Chapter 163

1.7K 194 1
                                    

Chapter 163 - လုလန်လန်ရေနစ်ခြင်း(၂)

ကျောင်းရှုလန်က ပြောသည့်အတွက် အဖွဲ့ဝင်တွေ၏ ကျန်းချန်းအပေါ်အမြင်နှင့် စက်ဆုပ်ရွံရှာမှု နည်းပါးသွားကြပါတယ်။

ကျန်းချန်းသည် ကျန်းမိသားစု၏ ဆွေမျိုးတစ်ဦးဖြစ်သောကြောင့် အဖွဲ့ဝင်များ၏အမြင်တွင် ကျန်းချန်းက လူဆိုးတစ်ဦးဖြစ်သည်။

ယခုအခါ ကျန်းချန်းသည် လူများကို ကယ်တင်ရန် ရေငုပ်ကာ ကိုယ်ကျိုးမကြည့်သည့် စေတနာကိုတွေ့လိုက်ရသဖြင့် လူအများက လေးစားမိကြလေသည်။

လုလန်လန် နိုးလာကာ မြေပြင်ပေါ်တွင် ထိုင်‌နေပြီး ကြောက်ရွံ့ထိတ်လန့်စွာ ငိုကြွေးနေလေသည်။

လုလန်လန်လို ကလေးမပြောပါနှင့် အသက်ကြီးသည့်လူတောင် သူ့အသက်ဆုံးရှုံးရမည်ဆိုပါက ကြောက်နေပေမည်။

လုကျင်းရှန်း နဲ့ သူ့ဇနီးက လုလန်လန်  ရေထဲကျသွားတာကို ကြားသိရပြီး အမြန်လာခဲ့ကြသည်ာ

လုလန်လန် တစ်ခုခုဖြစ်သွားမှာကို ကြောက်တဲ့အတွက် နှစ်ယောက်သား မျက်နှာတွေ ဖြူဖျော့‌နေကြ၏။

လုကျင်းရှန်း နှင့် ဝမ်ရှုယင် ရောက်ရှိလာပြီးနောက် လုလန်လန်ကို ကယ်တင်လိုက်ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

လုလန်လန် သည် မြေပြင်ပေါ်တွင် ထိုင်ငိုနေသော်လည်း သူမ အဆင်ပြေသည်။

ဝမ်ရှုယင်သည် လုလန်လန် ရှိရာသို့ ပြေးသွားပြီး လုလန်လန်ကို ချက်ချင်း ပွေ့ဖက်ကာ လုလန်လန်အား “လန်လန် သမီး အဆင်ပြေရဲ့လား?  မေမေရှိတယ် မကြောက်နဲ့တော့နော်!”

“ဝူဝူး သမီးသေတော့မလိုပဲ!”  လုလန်လန်က ရေများစွာ အဆုတ်ထဲသို့ဝင်ထားသဖြင့် လည်ချောင်းနာနေပြီ ဖြစ်သောကြောင့် ငိုယိုစကားပြောသောအခါ သူမ၏အသံမှာ အနည်းငယ် ပြာသွားသည် ။

ဝမ်ရှုယင်က လုလန်လန် ရဲ့ ကျောကို ပုတ်ကာ နှစ်သိမ့်ပြီး “ကောင်းပြီ အဆင်ပြေသွားပြီမလို့ ငါတို့လန်လန်လေး မကြောက်နဲ့တော့နော်!”

လုလန်လန်ကိုမြင်လိုက်ရတော့ လုကျင်းရှန်း လည်း သက်ပြင်းချမိသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now