Chapter 18

2.9K 302 0
                                    

Chapter 18

ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမ၏ ဆိုင်အကူသည် အလွန်ကို ရူးနှမ်းပြီး မိုက်မဲလွန်းသောကြောင့် သူမရဲ့နှာခေါင်းကို ကောင်းကင်ထိပင် မြှောက်လုနီးပါးဖြစ်သွားသည်။

ရှုလန် သည် မကျေမနပ်ဖြစ်သွားသော်လည်း ဆိုင်အကူကို ဂရုမစိုက်ပေ။ ထိုကဲ့သို့သောသူနဲ့ ငြင်းခုံနေခြင်းသည် အကျိုးမရှိသောကြောင့် ထိုသို့လုပ်မည့်အစား သူမတံတွေးကို သိမ်းထားလိုက်တာကပင် ပိုကောင်းလေသည်။

ဆိုင်အကူက ရောက်လာပြီး မေးလိုက်သည်။ “ ဘာကို ဝယ်ချင်တာလဲ”

“မေးချင်တာကတော့ ဒီဆပ်ပြာက ဘယ်လောက်လဲ”

ဆိုင်အကူက ပေါ့ပေါ့ပါးပါးပင် “တစ်ယွမ်နဲ့ စက်မှုသုံး ကူပွန် တစ်ခု” ဟုပြောသည်။ (ကူပွန်၊ ဘောက်ချာ၊ လက်မှတ် စသည်တို့သည် တရုတ်နိုင်ငံရဲ့ စီစဉ်ထားတဲ့ အချိန်ကာလအတွင်း ကုန်စည်များအလွန်ရှားပါးလာမှုကြောင့် ထောက်ပံ့ရေးနှင့် ဝယ်လိုအား ကို ချိန်ခွင်‌လျော ညီမျှစေရန်  နိုင်ငံတော်မှ စီစဉ်ထားသော စားနပ်ရိက္ခာနှင့် အဝတ်အထည်များ၊ မြို့ပြအတွက် အခြားသော နေ့စဉ်သုံးပစ္စည်းများကို ပံ့ပိုးပေးခဲ့သည်။ အထောက်အထားများအရ ကူပွန်၊ လက်မှတ်များဟု ခေါ်ဆိုပြီး ထိုအချိန်က ၎င်းတို့၏ ဒုတိယ ငွေကြေးဟုပင် ခေါ်ဆိုနိုင်သည်။

ရှုလန် သည် ဆိုင်အကူရဲ့ အဖြေကို ကြားလိုက်တဲ့အခါ အနည်းငယ်အံ့ဩသွားသည်။ဆိုတော့ ပစ္စည်းတွေဝယ်ဖို့က ပိုက်ဆံသုံးရုံနဲ့ မလုံလောက်ဘူး။ ဘာလို့ဆိုတော့ ပစ္စည်းတွေ ဝယ်မယ်ဆိုရင်တော့ ကူပွန်သုံးဖို့ လိုနေတုန်းပင် ဖြစ်သည်။

“ စက်မှုသုံး ကူပွန်ကဘာလဲ။ ပစ္စည်းဝယ်ဖို့ ကူပွန်တွေ လိုသေးတာလား” ရှုလန် ကနားမလည်တော့ မေးလိုက်သည်။

သူမက ဒီ‌မေးခွန်း‌တွေ မေးလိုက်တော့ ဆိုင်အကူက အထင်အမြင်သေးတဲ့ မျက်လုံးဖြင့် ကြည့်ပြီး လှောင်လေသည်။ “မျှော်လင့်ထားသလိုပဲ့ ကျေးလက်က ရိုးအ‌တဲ့ လူတွေကတော့ ဘာမှကို နားလည်တာမရှိဘူး”

“ ပစ္စည်းတွေဝယ်မယ်ဆို ပိုက်ဆံလိုအပ်သလိုပဲ့ ကူပွန် ရှိဖို့ကော နှစ်ခုလုံးလိုတယ်။ ဒီနှစ်ခုလုံးက မရှိမဖြစ်ပဲ့။ စားစရာဝယ်မယ်ဆို စားစရာကူပွန်၊ ဂျုံဝယ်မယ်ဆို မုန့်ဖုတ်ကူပွန်၊ သကြားလုံးဆို သကြားကူပွန်၊ အဝတ်အတွက်ဆို အဝတ်ကူပွန်၊ ဆီအတွက်ဆို ဆီကူပွန်”

