Chapter 128

1.9K 213 0
                                    

Chapter-128 သီးစုံဝက်အူချောင်းကြော်(၃)

ဒေါ်လေးချန်းက တစ်ချို့အရာတွေကို လှီးပြီးထွက်လာသည်။ သိပ်များများစားစား မဟုတ်ပေမဲ့ စားသောက်ရန်အတွက် လုံလောက်သည်။

ပစ္စည်းများ အဆင်သင့်ဖြစ်ပြီးနောက် ကျောင်းရှုလန်က ဝက်အူများကို ကြော်ရန် ပြင်ဆင်သည်။

ပထမ ဒေါ်လေးချန်းက ကူညီချင်ပေမယ့် ကျောင်းရှုလန်က မလုပ်ခိုင်းချေ။

ဝက်အူချောင်းကြော်ကိုလည်း တခြား ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ထားဖို့ လိုအပ်ပြီး ဒေါ်လေးချန်း ရှိနေတုန်းမှာ ထုတ်လိုက်လို့မရပေ။

" ဒေါ်လေးချန်း ကျွန်မချက်လိုက်မယ် ချက်စရာကမများပါဘူး ကျန်းချန်းနဲ့ စကားစမြည်ပြောပြီး နားနားနေနေ နေလိုက်ပါ။"

ကျောင်းရှုလန်ကို သူမတကယ်မကူညီနိုင်တာကိုတွေ့လိုက်ရတော့ အဒေါ်ချန်း က ခေါင်းညိတ်ပြပြီး ကျန်းချန်းကိုရှာလိုက်သည်။

ကျောင်းရှုလန် ပျားလပို့ကို မီးရှို့လိုက်ပြီး အိုးပူလာသောအခါ ဆီနည်းနည်းကို ထည့်လိုက်သည်။

ကျောင်းရှုလန်က အဒေါ်ချန်း ၏မိသားစုက ဆီကို အရမ်းစားကြောင်း သိထားသောကြောင့် အိုးထဲသို့ သူမလောင်းထည့်သောဆီသည် ဒေါ်လေးချန်း၏ဆီမဟုတ်ပဲ နေရာလွတ်မှယူလိုက်ခြင်းဖြစ်သည်။

သူ့နေရာလွတ်မှာ ဆီတွေ အများကြီး ပါတာမို့ များများစားလျှင်တောင် မထိခိုက်ပေ။

အဆီနည်းတဲ့ဝက်အူချောင်းကို ကြော်ပါက ဆီနည်းနည်းသာထည့်ရင် အရသာကို မကောင်းစေနိုင်ပြီး နည်းနည်းထပ်ထည့်ရင် အရသာရှိစေနိုင်သည်။

ဆီပူလာလျှင် ကျောင်းရှုလန်က ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ပေါင်းထည့်ပြီး မွှေးလာသည်အထိ ကြော်လိုက်သည်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေကို ကျောင်းရှုလန် က နေရာလွတ်ထဲက တိတ်တဆိတ် ထုတ်ယူခဲ့ပြီး ဦးလေးချန်းနှင့် ဒေါ်လေးချန်းနဲ့ တခြားသူတွေ ရှာမတွေ့နိုင်အောင် ယူလိုက်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now