Chapter 172

1.5K 174 1
                                    


Chapter 172 - တောဝက်ရိုင်းအား ဖမ်းဆီးခြင်း(၄)

ကျန်းမိသားစုက ကျန်းချန်း နှင့် ကျောင်းရှုလန်တို့ တောဝက်တစ်ကောင်ကို ယူလာသည်ကို တွေ့သောအခါ “မင်းတို့ တောဝက်ကို ဘယ်ကရလာတာလဲ” ဟု အံ့အားသင့်စွာ မေးလိုက်သည်။

ကျန်းချန်း နှင့် ကျောင်းရှုလန် တို့က ဖုံးကွယ်မထားဘဲ ကျန်းမိသားစုအား တောင်ပေါ်သို့ သွားခဲ့သည်ကို ပြောပြခဲ့သည်။

ကျန်းမိသားစုမှ အဖိုးအဖွားတို့က ချွေးတောင်ထွက်လာသည်။ တောဝက်ရလာလို့ ပျော်သော်လည်း ယခု၌ စိုးရိမ်စိတ်ဝင်လာလေသည်။
တစ်ခုခုဖြစ်သွားပြီး ထိခိုက်လာပါက တောဝက်မှာ အရေးမပါတော့ချေ။

“ကျန်းချန်း  ရှုလန် တောဝက်က ကောင်းတယ်ဆိုပေမယ့် နောက်ဆို မစွန့်စားပါနဲ့တော့ကွယ်”  မစ္စကျန်း က စိုးရိမ်တကြီး သတိပေးသည်။

ကျောင်းရှုလန် နဲ့ ကျန်းချန်း နှစ်ယောက်စလုံးက ခေါင်းညိတ်ပြီး “အဖွား ကျန်း  ဒီနေ့က မထင်မှတ်ပဲ ဖြစ်သွားတာ နောက်မသွားတော့ဘူး‌နော် စိတ်ချ!”

နောက်တစ်ကြိမ် ပျားပေါင်းပင်တွေကို ခုတ်မဲ့အခါ တောင်ခြေမှာသာ ခုတ်တော့မည်ဟု တွေးလိုက်ကြသည်။

ကျန်းချန်း နှင့် ကျောင်းရှုလန် ၏ ကတိပေးသည်ကို နားထောင်ပြီးနောက် မစ္စကျန်းက အခြားဘာမျှ မပြောတော့ဘဲ မြေပြင်ပေါ်ရှိ တောဝက်ကို လက်ညှိုးထိုးပြကာ “ ဒီတောဝက်ကြီးရဲ့ အလေးချိန်က ကီလိုဂရမ်များမယ်ထင်တယ် နေ့တိုင်းစားရင်တောင်မကုန်ဘူးထင်တယ် ဘာလို့ ထုတ်လုပ်ရေးအဖွဲ့ကိုလည်း မပေးတာလဲ”

ကျောင်းရှုလန် က မစ္စကျန်း၏ စကားကို ငြင်းလိုက်ကာ “အဖွားကျန်း စိတ်မပူပါနဲ့ မစားနိုင်တော့ရင် မီးခိုးနဲ့ ကျပ်တိုက်ထားလို့ရတယ် ထုတ်လုပ်ရေးအဖွဲ့ကို တမင်မပေးတာ

တောဝက်က ရတာမှ တစ်ကောင်တည်းလေ သူတို့ကိုလိုက်ခွဲ ပေးနေရင် အဖွားတို့အ‌တွက် မကျန်လောက်တော့ဘူး
အဖွားတို့ပေးချင်ရင် ခေါင်းဆောင်ရဲ့ အိမ်ကိုပေးရင်ရော

အန်ကယ်ချန်နဲ့ အန်တီချန်လည်း ရှိသေးတယ် သူတို့ဆီမရောက်တာလည်းကြာပြီ ဆိုတော့ ပေးချင်ပေးလိုက်ပေါ့  “

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now