Chapter 3

4.5K 455 1
                                    

Chapter 3

ကျောင်းရှုလန် သည် အသံတစ်သံတည်းတူညီစွာထွက်နေသာ အမေနဲ့သမီး အတွဲကိုကြည့်လိုက်သည်။

မူလပိုင်ရှင်ကတော့သူတို့နဲ့ မဆက်ဆံဝံ့ပေ။  ဒါမဲ့ အခုကတော့ ကွာခြားသွားပြီလေ။  ဘာလို့လဲဆိုတော့ သူမကအလွယ်တကူအန်ိုင်ကျင့်ခံရအောင်အထိ အားမနည်းဘူးလေ။

သူမ၏ ဦးခေါင်းမှ နာကျင်မှုကိုတွန်းလှန်လျက် ကျောင်းရှုလန်သည် လီလီကျွမ့် ကိုကြည့်လိုက်၍ “ ဟမ့် ... ဘယ်တုန်းကငါကအဲ့လိုလူဖြစ်လာတာလဲ .. မဟုတ်တာတွေမပြောနဲ့

ပြီးတော့ ငါကဘယ်တုန်းက ပျင်းပြီး အလုပ်မလုပ်ဘဲနေလို့လဲ.. လီလီကျွမ့် နင် ငါတို့ရဲ့ အလုပ်မှတ်တွေကို ယှဥ်ကြည့်ပြီး ဘယ်သူက အလုပ်မှတ်ပိုများပြီး ဘယ်သူကပျင်းတဲ့လူလဲဆိုတာ အလုပ်အဖွဲ့မှူး အိမ်ကိုသွားပြီး သွားကြည့်ကြမလား

ငါနေမကောင်းဖြစ်ပြီး အဖျားကြီးနေ‌တာတောင် နင့်အတွက်ချက်ပြုတ်ပးရဦးမှာလား ဘာလို့ ကိုယ့်ကိုယ်ကို မချက်ပြုတ်ရတာလဲ

နင်ကအလုပ်လည်းမလုပ်ချင်သလို ချက်လည်းမချက်ပြုတ်ချင်ဘူး ဘာလဲ ? နင်ကဒီအတိုင်းစားချင်ပြီးတော့ နင့်ကိုအခြားသူတွေက အလုပ်အကျွေး ပြုစေချင်တာလား “

မားယုမိန်နဲ့ လီလီကျွမ့် သည် ထိုသို့ပြန်ပြောသည်ကို အနည်းငယ် အံ့သြသွားခဲ့သည်။

ပုံမှန်နေ့များတွင်  ကျောင်းရှုလန်သည် စကားတစ်ခွန်းပင် ပြန်မပြောချေ။  တစ်နည်းအားဖြင့်ဆိုလျင် သူမသည် သူတို့ကိုအနိုင်ကျင့်ဖို့က မဖြစ်နိုင်ပေ။  ဘာလို့ဒီနေ့စကားပြောတာ တော်နေရတာလဲ

အရင်က ကျောင်းရှုလန်ကောဟုတ်သေးရဲ့လား

အချိန်အနည်းငယ်မျှ အံ့အားသင့်ပြီးနောက် မားယုမိန်သည် ဒေါသထွက်လာခဲ့သည်။  သူမသည် ကျောင်းရှုလန် ကိုလက်ညိုးထိုးပြီး ဒေါသထွက်စွာ ဆူတော့သည်။

“ ဝါး.. ကျောင်းရှုလန် နင်ကစရိုက်ကြမ်းပြီး ရိုင်းစိုင်းနေတာလား ဟမ် နင်ငါ့‌အရှေ့မှာ အော်ရဲလား “

မားယုမိန်  သည် ဦးစွာမရောက်လာကျောင်းရှုလန်သည်သူမကိုအေးစက်စွာသတိပေးခဲ့သည်။  “ အဒေါ် မိန် အရည်အချင်း ရှိရင် ကျွန်မကိိုလာရိုက်လိုက်လေ အဆုံးမှာတော့ ဒါက ဟန်ဆောင်မှုသက်သက်ဘဲ။  ဘယ်လိုဘဲ့ဖြစ်ဖြစ် ဒီဟာလေးကို မေးခွင့်ပြုပါ ။  လီလီကျွမ့် ကငါ့ကိုမြစ်ထဲတွန်းချခဲ့ပြီး သတ်ဖို့ကြိုးစားခဲ့တယ်။  ဆိုတော့  ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ချင်လဲ

ဒီကိစ္စကြောင့် ငါအဖျားကြီးလာပြီး နေမကောင်းဖြစ်နေတာ။  ငါကအခုမင်း အတွက် ဟင်းချက်ဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ “

ကျောင်းရှုလန်ပြောပြီးသွားသည်နှင့် လီလီကျွမ့် ၏မျက်နှာသည် အရောင်ဖျော့သွားခဲ့သည််။  “ နင်... ကျောင်းရှုလန်ဘာတွေပြောနေတာလဲ ငါဘယ်တုန်းးက နင့်ကိုရေထဲတွန်းချပြီး ဘယ်တုန်းကတမင်တကာ သတ်ဖို့လုပ်လို့လဲ”။

