Chapter 51

2.6K 290 2
                                    

Chapter 51 လီလီကျွမ့် စားစရာများ တောင်းယမ်းခြင်း၁

“အဒေါ်  ဒါတွေမှာ ဘာကိုမှအလကား မပေးပါဘူး။ ဒါ‌က စားစရာတွေနဲ့ ပိုပြီး အဖိုးတန်တဲ့ ရတနာကို လဲရုံပဲလေ။ ဒါကိုတော့ အဒေါ် အရမ်းကျေးဇူးတင်နေဖို့ မလိုဘူးလေ”

ရှုလန် ရဲ့စကားတွေက မစ္စချန်း ရဲ့စိတ်ကို ပိုသက်သာစေခဲ့သည်။ မဟုတ်ရင် သူမ အလွန်အကျွံအခွင့်အရေးယူမိတဲ့အတွက် မစ္စချန်း ကို စိတ်မသက်မသာဖြစ်စေပါသည်။

မစ္စချန်းက သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ ရှုလန်။ ဒီအဒေါ်က နောက်ကျရင် သမီးနဲ့ ထပ်အလုပ်လုပ်ပါ့မယ်”

“ကိစ္စ မရှိပါဘူး အဒေါ်။ ဒါဆို အခုအိမ်ပြန်တော့မယ်နော်”

မစ္စချန်း က ရှုလန် ကိုထပ်မခေါ်ထားတော့ပေ။ ထိုအခြေအနေမျိုးတွင် ရှိနေစဉ်တွင် မည်သူမဆို ၎င်းတို့နှင့် နီးကပ်စွာ ချဉ်းကပ်လာပါက ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်မှု ရှိနိုင်မည်ဖြစ်သည်။

ရှုလန် က လူကောင်းတစ်ယောက် ဖြစ်သဖြင့် မစ္စချန်း ကသူမကို မပတ်သက်စေချင်ပါ။

မထွက်ခွာမီတွင် မစ္စချန်း က တစ်ခုခုကို ပြန်သတိရပြီး အကြံဉာဏ်ပေးရန် မတွန့်ဆုတ်ခဲ့ပေ။ “ ရှုလန် ၊ နောက်တစ်ခါ မင်းရဲ့ စားသောက်ကုန်တွေ လဲလှယ်ဖို့ မှောင်ခိုဈေးကွက်ကို သွားမယ်ဆိုရင် လူတွေက မင်းကို မမှတ်မိ‌နိုင်အောင် မင်းကိုယ်ကို ဖုံးကွယ်ထားရမယ်။

မဟုတ်ရင် မင်းအဲဒီမှာ အကြိမ်ပေါင်းများစွာ အရောင်းအ၀ယ်လုပ်ရင် မင်းရဲ့ရုပ်ရည်ကို အခြေခံပြီး လူတွေက မင်းကို အမြဲတမ်း မှတ်မိနေလိမ့်မယ်။ ဒီရက်ပိုင်း သတိထားရမယ်။ သမီးမှာ စားသောက်ကုန်တွေ ရှိပြီး အဖိုးတန်ဆုံးအရာဖြစ်တယ်။ လူကောင်းတွေ အများကြီးရှိသလို မကောင်းတဲ့လူလည်း အများကြီးရှိပါတယ်။ လူဆိုးတွေနဲ့ ရင်ဆိုင်ဖို့ မပြင်ဆင်ထားဘူးဆိုရင် ကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်သွားနိုင်တယ်။”

မစ္စချန်း ရဲ့စကားများက သူမ မှောင်ခိုဈေးမှာ  မနေ့တုန်းက သူမကိုယ်သူမ မဖုံးကွယ်ထားတာကို ပြန်သတိရသွားသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now