Chapter 59

2.6K 324 1
                                    

Chapter 59 လီကျွမ့်အခြားသူတွေရဲ့ ပစ္စည်းခိုးယူခြင်း ၃

သူ ၅ ယွမ် ဆုံးရှုံးတော့မယ် ဆိုတာနားလည်လိုက်တော့ ဝေကောင်း ချက်ချင်းပဲ အလွန်အံ့အားသင့်သွားခဲ့တယ်။

“ ၅ ယွမ်”

သူ့မိသားစု စုထားတာ စုစုပေါင်းမှ ၁၀ ယွမ်သာရှိသည်။ တကယ်လို့ ၅ ယွမ် သာ သူတို့ကို ပေးလိုက်ရင် သူတို့မိသားစု စုငွေရဲ့ တစ်ဝက် ကုန်သွားနိုင်တယ်။

သူတို့ဘဝက ကြပ်တည်းနေတာ ဆယ်ဆင့်က အစ စုဆောင်းရသည်။ လီကျွမ့် ကြောင့်ဖြစ်တဲ့ မတော်တဆမှုအတွက် ၅ ယွမ်ကို ချက်ချင်းသုံးဖြစ်မယ်ဆိုရင် ဒီဆုံးရှုံးမှုက အမှန်တကယ်ကို ကြီးသွားပြီ။

သူ့ကို ပြည်သူ့လုံခြုံရေးအဖွဲ့ဆီ ပို့တော့မယ်ဆိုတာ လီကျွမ့် ကြားတော့ သူမ အကြောက်အကန် ငြင်းဆန်ရင်း ငိုသည်။ “ အမေ။ သမီးကို ကူပါအုံး။ သမီး ထောင်ထဲမသွားချင်ဘူး၊ သမီး လူဆိုးမဖြစ်ချင်ဘူး”

လူမှုပတ်ဝန်းကျင်ရဲ့ လူဆိုး ဖြစ်လာတဲ့ အတွက်
အနာဂါတ်တွင် ထုတ်လုပ်ရေးအဖွဲ့မှာ နေထိုင်ဖို့ သူမမှာ မျက်နှာမရှိတော့ပေ။ အခြားသူတွေနဲ့ တွေ့ချင်သေးသည်။ သူမကို ခွဲခြားဆက်ဆံတာတွ အပြစ်တင်တာတွေ မလိုချင်ပေ။

ယုမိန် က ဝေကောင်း အကူအညီတောင်းဖို့အတွက် တောင်းဆို ခဲ့တယ်။ “ ဝေကောင်း ဘာကြောင့် သူတို့ကို ၅ ယွမ် မပေးတာလဲ။ လီကျွမ့် က မသိမိုက်မဲပြီး
ငယ်သေးတယ်။ ဒါကြောင့် သူ့ကို ပြည်သူ့လုံခြုံရေးအဖွဲ့ကိုသာ ပို့မယ်ဆိုရင် သူမ ပျက်ဆီးသွားလိမ့်မယ်။ ဒီကိစ္စနဲ့ ငါတို့အားလုံးလည်း လူဆိုးတွေလို့ ဆက်ဆံခံရလိမ့်မယ်၊ ငါတို့ မိသားစုလည်း ဘယ်တော့မှ ကောင်းမွန်တဲ့ဘဝကို ရမှာမဟုတ်ဘူး။ ငါတို့အားလုံး အတူတူခံစားရမှာပဲ။ “

ဝေကောင်း က အမှန်တကယ်တော့ ဒီပိုက်ဆံကို မပေးချင်ဘူး။ လီကျွမ့်က သူမလုပ်ခဲ့တာအတွက်
ဘယ်လိုအပြစ်ပေးမှုနဲ့မဆို ထိုက်တန်တယ်။ ဒါပေမဲ့ သူမရဲ့ပြစ်မှုက သူ့တို့ ကျောင်းမိသားစုကို ပါ ထိခိုက်လာနိုင်တဲ့အတွက် မပေးချင်လည်းဘဲ သူပေးဖို့ ဆုံးဖြတ်လိုက်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now