Chapter 138

1.9K 192 1
                                    

Chapter-138 လီကျွမ့်နှင့်အလောင်းအစား ပြုလုပ်ခြင်း(၁)

ကျောင်းရှုလန် ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကျောင်းဝေကောင်း နဲ့ လီလီကျွမ့် တို့လည်း အလုပ်ကပြန်လာကြသည်။

ကျောင်းဝေကောင်း ပြန်ရောက်တာနဲ့ လီလီကျွမ့်က ကျောင်းဝေကောင်း ရှေ့မှာ ချက်ချင်းတိုင်လိုက်ပြီး “ဦးလေး ကျောင်း ကျောင်းရှုလန်က အရမ်းတော်တာသိလား။ ဒီနေ့ ခရိုင်မြို့ကို သွားပြီး ဝက်သားမဝယ်လာဘူး ဝက်အူကိုတော့လေ ဆင့်လေးဆယ်တောင် ပေးပြီးဝယ်လာတယ်။

နံစော်နေတဲ့ ဝက်အူတွေကို စားရမှာ ရွံစရာကြီး စားရရင် သေတောင်သွားမယ်ထင်တယ် လို့သူပြောဖူးတယ်။

ဆင့်လေးဆယ်ဆိုတာ နည်းတဲ့ငွေလား အဲ့တာကို သူကအရေးမပါတာတွေ ဝယ်လာပြီး ပိုက်ဆံဖြန်းပစ်တယ် သူ့ကို အကျိုးအကြောင်းပြောပြတော့ သူက သမီးကို မဟုတ်တရုတ်တွေပြောပြီး ဦးလေးနဲ့တိုင်မယ်လို့လည်း ခြိမ်းခြောက်သေးတယ်

ဦးလေးကျောင်းက လူကောင်းတစ်ယောက်ဆိုတာ သမီးသိပါတယ် ဒါကြောင့် တရားမျှတသွားအောင် ကူညီပေးပါ“

လီလီကျွမ့် ပြောပြီးတဲ့ နောက်မှာတော့ မားယုမိန်က “ဟုတ်တယ် ဝေကောင်း  ရှုလန်က အရမ်းရိုင်းနေတာ သူမကောင်းတာလုပ်လို့ ပြောပြရင်တောင် ဝင်ပါစရာမလိုဘူး ဘာညာနဲ့ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီ။

ဝက်အူဝယ်ဖို့ကို ဘာလို့ဒီလောက်တောင် ပိုက်ဆံသုံးပစ်ရတာလဲ အချိန်ကုန်ငွေကုန်ဖြစ်တာပေါ့  “

ကျောင်းဝေကောင်းက မားယုမိန် နှင့် လီလီကျွမ့် ၏ စကားများကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။

အတိတ်မှာသာ ဆိုရင် မားယုမိန်တို့ သားအမိ၏ မဟုတ်‌မမှန်စကားတွေကို ကြားတဲ့အခါ ကျောင်းဝေကောင်း ဒေါသထွက်နေလိမ့်မည်။

ဒါပေမယ့် အခုအချိန်မှာတော့ သူတော်တော်လေး ငြိမ်သက်သွားပါပြီ။    အဲဒီအစား သူက ကျောင်းရှုလန် ထံသွားပြီး သက်သေအနေဖြင့် ကျောင်းရှုလန် ကိုမေးကာ “ရှုလန် ဒေါ်လေးမိန် နဲ့ မင်းညီမပြောတာ မှန်လား  လေးဆယ်ဆင့်နဲ့ ဝယ်လာတာလား”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now