Chapter 20

3.2K 304 0
                                    

Chapter 20

ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမ မှ ရှုလန် ထွက်လာပြီးနောက် လျှို့ဝှက်နေရာတစ်ခု ကိုရှာလိုက်ပြီး သူမသည် နေရာလွတ်ထဲသို့ ဝင်လိုက်ကာ ၁၉၆၀ ခုနှစ်က အချက်အလက်များကို ကြည့်နေလိုက်သည်။

1960 ခုနှစ်များ သည် တရုတ်နိုင်ငံတွင် စီမံထားသော စီးပွားရေးစနစ် ရှိသည့် ကာလဖြစ်သည်။ 1计划经济 – ကွပ်ကဲမှုစီးပွားရေး သို့မဟုတ် အမိန့်ပေးစီးပွားရေးဟုလည်း လူသိများသော စီမံကိန်းစီးပွားရေးသည် စီးပွားရေးစနစ်ဖြစ်ပြီး ဤစနစ်တွင် နိုင်ငံတော်၊ ထုတ်လုပ်မှု၊ အရင်းအမြစ်ခွဲဝေမှုနှင့် သုံးစွဲမှုကဏ္ဍများစသည်ဖြင့် အစိုးရအစီအစဉ်ဖြင့် ကြိုတင်ဆောင်ရွက်သည်။ “command Economy” ကို အများအားဖြင့် စီမံထားသော စီးပွားရေးနှင့် တူညီသော နည်းလမ်းဖြင့် အသုံးပြုသော်လည်း အသေးစိတ် ခွဲခြားပါက၊ အမိန့်ပေးသော စီးပွားရေး စနစ်သည် ထုတ်လုပ်မှု နည်းလမ်းများကို မျှဝေသည့် စီးပွားရေး စနစ်အား ရည်ညွှန်းပါသည်။ ထို့ကြောင့် အမိန့်ပေးစီးပွားရေးသည် အစီအစဉ်ဆွဲထားသော စီးပွားရေးဖြစ်ရမည်၊ သို့သော် အစီအစဉ်ဆွဲထားသောစီးပွားရေးသည် အမိန့်ပေးစီးပွားရေးမဟုတ်ပေ။ကုန်စည်ထောက်ပံ့မှု အလွန်ရှားပါးသည့်ခေတ်တွင် ထောက်ပံ့မှုနှင့် ဝယ်လိုအား မျှတစေရန်အတွက် ပြည်နယ်အစိုးရက မြို့ပြနှင့် ကျေးလက်နေပြည်သူများအတွက် ရိက္ခာ၊ အဝတ်အထည်နှင့် အခြားလိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ကာ လူဦးရေအရ ကူပွန်များ ထုတ်ပေးခဲ့သည်။

အားလုံးက ဆင်းရဲမွဲတေမှု‌ ကြောင့်ဖြစ်လာတာချည်းပင်။ ပိုက်ဆံရှိလျှင် မည်သည်ဟာကို မဆို ဝယ်နိုင်သော ပစ္စည်းများ ပေါများလှသော 21ရာစုနှင့် မတူညီစွာပင် ထိုခေတ်တွင် အစားအစာများ အလွန်ရှားပါးလှသည်။

သို့သော် အရာအားလုံးကိုတော့ ကူပွန်နဲ့ ပိုက်ဆံလိုတယ် လို့မကန့်သတ်ထားပါဘူး။ မှောင်ခိုဈေးကွက်လို နေရာမျိုးတွင်တော့ မကန့်သတ်ထားဘဲ အချို့လူတွေက ပိုက်ဆံပေးရန်သာ လိုပြီး ကူပွန်မလိုအပ်ပါ။

ကျေးလက်သားအချို့ ဆို သူတို့မိသားစု ပိုက်ဆံလိုအပ်လာပါလျင် သူတို့ရရှိထားတဲ့ အစားအစာများကို ငွေနှင့်လဲလှယ်ရန် မှောင်ခိုဈေးကွက်သို့ လာလေ့ရှိသည်။ ဝယ်သူများက ကူပွန်ပေးစရာမလိုဘဲ ပိုက်ဆံကိုသာ ပေးရန်လိုအပ်သည်။ အစားအစာ ကုန်စည်များကိုလည်း အမျိုးမျိုးသော ကူပွန်များနဲ့ လဲလှယ်၍ ရသည်။ အတိုချုပ်ပြောရမယ်ဆိုရင်တော့ ဒီနေရာကို လာသူများသည် သူတို့လိုအပ်သည်များကို ရရှိကြသည်။

