ် ကျွန်မမိသားစုလဲ ထောက်ပံ့မှု ပိုပြီးရလာနိုင်ပါတယ်”

ရှုလန် ရဲ့စကားကိုနားထောင်ပြီး လီကျွမ့် နဲ့ နှိုင်းယှဥ်ရင် ဝေကောင်းက သူ့သမီးဉာဏ်ကောင်းတယ်လို့ ခံစားရတယ်။

သူသည် သမီးအပေါ် ပေါ့ဆလွန်းတာကြောင့် အနာဂတ်မှာသမီးကိုပိုချစ်ဖို့လိုပါတယ်။

မနက်စာမှာ ဆန်အနည်းငယ်ပါသော ဂျုံယာဂုပါးပါးလေးတစ်ပန်းကန်၊ လူတစ်ဦးလျှင် ပန်းကန်တလုံးနှင့် wowatou တလုံးတို့ဖြစ်ပြီး ဤမနက်စာသည် ရှုလန် ရဲ့ဆာလောင်မှုကို မဖြည့်ဆည်းပေးနိုင်ပါ။
ဒါပေမဲ့ ဒီလိုရှားပါးတဲ့ခေတ်မှာ လူတိုင်း ဗိုက်ကိုအပြည့်မဖြည့်နိုင်ပါဘူး။ တစ်ဝက်သာလျှင်ပြည့်ပေမဲ့ အဲ့လိုတစ်ဝက်ပြည့်အောင်ဖြည့်နိုင်တာတောင် ကောင်းလွန်းနေပါပြီ။

မနက်စာစားပြီးနောက် ရှုလန် က တရွာလုံးက လူတွေအကုန်နှင့်အတူ တပ်မဟာရဲ့စိုက်ခင်းတွင်စုရုံးကာ တပ်မဟာမှူးက တစ်နေ့တာတာဝန်ကို ပေးရန်စောင့်မျှော်နေသည်။

ရွာရှိလူတိုင်းအလုပ်လာလုပ်သောအခါ အဖွဲ့ခေါင်းဆောင် လုကျန်းရှင်း သည်အလုပ်စာအုပ်ကိုယူကာ ရွာရှိလူများအား အလုပ်များကိုစတင်ဖြန့်ဝေခဲ့သည်။

“ ဆန်းဂျီကောင်း  မှာလယ်သွားထွန်ပါ”

“ ဝမ်ချောင်းယောင် ၊လုဖုဘင်း၊ မင်းတို့နှစ်ယောက်က မြစ်အနောက်ဖက်မှာ မြောင်းဖွင့်ပါ”

အားလုံးကိုယ့်တာဝန်ကိုယ်ကျေကြပြီ။

ကျင်းရှန်း မှပေးအပ်သောတာဝန်များသည် အမျိုးသမီး အမျိုးသားများပေါ် အခြေခံသည်။ အခြေခံအားဖြင့် အမျိုးသားများသည် တူးမြောင်းတူးခြင်း၊ လယ်ထွန်ခြင်း နှင် ဝန်ထုပ်ဝန်ပိုးများထမ်းခြင်း စသည့်လေးလံသောကိုယ်လက်လှုပ်ရှားမှုတချို့ကို လုပ်ရသည်။ အမျိုးသမီးများသည် ပေါ့ပါးသောအလုပ် မြက်ရိတ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ ရေလောင်းခြင်း တို့ကိုလုပ်ဆောင်ကြသည်။

အလုပ်ကမတူသလို အလုပ်မှတ်လဲမတူပါဘူး။

ဒီခေတ်ကြီးမှာ တနေ့အလုပ်ကဆယ်မှတ်ပြည့်တယ်။ အလုပ်ကိုပြင်းပြင်းထန်ထန် လုပ်သောအမျိုးသားများသည် အလုပ်ရမှတ်အနည်းငယ်ပိုရမည်ဖြစ်ပြီး ကောင်းစွာလုပ်ပါက အလုပ်ဆယ်မှတ်ရမည်ဖြစ်သည်။

အမျိုးသမီးတွေ ပေါ့ပါးသောအလုပ်များကိုလုပ်ရတယ်။ သူတို့ကောင်းကောင်းလုပ်ရင်တောင် အများစုက အလုပ်အမှတ်ခြောက်မှတ်၊ ခုနစ်မှတ်၊ ရှစ်မှတ် အများအားဖြင့် အလုပ်သုံးမှတ်၊ လေးငါးမှတ်လောက်ရလိမ့်မယ်။

ဖြန့်ဝေထားသော အစားအသောက်များသည် အလုပ်နေရာများနဲ့ချိတ်ဆက်ထားသည်။ အလုပ်အမှတ်များလေ၊အစားသောက်များများ ဝေငှနိုင်လေဖြစ်သည်။ ထိုကြောင့်အိမ်ထောင်စုတိုင်းက အလုပ်ပိုရနိင်လျှင် အစားအသောက်ပိုရနိုင်လျှင်အိမ်တွင် အစားအစာပိုစားနိုင်သည်ဟုတွေးထင်ကြသည်။

မကြာခင်မှာပဲ့ ရှုလန် ဟာ မုန်ညှင်းခုတ်တဲ့ အလုပ်တစ်ခုလည်း တာဝန်ပေးခံရသည်။

ရှုလန် သည်ရေထဲကျသွားပြီး အဖျားရှိနေကြောင်း ကျန်းရှန်း ကသိခဲ့ပြီး ယနေ့ ရှုလန် ၏မျက်နှာကို ကြည့်လိုက်ရာသူမသည် အလွန်အားနည်းနေသောကြောင့် ရှုလန် ကိုလွယ်ကူသောအလုပ်တစ်ခု ခန့်အပ်လိုက်သည်။

ရှုလန် သည် ကျန်းရှန်း သည်သူမအား လွယ်ကူသောအလုပ်ကို တမင်တကာ တာဝန်ပေးသည်ကို မြင်လိုက်ရသဖြင့် ကျေးဇူးတင်စွာဖြင့် ကျေးဇူးတင်စကားဆိုပြီး တပ်မဟာ၏ လယ်ယာသုံးကိရိယာများ၊ တံစဥ်နှင့် တောင်းများကို ယူကာပေါင်းပင် ရိတ်ရန်တောင်ပေါ်သို့ ပြေးသွားခဲ့သည်။

ပျဥ်းမပင်ခုတ်ရန် စေလွှတ်ခံရသူများနှင့် နွားထိန်းသူများကတောင်ခြေရင်းသို့ဆင်းကြသည်။ ရှုလန် သည် မူလပိုင်ရှင်၏ အမှတ်တရဖြင့် တောင်ပေါ်သို့တက်ခဲ့သည်။

ယခုချိန်တွင်ကြီးမားသော အငတ်ဘေးကြီး၏ ခေတ်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သံမဏိလုပ်ငန်းအပြင် သစ်ပင်များစွာခုတ်လှဲခံရပြီး တောင်ကုန်းများမှာ အနည်းငယ်ပြောင်နေပြီး အပင်နှင့်သစ်ပင်များစွာ လည်းမရှိပေ။

Zawgyi

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now