Chapter 133

1.9K 212 1
                                    

Chapter-133 ဝက်သားကိုခိုးခြင်း(၁)

အခု ကြက်ခြေထောက်နဲ့ အသားပေါင်မုန့်ရဲ့ အရသာကို ပြန်သတိရမိသွားတော့ ကျောင်းရှုကျူး က အရမ်းစားချင်သွားလေသည်။

သူမသည် ကြက်‌ခြေထောက်နှင့် အသားပေါင်မုန့်ကို တစ်ခါမျှ မစားဖူးပါ။  ကျောင်းရှုလန်သာ သူ့ကို မကျွေးဖူဆိုပါက ဘယ်အချိန်မှစားရမယ်ဆိုတာ သူမ မသိနိုင်ပေ။

ကျောင်းရှုလန်က ခေါင်းခါလိုက်ပြီး “မဟုတ်သေးဘူး!”

ကျောင်းရှုကျူးက စိတ်ဝင်တစား မေးသည် “မမဘာလဲလို့ မမယူလာပေးတဲ့ အရသာရှိတယ်ဆိုတာ ဘာကြီးလဲ”

ကျောင်းရှုလန်က တခစ်ခစ်ရယ်ပြီး ကျောင်းရှုကျူးအား “ညီမလေးအတွက် ဝက်သားပြုတ်ပါတယ်”

ဝက်သားပြုတ်ဆိုသည့် ကြားတာနဲ့ ကျောင်းရှုကျူး စိတ်လှုပ်ရှားသွားသည်။

“ဝက်သားပြုတ်။ မမ ဝက်သားပြုတ် ယူလာတာလား”

ကျောင်းရှုကျူးက သူနားကြားမှားသည် အထင်နှင့် ပြန်မေးကာ ဝက်သားပြုတ်က ကြက်ခြေထောက်နဲ့ အသား‌ပေါင်မုန့် တွေထက်တောင် ပိုအရသာရှိတယ်လို့ တွေးမိလိုက်သည်။

ကျောင်းရှုကျူး သရေပိုကျလာပြီး ကျောင်းရှုလန်က စနေသည်ဖြစ်မှာကို စိုးရိမ်မိသည်။

ဝက်သားပြုတ်ကို တကယ်စားရရင် ဘယ်လောက်ပျော်လိုက်မလဲ။

ဒီကလေးမလေးရဲ့ မျက်နှာပေါ်မှာ စားချင်နေသည့်အကြည့်ကို မြင်လိုက်ရတော့ ကျောင်းရှုလန်က ပြုံးလိုက်ပြီး  ထမင်းဗူးကို နေရာလွတ်မှ မသိမသာထုတ်ယူလိုက်သည်။

ထမင်းဗူးကို အလူမီနီယမ်ဖြင့် ပြုလုပ်ထားပြီး ကျောင်းရှုလန်က ဤခေတ်သွင်ပြင်လက္ခဏာများနှင့် လိုက်လျောညီထွေဖြစ်သည့် အရာကို နေရာလွတ်၌ တမင်တကာ ထားခဲ့လေသည်။  နေရာလွတ်ရှိ ထမင်းဗူးအများစုမှာ ပလပ်စတစ်နှင့် ဖန်များဖြင့် ပြုလုပ်ထားသည်။  ကျောင်းရှုလန်သည် ဤအလူမီနီယမ်ထမင်းဘူးကို ရှာတွေ့ရန် အချိန်အတော်ကြာခဲ့သည်။

ထမင်းဗူးထဲတွင် ဝက်သားပြုတ် တစ်ဝက်ပါရှိပြီး ကျောင်းရှုကျူး တစ်ယောက်တည်းစားရန် လုံလောက်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now