Chapter 198

1.1K 138 0
                                    

Chapter-198 မြို့သို့သွားခြင်း(၂)

ယွမ် ၂၂၀ နှင့် စက်မှုကူပွန် ၂၂၀တို့သာ ပေးချေရမည့် ဖြစ်ပြီး ယခုခေတ်ရာဂဏန်းသည် များလွန်းသည့်ပမာဏဖြစ်သည့်အပြင် ကျေးလက်နေလူများ ထိုမျှမတတ်နိုင်ချေ။

ယင်းက ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံး၏ ထောက်ပံ့ကြေးငွေနီးပါး ရှိလေသည်။

ယွမ် ၂၂၀ တန်တဲ့ စက်မှုကူပွန်တွေကလည်း ထိုနည်းတူရရန် ခက်ခဲသည်။ ထိုကြောင့်လုကျင်ရှန်း စိတ်ပူခဲ့တာ မထူးဆန်းချေ။ ကျန်းချန်းသာ မကူညီခဲ့ပါက သူတို့အတွက် လုံးဝမဝယ်နိုင်လောက်ပေ။

အရောင်းသမားက ကျန်းချန်းအတွက် ကျသင့်ငွေစာရင်းကို ပေးပြီး ကျန်းချန်းက ပေးချေလိုက်သည်။

ဤလယ်ယာသုံးကိရိယာများအတွက် ကျန်းချန်းက ၎င်းတို့သည် စျေးကြီးသည်ဟု လုံးဝမထင်ပါ။ လယ်ယာသုံးကိရိယာများဝယ်ပြီး ထုတ်လုပ်မှုအဖွဲ့၏အခက်အခဲကို ဖြေရှင်းနိုင်သရွေ့ ငွေပိုသုံးရကျိုးနပ်သည်။

မြို့တတ်ပြီး ဒီလယ်ယာသုံးကိရိယာတွေကို ဝယ်နိုင်သည့်အတွက် စိတ်ပူစရာမလိုတော့ချေ။ ပြန်ယူသွားရန်သာလိုတော့‌သည်။

ကျောင်းရှုလန်က “ကျန်းချန်း ရှင် ဘာလို့ ဒီလောက်ချမ်းသာနေတာလဲ လစာများလို့လား”

ကျန်းချန်း အနည်းငယ်ရှက်ရွံ့စွာပြုံးပြီး “လစာက မဆိုးပါဘူးလို့ပြောကမှာပေါ။ တစ်လကို ယွမ်တစ်ရာ့နှစ်ဆယ်ပြီး‌ေျာ့ အဲ့လိုကူပွန်တွေနဲ့ ထောက်ပံ့ကြေးတွေလည်း ပေးသေးတယ်”

ကျောင်းရှုလန်က ကျန်းချန်း၏ အဖြေကိုကြားပြီးနောက် သက်ပြင်းမချနိုင်တော့ပေ။

လစာက အရမ်းများလွန်းလေသည်။

တစ်လကို ၁၂၀ယွမ်။ထိုအရာမှာများလွန်းသည်ထက် ပိုနေသည်။ မြို့ပြအလုပ်သမားတစ်ဦး၏ ပျမ်းမျှလစာမှာ ယွမ်၃၀လောက်သာရှိပြီး ကျန်းချန်းမှာမူ ထိုလစာထက်၃ဆလောက် မြင့်နေသည်။

သို့သော်လည်း ကျောင်းရှုလန်သည် ကျန်းချန်းနှင့် တခြားမြို့ပြအလုပ်သမားများနှင့် မတူသည်ကို သတိထားမိသည်။

ကျန်းချန်းက မီးရထားအင်ဂျင်နီယာတစ်ဦးဖြစ်ကာ နိုင်ငံတွင်း၌ အလွန်ရှားပါးသော အရည်အချင်းရှိသူဖြစ်ပြီး လစာပိုကောင်းသည်က ဖြစ်သင့်ပေသည်။ 21 ရာစုတွင်ပင် အရည်အချင်းရှိသောသူများ၏ လစာမှာ မြင့်မားလွန်းသည်။

“ရှင်က တော်လိုက်တာ!”

