Chapter 7

3.7K 391 1
                                    

Chapter-(7) မြွေကိုက်ခံရခြင်း

ကံကောင်းထောက်မစွာ လူအများကြီးရှိကာ လူတိုင်းအလုပ်လုပ်ရမှာမပျင်းကြပေ။

ဤအချိန်တွင်စည်းလုံးညီညွှတ်၍ လုံ့လဝီရိယ ရှိစွာဖြင့် ပင်ပန်းမည်ကိုမကြောက်ဘဲ အကောင်းဆုံး ဖြစ်အောင်ကြိုးစားကြသည်။

“ဒုက္ခ ကအရင်လာတယ်၊ ပျော်ရွှင်မှုကနောက်မှလာတယ်”
ရေဒီယိုထဲမှ အသံကိုနားထောင်းရင်း အလုပ်လုပ်သူများသည် အလုပ်ရှိန်ကို မြင့်လိုက်ကြတယ်။

ဒီခေတ်ကလူတွေကအရမ်းမာကျောပေမဲ့ ရိုးရှင်းပြီး ပျော်ရွှင်မှုနဲ့ကျေနပ်မှုကို ပြင်းပြကြတယ်။ လုပ်စရာရှိဖို့၊ စားဖို့၊ သောက်ဖို့က အကြီးမားဆုံးဆန္ဒပါပဲ။
ဆန့်ကျင့်ဘက်အနေနဲ့ ၂၁ရာစုတွင်အခြေအနေများတိုးတက်များပြီး လူတို့၏ဆန္ဒများသည် အဆုံးမရှိဖြစ်လာကာ ပျော်ရွှင်မှုကိုခံစားနိုင်ရန်ခက်ခဲလာကြသည်။

ရှုလန် လဲသူ့အလုပ်ကိုအရှိန်မြင့်ပြီး မုန်ညှင်းအနည်းငယ်တွေ့တော့ အလျင်စလိုဖြတ်လိုက်ပြီး နောက်တစ်နေရာကိုရှာဖို့ တောင်းကိုကျောပေါ်တင်လိုက်တယ်။

“လာ ဝူကျင်းဟွ ရဲ့သား မြွေကိုက်ခံရတယ်”

မနီးမဝေး တောင်ခြေရင်းတွင် ထိတ်လန့်တုပ်လှုပ်သော အသံတခုပေါ်ထွက်လာသည်။ အသံကြားတော့ အလုပ်ကလူတွေက ထွက်ပြေးလာကြတယ်။

တပ်မဟာကလူတွေကရိုးရိုးရှင်းရှင်းနဲ့ သဘောကောင်းကြတယ်။ အခြေခံအားဖြင့် မိသားစုတခုတွင်မတော်တဆ တခုဖြစ်ပွားသောအခါတွင် အခြားမိသားစုများက ကူညီဖေးမကြတယ်။ တစ်စုံတစ်ဦး မြွေကိုက်ခံရကြောင်း သိသောအခါတွင် ဖြစ်ပျက်ခဲ့သည်များကို ကြည့်ရှုရန်သဘာဝအတိုင်း ပြေးလာကြသည်။

မူလပိုင်ရှင်၏ အမှတ်ရမှုအရ ဝူကျင်းဟွ သည် မိန်းကလေးသုံးဦးပြီးနောက် သားတစ်ဦးကိုမွေးဖွားသောကြောင့် အလွန်အဖိုးတန်သည်။ ယခု သူ့သားက မြွေကိုက်ခံရသောကြောင့် စိတ်ပူရင်းစိတ်ပူနေရမယ်။

ရှုလန် သည်ကျန်အဖွဲ့များ၏ အရှိန်အဟုန်အတိုင်း  လိုက်ကာ ကြည့်ရှူရန် လျှောက်သွားခဲ့သည်။ သူကူညီနိုင်သလောက် ကူညီပေးနိုင်တယ်လေ။

လူအုပ်ကြီးပြေးလာသောအခါ ကျင်းဟွ သား ကုန်းဒင် သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး မူးလဲကာ နှုတ်ခမ်းများမဲလာသည်။ အဆိပ်သည်သွေးထဲသို့စိမ့်ဝင်သွားသည်မှာထင်ရှားသည်။

လူတော်တော်များများက
“ဒါကို ငါဘာလုပ်ရမလဲ သူကဘယ်လိုလုပ်ပြီးအဆိပ်ပြင်းတဲ့မြွေဆီကိုက်ခံရတာလဲ”

