Chapter 123

2K 213 3
                                    

Chapter-123 ဝက်အူဝယ်ခြင်း(၁)

ကျောင်းရှုလန် လက်လျှော့ပြီး အိမ်ပြန်ခါနီးတွင် နောက်မှ လူများ ရုတ်တရပ် ဆူညံလာကြသည်။

ကျောင်းရှုလန် လန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

ကံကောင်းစွာဖြင့် သူမ၏နောက်တွင် လက်တစ်စုံက အချိန်မီ ဖမ်းလိုက်သဖြင့်   ကျောင်းရှုလန်က ကျယ်ပြန့်သော ရင်ခွင်ထဲသို့ ကျရောက်သွားသည်။

သာယာရင်းနှီးပြီး ယောက်ျားပီသသော အသံက နားထဲသို့ ရောက်လာလေသည် “သတိထား”

ကျောင်းရှုလန် သူမ၏နှာခေါင်းဖျားမှ ချွေးနံ့နှင့် ရောစပ်ထားသော မွှေးရနံ့သင်းသင်းလေးရနံ့ကို ခံစားလိုက်ရသော်လည်း ယောက်ျားတစ်ယောက်၏ ယောက်ျားအနံ့ ဆိုသည်ကိုသတိပြုမိသည်။

ကျောင်းရှုလန် ထိုအသံကိုကြားပြီးနောက် သူမသည် အံ့အားသင့်စွာ ခေါင်းယမ်းလိုက်သည်။  သေချာပါတယ် သူမမြင်လိုက်ရတာက ကျန်းချန်းပင်။

သူက ဒီလာတယ်!

ကျန်းချန်းက ကျောင်းရှုလန်ကို အဆင်ပြေသော အနေအထားတွင် ပြန်ထားပေးပြီး နောက်သို့ အမြန်ခြေတစ်လှမ်းဆုတ်လိုက်သည်။

ကျောင်းရှုလန်နှင့် ရင်းနှီးချင်သော်လည်း ယောက်ျားပီသစွာဖြင့် အမျိုးသမီးများကို ယဉ်ကျေးသင့်သည်။

နောက်ပြီး ပတ်ဝန်းကျင်မှာ လူတွေအများကြီးရှိ‌နေလေသည်။သင်က အလွန်ရင်းနှီးစွာ ပြုမူလျှင် သင့်အား အခြားသူများ၏ လက်ညိုးထိုးမှုကို ဧကန်ခံရလိမ့်ပေမည်။

သူ့အတွက်က ကိစ္စမရှိပေမဲ့ ကျန်းချန်းက ကျောင်းရှုလန်ကို စိတ်မရှုပ်စေချင်ပေ။

ကျောင်းရှုလန်က မတ်တပ်ရပ်ပြီး ကျန်းချန်းကိုမြင်တော့ စိတ်ထဲမှာ အနည်းငယ် ပျော်သွားသည်ကို ခံစားလိုက်ရတယ်။

လုချင်နေအိမ် ကိုသွားတုန်းက ကျန်းချန်းကို မတွေ့ခဲ့ရပေမယ့်  ဒီမှာတွေ့ဖို့ မမျှော်လင့်ထားခဲ့ပေ။

ကျန်းချန်းက သူမကို မဆွဲရင် ကျောင်းရှုလန်ဟာ မြေပြင်ပေါ် ကျိန်းသေပေါက် ပြုတ်ကျသွားလိမ့်မည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now