Chapter 136

1.9K 186 1
                                    

Chapter-136 ကျန်းမိသားစုသို့ အစားအသောက်များ ပို့ပေးခြင်း(၂)

“ကောင်းတယ် ကောင်းတယ်!”

မစ္စကျန်းက အနာဂတ်အတွက် မျှော်လင့်ချက်လေးရှိလာသဖြင့် အလျှင်အမြန်ပင်တုံ‌ပြန်လိုက်သည်။

ယခုဘဝ၌ မည်မျှပင်ခက်ခဲပါစေ ကလေးနှစ်ယောက် အစာမငတ်ပဲ ကောင်းစွာကြီးပြီးလာနိုင်သ၍ မဒမ်ကျန်း ကျေနပ်လေသည်။

ကျောင်းရှုလန် စားစရာများပို့ပေးပြီးနောက် မဒမ်ကျန်းက ထမင်းတစ်နပ်ကျွေးရန် ဆန္ဒရှိသော်လည်း ကျောင်းရှုလန်က အိမ်တွင်လုပ်စရာရှိသေးသောကြောင့် ငြင်းဆိုခဲ့သည်။

ကျန်းမိသားစုသည် ရှုလန်ကို အားနာနာဖြင့်ပြန်ခွင့်ပေးလိုက်ရသည်။ ကျန်းမိသားစုသည် ထုတ်လုပ်ရေးအဖွဲနှင့်မတူညီပဲ ပိုအခြေအနေကောင်းခဲ့သည်။ ကျောင်းရှုလန်က သူတို့နဲ့ အရမ်းရင်းနှီးနေတယ်ဆိုတာကို ထုတ်လုပ်ရေးအဖွဲ့က တခြားသူတွေမြင်ရင် ကျောင်းရှုလန် အတွက်ပဲ ဒုက္ခဖြစ်စေလိမ့်မည်။

ကျောင်းရှုလန် ပြန်ရန်လုပ်နေဆဲမှာပင် အချို့သောပစ္စည်းကောင်းများကို တွေ့လိုက်ရသဖြင့် မဒမ်ကျန်းက အလျင်စလိုဖွက်လိုက်သည်။

ဒီကောင်းတဲ့အရာတွေကို လူတွေ မတွေ့စေရန် သေသေချာချာ ကာကွယ်ထားသင့်သည်။

“အဖွား ဒီညတစ်ခုခု အရသာရှိတာ စားရမှာလားဟင်” ကျန်းရှောင်ယက အဖွားကျန်းကို မျက်နှာငယ်လေးဖြင့်မေးလိုက်သည်။

မစ္စကျန်း က ခေါင်းညိမ့်လိုက်ပြီး “ဟုတ်တယ် အဖွား ဒီည ရှောင်ယ နဲ့ ထျဲ့တန် အတွက် အရသာရှိတဲ့ တစ်ခုခု ပြင်ဆင်ထားတယ် မမရှုလန်က အသားပြားယူလာတယ်လေ  ဒီည ကြက်ဥပေါင်းပြီး အသားပြားကြော်ကျွေးမယ် သဘောကျလား”

မြေးနှစ်ယောက်မှာ မစ္စကျန်း၏ နှလုံးသားထဲမှ ချစ်မြတ်နိုးပြီး အရသာရှိသည့် စားကောင်းသောက်ဖွယ်များကို သူ့မြေးများနှင့် အတူစားချင်သည်။

အရင်ကထိုကဲ့သို့ အစားအသောက်ရမည့် နည်းလမ်းမရှိသဖြင့် ကျန်းရှောင်ယနှင့်ထျဲ့တန် တစ်ခုခုစားချင်ဟုပြောလျှင်တောင် မလုပ်ပေးနိုင်ခဲ့ချေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now