“အဆိပ်သင့်ပုံကတော့ပြင်းထန်ပုံရတယ် ၊ ကွန်မြူနစ်တီရဲ့ ကျန်းမာရေးဌာနကိုရောက်ဖို့ အနည်းဆုံးနာရီဝက်ကြာလိမ့်မယ် အဲဒီကိုပို့ဖို့နောက်ကျသွားပြီ”

“ဟုတ်တယ် အဆိပ်သင့်တာကို မြန်မြန်ကုသရမယ်လို့ငါကြားတယ်၊ အရမ်းနောက်ကျရင်ကယ်နိုင်မှာမဟုတ်ဘူး ဒီကလေးနာရီဝက်လောက် နောက်ကျသွားမှာကိုငါကြောက်တယ်။”

ဝူကျင်းဟွ ကဒီစကားတွေကြားတော့ သူမပိုပြီးထိတ်လန့်လာခဲ့ပါပြီ။

“ငါရဲ့ ကုန်းဒင် လေးကိုဘယ်သူကယ်မှာလဲ။ သူကငါ့ရဲ့အဖိုးတန်သားလေးနော် ငါဒုက္ခအဖြစ်မခံနိုင်ဘူး

ငါ့သားလေးကိုကယ်မယ်ဆိုရင် ငါနွားပဲ့လုပ်ရလုပ်ရ မြင်းပဲ့လုပ်ရလုပ်ရ ငါ့တစ်ဘဝလုံးပေးဆပ်မယ်”

“ငါရဲ့ ကုန်းဒင်ကိုကယ်ပါအုံး”

ကျင်းဟွ ငိုနေတာမြင်တော့ တပ်မဟာကလူတွေအားလုံးသူ့ကိုကိုယ်ချင်းစာကြပြီး အားကိုးရာမဲ့သွားသလိုဖြစ်သွားကြတယ်။အဲ့ကလူတွေကဆရာဝန်တွေမဟုတ်ကြတော့ ဒီအခြေအနေနဲ့ ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။

“ဘာလို့မြန်မြန် ဆေးခန်းမပို့တာလဲ ဒီမှာအချိန်ဖြုန်းနေတာထက်ပိုကောင်းတယ်” တစ်ယောက်ယောက်က အကြံပေးလိုက်တယ်။

တခြားသူကများကလဲ အဲ့လိုလုပ်ရုံမှအပြင်မရှိတော့ဘူး။တစ်ယောက်က ကုန်းဒင် ကိုမတင်ပြီး ကွန်မြူနစ်ကျန်းမာရေးကို ပို့ခါးနီးမှာ ရှုလန် က ဂုဏ်သိက္ခာ ရှိတဲ့အမူအရာနဲ့ မတ်တပ်ရပ်ပြီး လူတိုင်းကို

“အဲဒီကိုပို့ဖို့နောက်ကျသွားမှာကို ကျွန်မကြောက်တယ်။ ငါတို့အခုသူ့ကိုကယ်သင့်တယ် မဟုတ်ရင် သူအသက်အန္တရာယ်ရှိနိုင်တယ်”

ရှုလန် ပြောပြီးတဲ့အခါ အားလုံးကိုသူမကိုဝိုင်းကြည့်နေကြတယ်။

ရှုလန် သည်လူတိုင်းရဲ့အကြည့်တွေကို ဂရုမစိုက်ဘဲ ကျင်းဟွ ဆီသွားကာ “ အန်တီ ကျွန်မကိုယုံရင် ကြိုးစားခွင့်ပြုပါ”

ကျင်းဟွ သည်သူရှေ့မှာရပ်နေသော ကောင်မလေးအား စမ်းသပ်ခွင့်ပေးရန် ဆုံးဖြတ်နေသည်။ ဘာမှမလုပ်တာစာရင် စမ်းသပ်ကြည့်တာကပိုကောင်းပါတယ်။ရှုလန် ရဲ့စကားကိုနားထောင်ရင်း နည်းလမ်းတစ်ခုရှိလာပုံသည်။

“ကောင်းပြီ၊ သမီးရှုလန် မင်းမှာနည်းလမ်းရှိရင် စမ်းကြည့်လို့ရပါတယ်။ ကုန်းဒင် ကိုကယ်နိုင်မယ်ဆိုရင် မင်းကိုငါ့နှသားလုံးထဲမှာ အမြဲမှတ်သားထားမှာပါ ၊ ငါအနာဂတ်မှာ မင်းကိုပြန်ပေးပါမယ်”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now