Chapter 64

2.6K 305 2
                                    

Chapter 64 ကျင်းချန်း၏ ဆရာ ၁

ချန်း ဒီနိုင်ငံကို လာရခြင်း အဓိက အကြောင်းအရင်းသည် ဆွေမျိုးတစ်ယောက်ကို ရှာရန်ဖြစ်သည်။ 

သို့သော် သူသည် သူ၏ ဆရာ ချန်းဒယ်မင် သည် အရင်က အလုပ်တွင် မတော်တဆဖြစ်ပြီးနောက် စာချန်ခဲ့ပြီး သူ့ဇာတိဖြစ်သော အန်းရှင်းသို့ပြန်ခဲ့ကြောင်း သတိရခဲ့သည်။

သူသည်အန်းရှင်း သို့ လာရန်အကြောင်းဖန်လာသောကြောင့် ချင်ကောင်း အား သူ့ဆရာ ထိုနေရာတွင်နေသေးလား ဟု မေးပေးရန် တောင်းဆိုခဲ့သည်။

အကယ်လို့ သူရှိနေမည်ဆိုပါက သူ့ ‘တပည့်’ ဖြစ်သော သူသည် အလည်သွား နှုတ်ဆက်ရမည်ဖြစ်သည်။

မစ္စတာချန်း ၏ ကံမကောင်းမှုကြောင့် ချန်း သည် သူ့အတွက် အလွန်စိုးရိမ်သော်လည်း ကံဆိုးစွာဖြင့် သွားလည်ရန် အခွင့်အရေး မရရှိခဲ့ပေ။

နှစ်ပေါင်းများစွာအတွင်း သူတို့နှစ်ယောက်သည် အဆက်အသွယ်မရှိသည့်အပြင် သတင်းလည်း မကြားမိပေ။

ကံကောင်းစွာဖြင့် ချင်ကောင်း သည် မစ္စတာချန်း ၏ အိမ်ကို စုံစမ်း၍ရခဲ့ပြီး အန်းရှင်းမှ မထွက်ခွာသင့်ကြောင်း သိခဲ့သည်။

ချင်ကောင်း သည် ချန်း သူ၏ ဆရာ ထိုနေရာတွင်နေသေးလားဟု သွားကြည့်သော အချိန်တွင် အဖော်လိုက်ပါပေးခဲ့သည်။

ချင်ကောင်း စကားပြောနေချိန်တွင် ချန်း သည် ရှေ့သို့ကြည့်ပြီး ရင်းနှီးသော ကိုယ်ဟန်အနေအထားကိုတွေ့ခဲ့သော်လည်း သူမ ဟုမသေချာခဲ့ပေ။

ချန်း စကားမပြောကြောင်းတွေ့သော် ချင်ကောင်း သည် ကြောင်ပြီး သူ၏ အာရုံစိုက်မှုရရန် ကြိုးစားခဲ့သည်။ “ ချန်း ဘာဖြစ်နေတာလဲ။”

ချန်း အသိစိတ်ဝင်လာပြီး အနည်းငယ် ပြုံးလိုက်သည်။ “ဘာမှမဟုတ်ဘူး။ အမြန်။ သွားကြည့်ကြရအောင်”

“ကောင်းပြီ”

ချန်း သည် အနောက်ဖက် အိမ်သို့ ဝင်သွားလိုက်ပြီး တံခါးခေါက်ခဲ့သည်။

မစ္စချန်း သည် သူမနေ့လည်စာအတွက်ထုတ်ထားသော အစားအစာများကို အမြန် ဝှက်လိုက်သည်။ သူမသည် တံခါးခေါက်သံကြားပြီး လန့်သွားခဲ့သည်။ ထို့ကြောင့် သူမသည် အလောတကြီးဖြင့် “ဘယ်သူလဲ” ဟုမေးခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now