Chapter 156

1.9K 209 1
                                    

Chapter 156 - ကျောင်းရှုလန်အား ထမင်းတစ်နပ်စားရန် ဖိတ်ခြင်း(၁)

ကျောင်းရှုလန်က မလျိုထားပဲ ကျန်းချန်းအား "အင်း အဖိုး ကျန်း နဲ့ အဖွား ကျန်း အိမ်မှာ ပစ္စည်းတချို့ မကောင်းတာတွေ့လို့ လာဝယ်တာ"

ကျောင်းရှုလန်၏ စကားကိုကြားတော့ ကျန်းချန်းသည် ကျေးဇူးတင်မိသည်။

"ရဲဘော် ရှုလန် အဖိုးလေးနဲ့ အဖွားလေးပြောတာ ကြားထားတယ် သူတို့မိသားစုကို ကူညီ‌ပေးလို့ ကျေးဇူးပါပဲကွာ မင်းကကိုယ်တို့ ကျန်းမိသားစုရဲ့ ကယ်တင်ရှင်ပါပဲ"

ကျောင်းရှုလန်အနည်းငယ် ပြုံးပြီး သူ့ကိုယ်သူ ဂုဏ်မယူဘဲ တည်ငြိမ်စွာ ပြန်ပြောသည် "ကျွန်မက ဘာမှသိပ်မလုပ်ပေးခဲ့ရပါဘူး အဲ့လောက်စိတ်ထဲမထားပါနဲ့

အဘိုး ကျန်း နဲ့ အဖွား ကျန်း လို လူကောင်းတွေကို ကူညီပေးရတာ တကယ်ဝမ်းသာမိတာပါ"

ကျောင်းရှုလန်က ဒီလိုပြောပေမယ့် ကျန်းချန်းက ကျောင်းရှုလန်ကို ကျေးဇူးတင်နေဆဲပင်။

ယခု ကျန်းချန်း၏နှလုံးသားထဲတွင် ကျောင်းရှုလန်သည် အလွန်ထူးခြားရုံသာမက ကြင်နာတတ်ပြီး ရိုးရှင်းပါသည်။

မိန်းမကောင်းတို့၏ အကျင့်များစွာက သူမကိုယ်ထဲ၌ စီးဆင်းနေပုံရသည်။

သူ ကျောင်းရှုလန်ကို ချစ်စိတ်ကပို၍ တိုးလာလေသည်။

"ရဲဘော် ရှုလန်ရှုလန် ထုတ်လုပ်ရေးအဖွဲ့ကို ပြန်မှာလား" ကျန်းချန်းက ကျောင်းရှုလန်နှင့် တွေ့ရန် အခွင့်အရေးဖန်လာသည်ဟု သူထင်လေသည်။ကျန်းချန်း သူသည် ကျန်းအိမ်သို့သွားမည်ဖြစ်ပြီး ကျောင်းရှုလန်က ထုတ်လုပ်ရေးအဖွဲ့သို့ သေချာပေါက်ပြန်မည်ဖြစ်သဖြင့် သူတို့နှစ်ဦး အတူတူပ့န်ကာ အချိန်နည်းနည်း အတူတူရှိနေနိုင်ပေမည်။

ကျန်းချန်းက ကျောင်းရှုလန်၏ အဖြေကိုစောင့်ရင်း အတွေးများဖြင့် ပျော်နေလေသည်။

ကျောင်းရှုလန်က ခေါင်းညိတ်ပြီး "ဟုတ်ကဲ့" ဟု ပြန်ဖြေသည်။

"ရဲဘော် ရှုလန် ကိုယ်ဒီနေ့ လုကျွမ်း ထုတ်လုပ်ရေးအဖွဲ့ကို စက်ဘီးငှားလာတယ် မင်းလည်း အဲ့ကိုပဲ ပြန်မှာဆိုတော့ ကိုယ့်စက်ဘီးနဲ့ပဲ အတူတူလိုက်ခဲ့လိုက်လေ ဘယ်လိုလဲ"

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now