ဒီခေတ်မှာ လူသတ်မှုက အမှုကြီးပင် ဖြစ်သည်။  ပြီးတော့ ဒီဟာက သင့်ကိုထောင်ထဲရောက်စေလိမ့်မည်။ သူမကငယ်ရွယ်ပြီး ထောင်ထဲသို့ မသွားလိုပေ။

“လီလီကျွမ့် မင်းဝန်မခံဖို့တွေးနေတယ်ဆိုရင်တော့ဒီဟာကမင်းရဲ့အားသာချက် ပေါ့။ ငါကတစ်စုံတစ်ယောက်ဆီက အကယ်ခံလိုက်ရပြီး ဒီလူကနင် ငါ့ကိုမြစ်ထဲသို့ တွန်းချလိုက်တာ ကိုမြင်ခဲ့လိမ့်မယ်။

ဒါဆိုရင်တော့ ကိစ္စတွေက ဆိုးပြီးရင်းဆိုးလာတော့မယ်။  ငါက ရဲတွေဆီကို သွားပြောလိုက်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဒါကသက်သေဘဲ့လေ အဲ့တော့ ဥပဒေက တရားမျှတတဲ့ စီရင်ချက်ကို ပေးမယ်လို့ငါယုံတယ်။  သတ်ဖို့ကြိုးစားတာက ဆယ်စုနှစ်လောက်တော့ နင့်ကိုပိတ်ထားဖို့လုံလောက်ပါတယ်။ “

ကျောင်းရှုလန်ပြောလိုက်သောစကားလုံးများသည် လီလီကျွမ့် အတွက် အလွန်ပင်ထိတ်လန့်စရာ ဖြစ်သည်။  ကျောင်းရှုလန်၏အရှေ့တွင် ရှိသော သူမသည် အလွန်ပင်ထိတ်လန့်‌တုန်လှုပ် လျက် ‘ သူမဘယ်လိုတောင်အပြင်ကို ထုတ်ပြောရဲရတာလဲ’

မားယုမိန်သည် အမျက်ချောင်းချောင်းထွက်နေသော်လည်း သူမသည် ကျောင်းရှုလန် သည် တကယ်ဒုက္ခဖြစ်စေမည်ကို ကြောက်ရွံ့စိုးရိမ်ခဲ့သည်။ သူမသည်လည်း သူမ၏သမီးကိုအမှုအခင်းမဖြစ်စေချင်သလို အဖမ်းမ်းခံရပြီး ထောင်ထဲသို့သွားရမည်ကို  လက်မခံနိုင်ပေ။

အဆုံး၌ သူမ၏သွားများဖြင့် အံကြိတ်လိုက်ပြီး ကျောင်းရှုလန်ကို ရန်လိုသောအကြည့်ဖြင့်ကြည့်၍ “နင် အကျင့်မကောင်းတဲ့ကောင်မ .. နင်မချက်ချင်မှတော့ စားဖို့ကိုလည်းမစဥ်းစားနဲ့  ဒီအခန်းထဲမှာဘဲ့နေ နောက်ဆုံးဘယ်လောက်ကြာအောင်နေနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့”

ပြောပြီးသည်နှင့် မားယုမိန် သည် အခန်းအပြင်ဘက်သို့ ဒေါသကြီးစွာ ထွက်သွားခဲ့သည်။  လီလီကျွမ့် သည်ကျောင်းရှုလန် ကိုဖျက်ကနဲကြည့်ပြီး သူ့အမေထွက်သွားသည့်နောက်သို့ လျှင်မြန်စွာလိုက်သွားခဲ့သည်။

ဒီထူးဆန်းသော သားအမိ အပြင်သို့ထွက်သွားပြီးနောက် ကျောင်းရှုလန်သည် သူမရဲ့ အားနည်းနေသောခန္တာကိုယ်ဖြင့် အိပ်ရာပေါ်တွင်ပြန်လှဲချလိုက်ပြီး အိပ်လိုက်လေသည်။

တစ်ရက်‌လောက် အိပ်ပြီးနောက် ထမင်းစားဖို့သူမစဥ်းစားမိသည်။  သူမအရမ်း ဗိုက်ဆာနေပြီဖြစ်သည်။

ကံအားလျော်စွာ သူမရဲ့ space ထဲမှာစားစရားစရာတွေအလုံအလောက်ရှိနေလို့။  မားယုမိန်သည် သူမအားစားဖို့ ဘာမှကို မပေးထားပါ။  သူမသည် အစားအစာပြတ်လတ်မှုကြောင့် သေဆုံးမည် ကိုမစိုးရိမ်ပါ။

ကျောင်းရှုကျူးသည် ‌အရှေ့သို့တိုးလာပြီး သူမကိုစိုးရိမ်စွာ မေးလိုက်သည်။

“အစ်မ ဘယ်လိုနေလဲဟင် ပိုပြီးနေကောင်းလာသလိုခံစားရလားဟင်”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now