Chapter 102

2.1K 238 3
                                    

Chapter 102

ညရောက်သောအခါ ရှုလန်လည်း အိပ်ရာမဝင်ခင် ရေချိုးလိုက်သည်။ သူမက မနက်ဖြန် ခရိုင်ရုံးသို့ ပြန်သွားရန် စီစဉ်ထားပြီး အဓိကမှာ ရှုကျူးအတွက် အသုံးပြုပြီးသား ဖိနပ်များကို မှောင်ခိုဈေးကွက်သို့ သွားရောက်ဝယ်ကာ ထို၌အရောင်းအ၀ယ်အချို့ ပြုလုပ်ရန် စီစဉ်ထားသည်။

မနက်အစောကြီးထပြီး ခရိုင်ရုံးကို အပြေးသွားသည်။

သူမသည် ခြင်းတောင်းထဲတွင် ကောက်နှံအချို့ထည့်ပြီး မှောင်ခိုဈေးကွက်သို့သွားကာ အရောင်းအ၀ယ်အနည်းငယ်လုပ်ခဲ့သည်။

ယခုတစ်ကြိမ်တွင် စုစုပေါင်း ယွမ် ၁၈၀ ရရှိသည့်အပြင် သူမသည် မတူညီသော ကူပွန်များနှင့် စက်မှုပိုင်းဆိုင်ရာ ကူပွန်အမျိုးအစား များစွာကိုလည်း ရရှိခဲ့သည်။

ထို့အပြင် သူမသည် ကျောက်စိမ်းလက်ကောက် လက်ဝတ်ရတနာများစွာကိုလည်း ရရှိခဲ့သည်။

မှောင်ခိုဈေးကွက်မှ ပြန်ခါနီးတွင် အမျိုးသမီးတစ်ဦး ပြေးလာပြီး စိုးရိမ်တကြီး သူ့အားအော်ခေါ်နေသည်။ “ညီမလေး ဒီမှာ စားစရာတွေရှိသေးလား မနေ့က မင်းဆီက မဝယ်ခဲ့ရဘူး ဒါပေမယ့် ဒီနေ့ မင်းငါ့ကို ရောင်းပေးနိုင်မလား ဒီတခါတော့ ဈေးမဆစ်တော့ပါဘူး မနေ့က ပြောတဲ့ဈေးနဲ့ပဲ ဝယ်ပါ့မယ်”

ရှုလန် လှည့်ကြည့်လိုက်တော့ မနေ့က သူ့ကိုလာမေးတဲ့ အမျိုးသမီးဆိုတာတွေ့လိုက်ရသည်။

ဒါပေမယ့် ဒီတစ်ခါတော့ အမျိုးသမီးရဲ့ သဘောထားက မတူညီ‌နေ။ သူမမျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် ရှုလန်ကို နူးညံ့စွာကြည့်နေသည်။ ရှုလန် သူ့ကိုစားစရာမရောင်းမည်ကို စိုးရိမ်၍ဖြစ်သည်။

မနေ့ကရော ဒီနေ့ပါ ဒီမှောင်ခိုဈေးမှာ ဒီအမျိုးသမီးက ရောင်းရန် မေးလေသည်။

အစေ့အဆန်ကောင်းတွေ ဝယ်ရတာ မလွယ်ပေမယ့် ရောင်းသူကို ရှာတွေ့တဲ့အခါ ဈေးနှုန်းကမတရားတင်

ထားသည်ကို ရှုလန် သတိထားမိသည်။

ခဏတာ လိုက်လံရှာဖွေပြီးနောက် သူမတွေ့ခဲ့တဲ့ စပါးကောင်းတွေအကုန်လုံးက ဈေးကြီးပြီး ရှုလန်ရောင်းတဲ့ ဆန်ချောတွေက တကယ်စျေးပေါနေသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now