Chapter 148

2K 220 1
                                    

Chapter-148 ဆွေမျိုးများ ပြန်လည်တွေ့ရခြင်း(၄)

ဝေးနေတဲ့ ဆွေမျိုးလား?

ကျန်း ဖုကျီ သည် မည်သူဖြစ်သည်ကို မခန့်မှန်းနိုင်သော်လည်း သူ၏ ဆွေမျိုးတစ်ဦးက သူ့ကိုရှာတွေနိုင်သေးသည့်အတွက် သူပျော်ရွှင်မိသည်။

နှစ်များကြာလာသည်နှင့်အမျှ ကျန်းမိသားစု၏ဆွေမျိုးများမှာ မရှိသလောက်ဖြစ်လာကြသည်။

ကျန်းမိသားစု မတော်တဆမှုဖြစ်ပြီးနောက် ဆွေမျိုးများက မပတ်သတ်ချင်ကြတော့သဖြင့် အနေဝေးသွားကြသည်။

ထိုအကြောင်းအတွက် ကျန်း ဖုကျီက စောဒကတက်စရာမရှိသလို လူတိုင်း၏ မိမိကိုယ်ကို ကာကွယ်ချင်သည့်စိတ်ကို နားလည်နိုင်သည်။

ဘယ်သူမှက ထိုလောက် အလွယ်တကူ ခွင့်မလွှတ်ကြ။

အဝေးမှ ဆွေမျိုးတစ်ဦးသည် သူ့ကိုရှာရန် လာသည်ဟု ကြားသိရသဖြင့် ကျန်း ဖုကျီ သည် အလွန်စိတ်လှုပ်ရှားသွားသည်။
လုကျင်ရှန်း၏ စကားကိုကြားတော့ သူသည် ချက်ချင်း အလုပ်ခေတ္တ နားလိုက်ပြီး ဘယ်သူလဲ ဆိုတာ သိဖို့ အလျင်စလိုသွားလိုက်သည်။

ကျန်သော ကျန်း မိသားစုဝင်များလည်း အဝေးမှဆွေမျိုး မည်သူဆိုတာသိတာ သိချင်စိတ်ဖြင့် လိုက်လာကြသည်။

ကျောင်းရှုလန်ပင်လျှင် သူမ၏အလုပ်ကို ခေတ္တရပ်နားပြီး နွားအနည်းငယ်ကို မြက်ခင်းနားရှိ အပင်တွင် ချည်နှောင်ကာ ကျန်းမိသားစု၏ အိမ်သို့သွားလိုက်ပြီး ဘာတွေဖြစ်နေသည်ကို ကြည့်လိုက်သည်။

ကျန်း ဖုကျီ သည် ကျန်းချန်းကိုမြင်ပြီး ကျန်းချန်း၏ မျက်နှာကိုခဏစိုက်ကြည့်ကာ တုန်တုန်ယင်ယင်အသံဖြင့် “ကလေး၊ မင်းလား?”

ကျန်းချန်းသည် သူ့ပတ်ဝန်းကျင်တွင် လူများစွာရှိနေသေးသဖြင့် သူသတိရှိရပေမည်။ 
ထို့ကြောင့် ကျန်း ဖုကျီ ၏စကားကို ချက်ချင်းပြန်ဖြေမည့်အစား လုကျင်းရှန်းအား
“ဗိုလ်ကြီး လိုက်ပို့လို့ ကျေးဇူးတင်ပါတယ်။
လူကြီးတွေနဲ့ ခဏလောက် စကားပြောလိုက်ဦးမယ်”

လုကျင်းရှန်းက ခေါင်းညိတ်ပြီး “အင်း သွားတော့မယ် ဒါပေမဲ့ အကြာကြီးမနေနဲ့ မဟုတ်ရင် မင်းအတွက် ထိခိုက်စရာဖြစ်ကောင်းဖြစ်လာနိုင်တယ်”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now