ကျောင်းရှုလန်သည် ချီးမွမ်းမှုကြောင့် ကျန်းချန်းအလွန်ပျော်သွားလေသည်။

ကျန်းချန်းက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး “အဲ့လောက်လည်း မဟုတ်ပါဘူး လစာကိုသိပ်မဖြုန်းဘဲ ထားလိုက်လို့ပါ!”

သူ့မိသားစုရဲ့ အခြေအနေက အရမ်းကောင်းပြီး ငယ်ငယ်လေးကတည်းက စားဝတ်နေရေးကို စိတ်မပူဘဲ နေ့ခဲ့ရတော့ ကျန်းချန်းက ပိုက်ဆံဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး ဘာမှအရေးမပါဟု မြင်လေသည်။

သူက ကျောင်းရှုလန်ကို သူရဲ့ဇနီးဖြစ်စေချင်လေသည်။ ထိုသို့ဖြစ်လာပါက သူ့လစာများအား ကျောင်းရှုလန်ထံသို့ပေးကာ ဝယ်စေ သုံးစေချင်သည်။ ထိုမှသာ သူရသောလစာများက အဓိပ္ပာယ်ရှိနေလေမည်။

အရောင်းသမားက သူတို့ဝယ်ထားတဲ့ လယ်ယာသုံးပစ္စည်းတွေကို အိတ်ကြီးနှစ်လုံးနှင့် ထည့်ပေးလေသည်။

သူတို့သာ အရင်မေရာက်လာခဲ့ပါက တခြားတစ်ယောက်က ဝယ်သွားမည်ဖြစ်ပြီး သူတို့ ဒုက္ခရောက်နိုင်ဦးမည်။
ဈေးဝယ်ပြီးနောက် အချိန်စောသေးသည်နှင့် နှစ်ယောက်စလုံး စိတ်အေးလက်အေး နေကြလေသည်။

ကျန်းချန်းက တစ်ခုခုကို တွေးပြီး ကျောင်းရှုလန်အား “ရဲဘော် ရှုလန် အရင်က ဒီမြို့ကို ကျွန်တော်ရောက်ဖူးပေမဲ့ တခါမှသေချာမလည်ဖူးသေးဘူး။ အခုအချိန်လည်းပိုနေဆော့ သွားကြမလား”

ကျန်းချန်း မြို့သို့မရောက်မီတွင် အန်ရှန်းကောင်တီသို့ သွားခဲ့သည်။ ထို့နောက်တွင် သူက လူရှာနေရသဖြင့် မြို့ထဲသို့လာရန် အခွင့်မရှိခဲ့ချေ။ ထို့နောက် သူသည် ကျန်းအိမ်သို့သွားကာ လုကျွမ်း ထုတ်လုပ်ရေးအဖွဲ့တွင်နေခဲ့သည်။

ဒီနေ့ လည်ရန် အခွင့်အရေးရှိနေပြီး လက်လွှတ်ခံလိုက်ပါက နောက်အခွင့်အရေး မရှိနိုင်တော့သဘို နောင်တလည်းရလောက်သည်။

ခရိုင်မြို့သို့ ပြန်မည့်ကားမှာ နေ့လည် ၂ နာရီ၌ ထွက်မည်ဖြစ်သဖြင့် မြို့ထဲမှာ ထိုင်စောင့်နေမည့်အစား လျှောက်လည်သင့်သည်။

ကျောင်းရှုလန်သည် ကျန်းချန်း၏ စကားကို ဘာမှမခံစားရသဖြင့် “ဒါပေါ့ ဒီရောက်တုန်းလေး သွားကြတာပေါ့ နောက်ဘယ်တော့မှ ထပ်ရောက်မလဲမသိနိုင်တာ”

“အင်း!” ကျန်းချန်းက ဝမ်းသာအားရ ပြန်ပြောသည်။ကျောင်းရှုလန်သာ မသွားချင်ပါက သူလည်း မသွားတော့ပေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now