Chapter 42

2.6K 300 1
                                    


Chapter 42 ခရိုင်ရုံးသို့သွားခြင်း-၂

အဖိုးအတန်ဆုံးအရာက ဆီဖြစ်သည်။ ဒီရက်တွေမှာ ဆီက ရွှေထက်ပင် ပို၍ ‌ဈေးကြီးပေသည်။ ထို့ကြောင့် ဒီတစ်ခေါက် ရှုလန် က ဆီတစ်ကီလိုကို တစ်ကယ် ရအောင် လုပ်နိုင်ခဲ့တာက အိုက်ထန် ကို အနည်းငယ် အံ့အားသင့်စေခဲ့သည်။

“ဟုတ်တယ်။ မိန်းကလေး။ အားလုံးယူမှာ။မင်း ဒီပစ္စည်းတွေကို ဒီနေ့ဘယ်လောက်နဲ့ရောင်းမလဲ။” သူမကုန်ပစ္စည်းတွေကို မရောင်းဘဲ လှည့်ပြန်သွားမှာကိုစိုးတဲ့အတွက်ကြောင့် အိုက်ထန် က ဈေးနှုန်း အလျှင်အမြန်မေးရင်း ၎င်းတို့ကို ချက်ချင်းဝယ်ချင်ခဲ့သည်။

သူမအရင်က တောင်းခဲ့တဲ့ ဈေးနှုန်းက အနည်းငယ်နည်းနေတယ်ဆိုတာ ရှုလန် သိလေသည်။ မနေ့က ကုန်ပစ္စည်းများကို အိုက်ထန် အား ရောင်းခဲ့သောအခါ သူ့မျက်နှာပေါ်မှာ ပိုက်ဆံအများကြီး ရှာနိုင်ပြီဆိုတဲ့ အကြည့်ရှိခဲ့သည်။

ဒီတစ်ခေါက်တော့ အရင်ဈေးနှုန်းအတိုင်း သူမ သူ့ကို မရောင်းနိုင်တော့ပေ။ထို့ကြောင့်ဈေးနှုန်းအနည်းငယ်တင်ကာ “ဆန် နှင့် ဂျုံမှုန့်က ကီလိုတစ်ဝက်ကို ၄ယွမ်၊ ခေါက်ဆွဲခြောက် ကီလိုတစ်ဝက် ၅ယွမ်၊ ကြက်ဥတစ်လုံးကို ၅၀ ဆင့်။ ဆီအတွက်ကတော့ ကီလိုတစ်ဝက်ကို ၁၀ယွမ်။

ရှင့်မှာတစ်ကယ်လို့ လက်မှတ်တွေ ရှိတယ် ဆိုရင်တော့ ဆန်ကီလိုဝက် အတွက် ၃ယွမ် နှင့် ၅၀၀ဂရမ် အစားအစာကူပွန်၊ ဂျုံမှုန့် ကီလိုဝက် အတွက် ၃ယွမ် နှင့် ၅၀၀ဂရမ် အစားအစာကူပွန်၊ ခေါက်ဆွဲခြောက် ကီလိုဝက် အတွက် ၃ယွမ်၊ ၅၀ဆင့် နှင့် ၅၀၀ဂရမ် အစားအစာကူပွန်။ ဆီကီလိုဝက်အတွက် ၈ယွမ် နှင့် ၅၀၀ဂရမ် အစားအစာကူပွန် တို့‌ဖြင့်ဝယ်နိုင်တယ်။”

“ဒါပေါ့။ အရင်တစ်ခေါက်ကလိုပဲ ရှင့်မှာ အစားအစာကူပွန်တွေ မရှိဘူးဆိုရင် တစ်ခြားကူပွန် အမျိုးအစားတွေ ဒါမှမဟုတ် စက်မှုလုပ်ငန်းသုံး ကူပွန်တွေကိုလည်း အသုံးပြုနိုင်တယ်။”

သူမပြောတဲ့ဈေးနှုန်းက မနေ့ကထက် အနည်းငယ်မြင့်မားနေတာကို အိုက်ထန် ကြားခဲ့တယ်။ ဒါပေမယ့် တစ်ခြားလူများရဲ့ ဈေးနှုန်းများနှင့်ယှဉ်လျှင် ၎င်းက လက်ခံနိုင်ဖွယ်ရှိပြီး မတန်တဆ မဟုတ်ပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now