“ဆပ်ပြာ၊ မျက်နှာသုတ်ပဝါ၊ သံထည်ကိရိယာ၊ ဆေးမြစ်၊ ဆေးများ၊ အရက် စတဲ့ ပစ္စည်းတွေကိုဆို စက်မှုသုံးကူပွန် သုံးဖို့လိုတယ်”

“မင်းမှာ ပိုက်ဆံရှိရင်တောင် ကူပွန်မရှိရင် ရောင်းလို့မရဘူး၊ မင်းရဲ့ ကျေးလက်ဒေသနဲ့ မတူဘူး”

“ကျေးလက်က လယ်သမား‌လေး၊ မင်းမှာ ပိုက်ဆံ နဲ့ကူပွန်မရှိရင် ငါ့ရှေ့မှာ လာမနေနဲ့”

သူမ ပြောပြီးသွားတော့ ဆိုင်အကူက ရှုလန်ကို ထပ်ဂရုမစိုက်တော့ပဲ သူ့နေရာကို ပြန်သွားပြီး ဖရဲစေ့ကိုပဲ့ ဆက်ခွာနေ‌လေသည်။

ရှုလန် မှာ ပိုက်ဆံမရှိသလို ကူပွန်လည်းမရှိပေ။ ဆိုင်အကူရဲ့ မထီမဲ့မြင်ပြုခြင်းကို ခံခဲ့ရသော်လည်း သူမနှင့် ငြင်းခုံချင်စိတ် မရှိသဖြင့် လှည့်ပြန်ကာ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမမှ ထွက်ခွာရန် သာပြုလုပ်ခဲ့သည်။

သူမ ထွက်သွားချိန် ဆိုင်အကူရဲ့ လှောင်ရယ်နေမှုကို လည်း ကြားလိုက်ရပါသည်။

သူမ ဒီလူရဲ့ သဘောထားကြောင့် အလွန်စိတ်ဆိုးသွားသည်။ ကူပွန် မရှိရုံလေး မဟုတ်ဘူးလား။ ဘာလို့ အဲ့လောက် နှိမ်ရတာလဲ။

သူက ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမရဲ့ တံခါးမှ မထွက်မှီ အထဲကို ဝင်လာတဲ့ မိန်းကလေးတစ်ယောက်နှင့် တိုက်မိသွားသည်။ ထိုမိန်းကလေးသည် အသက် ၁၇ နှစ် မှ၁၈နှစ်ကြားရှိပြီး သူမနဲ့ ရွယ်တူပင်ဖြစ်သည်။

သူမရဲ့ အဝတ်အစားက ခေတ်မှီနေသောကြောင့် မြို့မှာနေတဲ့ သူဖြစ်နိုင်လေသည်။ သူမသည် အပေါ်တွင် အင်္ကျီ လှလှလေးကို ဝတ်ထားပြီး အောက်တွင် စကပ်ဝတ်ထားသည်။

ရှုလန် ကိုတိုက်မိသွားတဲ့ မိန်းကလေး၏အမည်မှာ လုရှောင်းဟောင် ဖြစ်သည်။ ရှောင်းဟောင် သည် နာကျင်စွာ အော်လိုက်ပြီး သူမတိုက်မိသွားတဲ့ လူကိုကြည့်လိုက်သည်။ သူမ ရှုလန် နဲ့ ဆိုင်အကူကြား စကားပြောနေမှု ကိုအခုပင်ကြားလိုက်ရသည်။

သူမသည် ရှုလန်  ရဲ့စုတ်ပြဲနေသော အဝတ်အစားကိုကြည့်လိုက်ပြီး ဖာထေးမှုမည်မျှ ရှိသည်ကို သူမ မသိပေ။ သူမ မျက်လုံးများကလည်း ပြင်းထန်သော ရွံရှာမှုကို ပြသနေသည်။

