Chapter 100

2.3K 248 1
                                    

Chapter – 100

လီကျွမ့်က ထိုကဲ့သို့သော ထူးချွန်သော အမျိုးသားတစ်ဦးသည် ရှုလန်နှင့် အတူရှိနေသည်ကို နားမလည်နိုင်ပေ။ ရှုလန်ကို ဤသို့တမင်တကာ ပြန်လိုက်ပို့ပုံရသည်။

ထိုအခါ သူမသည် ချက်ချင်းပင် မနာလိုဖြစ်မိသည်။

ကျင်းကောသည် အခြားမိန်းကလေးများကို မနာလိုဖြစ်စေလောက်အောင် ရှုလန်ကို သဘောကျသည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပိုသာတဲ့ယောက်ျားနဲ့ ပေါင်းသင်းဖို့ စိတ်ပါသွားခဲ့သည်။

ဒီခွေးမ ဘာလို့ ဒီလောက်ကံကောင်းရတာလဲ။

မနာလိုစိတ်ဖြင့် ရှုလန်ဆီသို့ သွားကာ ချန်းကို ကြည့်ပြီးသူမက “ရှုလန် ဒီလူ ဘယ်သူလဲ?”

ချန်း ပြန်လိုက်ပို့ရင် စပ်စုတော့မယ်မှန်း မျှော်လင့်ထားပေမယ့် သူမမှာ အပြစ်ရှိတယ်လို့ လုံးဝမခံစားရလို့ သူမက သူ့ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့ “ဘာလို့ ပြောရမှာလဲ နင်နဲ့ ဘာဆိုင်လို့လဲ”

လီကျွမ့်က ရှုလန်၏ အဖြေကြောင့်

စိတ်ဆိုးသွားကာ သွားများကို ပြင်းပြင်းထန်ထန် အံကြိတ်ရင်း ပြောသည် “အင်းပေါ့လေ  ယောက်ျားတစ်‌ယောက်နဲ့ မသင့်တော်တဲ့ ဆက်ဆံရေးရှိလို့ မပြောနိုင်တာပေါ့ နင့်ကို အဖွဲ့ခေါင်းဆောင်ဆီ အကြောင်းကြားဖို့ ငါသွားလိုက်မယ် ချွေဟွာလည်း မြင်တယ် မင်းက သူရဲ့စက်ဘီးနောက်ခုံမှာ ထိုင်နေခဲ့တာကို”

ကျောင်းရှုလန်က သူမကို လှောင်ရယ်လိုက်သည်။ “လီကျွမ့် နင်ဦးနှောက်မှာ အပေါက်ပါနေလို့လား ဒီလိုယောက်ျားမျိုးနဲ့ မသင့်တော်တဲ့ ဆက်ဆံရေးရှိလို့ ငါ့ကို သတင်းပို့မှာလဲ။ ငါဘာမှဖြစ်သေးတာမဟုတ်ဘူး စက်ဘီးနောက်မှာစီးရုံလေးကို မသင့်တော်တဲ့ဆက်ဆံရေးတဲ့လား”

“ဟမ်း နင်နဲ့ နင့်အမေက တခြားအဘိုးကြီးတစ်ယောက်ရဲ့ နွားလှည်းကို စီးဖူးတယ်ဆို ဆိုလိုတာက နင်တို့နှစ်ယောက် အဲဒီအဘိုးကြီးနဲ့လည်း မသင့်တော်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့တာပေါ့နော်”

ရှုလန်၏ပြန်လည် စကားစစ်ဆင်မှုကြောင့် လီကျွမ့် အံ့ဩလုံးစို့သွားသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now