Chapter 67

2.5K 305 1
                                    

Chapter 67 လူချောလေးနဲ့ ထပ်တွေ့ခြင်း ၁

မစ္စချန်း က ချန်း ပြောတာကို မယုံဘူး။ “မင်းမှာလုပ်စရာရှိတယ်ဆိုရင် အဲ့ဒါဘာလဲ။ နေလည်စာ စားပြီးမှ သွားမယ်ဆိုလည်း မင်းရဲ့အချိန်အများကြီး ဖြုန်းတီးရာကြမယ်လို့ ငါတော့မထင်ပါဘူး”

ချန်း ကမပြောမဖြစ် ပြောလိုက်ရတယ်။ “ အဒေါ်၊ ကျွန်တော် အဒေါ်တို့ဆီက မရှောင်ပါဘူး။ ကျွန်တော်ဒီအချိန် အန်းရှင်းကို လာခဲ့တာက အလွန်အရေးကြီးတဲ့ တာဝန်နဲ့ပါ။ ကျွန်တော့်
မိသားစုရဲ့ အမျိုးတယောက်ကို ရှာဖို့ လာခဲ့တာ။ ကျွန်တော့်အဖိုးရဲ့ ညီငယ်လေး၊ ကျွန်တော့်ရဲ့
ဒုတိယ အဖိုးလေ။

ချင်ကောင်း ကဒီနားမှာအလုပ်လုပ်တာ၊ လူအချို့နဲ့လည်းသိတော့ ကျွန်တော့်ကို ကူညီပြီးသူ့ကို
ရှာပေးဖို့ ပြောထားတာ။ ဒီနေ့ သတင်းအနည်းငယ်ကြားလို့။ ဒါကြောင့် ကျွန်တော်အခု ပြန်သွားရမှာ။ “

သူကြံဖန်ပြောတာမဟုတ်ဘူး။ ချင်ကောင်းအဲ့နေ့က သတင်းအနည်းငယ် ရလိုက်တယ်။ ဒါပေမဲ့ အဲ့အချိန်တုန်းက အရေးတကြီးတော့ မဟုတ်ဘူး။ အဲ့ဒါကို အခွင့်ကောင်းယူပြီး ဆင်ခြေအနေနဲ့ ပေးလိုက်တာ။ ဒါမှ သူတို့အဲ့မှာ မစားဖြစ်မှာ။

မစ္စချန်း က သံသယထပ်မဝင်တော့ပဲ နောက်ဆုံးတော့ လက်လျော့လိုက်တယ်။

ချန်း က အန်းရှင်းကို ဘာကြောင်
လာခဲ့လဲဆိုတဲ့ အကြောင်းပြချက်က သေချာတာကတော့ သူ့ဆရာကိုရှာဖို့လို့ သူမ မထင်ပါဘူး။ သူက သူ့အမျိုးကို လာရှာတာ။

အဲ့ဒါက အရေးကြီးကိစ္စဆိုတော့ သူတို့ကိုဒီမှာနေပြီး စားဖို့ မတိုက်တွန်းတော့ပါဘူး။ ဒါမဲ့ အဲ့ဒါက
အားနားစရာကောင်းတယ်လို့ သူမခံစားရတယ်။

“ဒီအချိန် မင်းတို့ ဒီကို ရောက်လာပြီးမှတော့ ဘာမှမစားပဲ သွားတော့မှာလား” သူမ အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး သက်ပြင်းချလိုက်တယ်။

ချန်း ကပြုံးပြီးပြောလိုက်တယ် “အဒေါ် ကျွန်တော် မနက်ဖြန် ပြန်လာပြီး ဒီမှာ နေ့လည်စာ စားမှာ”

ဒီလိုပြောလိုက်တော့ သူမ အနည်းငယ်ပျော်သွားတယ်။ “ ချန်း မင်းစကားကို မှတ်ထားရမယ်နော်၊ ဟုတ်တယ်မလား။ မင်းမနက်ဖြန်နေလည် ဒီမှာ နေ့လည်စာ စားရမယ်”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now