သူမရဲ့ အဝတ်အစားများကို ဖုန်ခါလိုက်ပြီး ရှုလန်  ကိုဒေါသထွက်စွာဖြင့် “ကျေးလက်က ငတုံးမ၊ နင်က ငါ့အဝတ်တွေကို ညစ်ပတ်အောင်လုပ်တယ်။ ငါ့အဝတ်တွေ ဘယ်လောက် ဈေးကြီးလဲသိလို့လား။သူတို့ကို မင်းတတ်နိုင်လို့လား”

ရှုလန်  သည် တိုက်မိသောကြောင့် အနည်းငယ်နာသွားပေမဲ့ သူမဒါကို စိတ်ထဲမထားပေ။ ဘယ်လိုပင် ဖြစ်ပါစေ ရှောင်းဟောင်ရဲ့ သဘောထားကို မြင်လိုက်ရသောအခါ အနည်းငယ် စိတ်ဆိုးသွားခဲ့သည်။ “ဒါက နင်အရင် ငါ့ကိုလာတိုက်တယ်ဆိုတာ အသိသာကြီးလေ။ ဟုတ်ပြီလား။ ငါကဘာလို့ နင့်ရဲ့ အဝတ်အစားတွေကို ဂရုစိုက်ရမှာလဲ။ ကိုယ့်အမှားကို အခြားသူဆီ ပုံချချင်နေတုန်းလား”

“နင်..” ရှောင်းဟောင် ဒေါသတကြီး သူမသွားတွေကို ကြိတ်လိုက်သည်။ ယခုပင် သူမသည် မတော်တဆ ရှုလန်  ရဲ့ ခန္တာကိုယ်ကို တိုက်မိသွားတာကြောင့် သူမ တကယ်ပင် ရှုလန် ကို အပြစ်မတင်သင့်ပေ။ ဒါပေမဲ့ ရှုလန်  က သူမကို ထိုသို့ပြန်ပြောလိုက်သောအခါ ပြန်လည်သင့်မြတ်ရန် ဆန္ဒမရှိတော့ပေ။ ထို့ကြောင့် သူမ ဒေါသတကြီးဖြင့်သာ ပြန်ပြောနိုင်သည်။ “ငါက အရင်တိုက်တယ်လေ။အဲ့တော့ ဘာဖြစ်လဲ။ နင့်ကို ပိုက်ဆံမရှိ၊ ကူပွန်မရှိတဲ့လူကို ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမ ကို လာဖို့ခွင့်ပြုထားလို့လား။ ငါကနင်နဲ့မတူဘူး။ ငါကပစ္စည်းတွေဝယ်ဖို့ တတ်နိုင်တယ်လေ။ မေးရမယ်ဆိုရင် မင်းတို့ကျေးလက်က လူတွေက ဒီလိုနေရာတွေကို ရောက်ဖူးပုံလည်း မပေါ်ဘူး။ အဲ့ဒါကြောင့် မင်းငါ့ကိုမတိုက်သင့်ဘူး။”

ရှုလန်  က ရှောင်းဟောင် ဒီလို စိတ်ဓာတ်ကို ဘယ်ကရလဲမသိပေ။ သူမက ကျိုးကြောင့်မဆီလျော်တဲ့ စကားတွေနဲ့လှည့်စားနေပြီး သူမရဲ့ ဇာတ်လမကို အတင်းအကျက်ယုံခိုင်းနေသည်။ ရှုလန်  သည် သူမရဲ့အသံကို ချက်ချင်းပင် မြင့်လိုက်ပြီး တုံ့ပြန်လိုက်သည်။ “ကျေးလက်က လာတာက ဘာကိစ္စမရှိလို့လဲ၊ ငါတို့က နင့်ထမင်းကို စားနေလို့လား။ ဟမ်း။ မြို့ကလူတွေက အဲ့လောက် ကြီးမြတ်တယ်လို့ ထင်နေတာလား။ ငါတို့က လူတွေခက်ခက်ခဲခဲ အလုပ်လုပ်ပြီး စိုက်ပျိုးထားတဲ့ ရိက္ခာတွေသာ ရှိရင်မင်းတို့မြို့ကလူတွေ အစားစားရမယ်လို့ ထင်နေတာလား”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now