ပြောရမယ်ဆိုရင်တော့ အစားအစာများ ကုန်စည်များမှာ ရှားပါးသောကြောင့် နိုင်ငံတွင်း ပုဂ္ဂလိက ရောင်းဝယ်နေမှုများကို ခွင့်မပြုထားဘဲ ထိန်းချုပ်မှုများကို အလွန်တင်းကြပ်ထားသည်။ ဖမ်းမိသွားရင်တော့ အကျိုးဆက်က အလွန်ပြင်းထန် လေးနက်‌လေသည်။ ထို့ကြောင့် မှောင်ခိုဈေးကွက်တွင် ရောင်းဝယ်သော ကုန်စည်များသည် ပုံမှန်‌အခြေအနေတွင် ရောင်းသည်ထက် သဘာဝအတိုင်းပင် ပိုဈေးကြီးသည်။

သို့သော်လည်း ဒီအခြေအနေမှာ လူတွေကတော့ ကုန်စည်တွေ ရဖို့ မှောင်ခိုဈေးကွက်သို့ သွားနေကြတုန်းပင်။ ဘယ်လောက်ပင် အန္တရာယ် များနေပါစေ အစာငတ်၍ သေရခြင်းထက်တော့ ပိုကောင်းလေသည်။ ဘယ်သူက အများကြီး ဂရုစိုက်နေမှာလဲ။ ဗိုက်ပြည့်အောင် နေနိုင်ဖို့က အရေးအကြီးဆုံးပင်။

အကြမ်းဖျင်းနားလည်သွားပြီးနောက် ရှုလန် နေရာလွတ်ထဲမှ ထွက်လာလိုက်သည်။

သူမ၏ နေရာလွတ်ထဲတွင် အရာအားလုံးရှိနေသော်လည်း ဒီခေတ်ရှိ ပစ္စည်းများနှင့် မတူကွဲ‌ပြားနေသောကြောင့် အလွယ်တကူ ထုတ်ယူရန် မဖြစ်နိုင်ပေ။

သူမက ကူပွန်အမျိုးမျိုးနှင့် ပိုက်ဆံများကို လိုချင်ပါက မှောင်ခိုဈေးကွက်ကို သွားလို့ရလေသည်။ ဘာပဲဖြစ်ဖြစ် သူမရဲ့ နေရာလွတ်မှာ အစားအစာတွေ ရှိတဲ့အတွက်ကြောင့် အနည်းငယ်ထုတ်ယူလိုက်လျှင်လည်း ဘာမှ ထူးခြားသွားတာမရှိပေ။

ဒီအချိန်မှာတော့ လူတော်တော်များများက အစားအစာ ပြတ်လတ်နေကြသည်။

သူမသာ မှောင်ခိုဈေးကွက်ကို အစားအစာတွေ ယူပြီး သွားရောင်းမယ်ဆို သူမ ကူပွန်နဲ့ ပိုက်ဆံ အချို့ကို ရနိုင်လေသည်။

ထိုသို့တွေးလိုက်ပြီး သူမ ဂျုံဖြူ 5ကီလိုဂရမ်၊ ဆန် 5ကီလိုဂရမ်၊ ခေါက်ဆွဲ 5ကီလိုဂရမ် ကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်သည်။

သူမသည် လုံလောက်သော ရိက္ခာများကို သိုလှောင်ရန် သူမ၏ နေရာရှိ ပစ္စည်းအားလုံးကို မူလက ဝယ်ယူခဲ့သည်။ အများစုမှာ အဖြူရောင်အိတ်များဖြင့် ထုပ်ပိုးထားပြီး အမှတ်တံဆိပ်မရှိပေ။

မဟုတ်ရင် ၂၁ ရာစုရဲ့ အမှတ်အသားတွေနဲ့ ဘာကိုမှ ထုတ်ဖော်ဝံ့မှာ မဟုတ်ဘူး။

ဒီပစ္စည်းတွေကို ခြင်းတောင်းထဲသယ်ပြီး ခရိုင်ရုံးမှာ မှောင်ခိုဈေးကို လိုက်ရှာ၏။

မှောင်ခိုဈေးကွက်အကြောင်း တခြားသူတွေကို မေးဖို့ နည်းလမ်းမရှိသလို အရင်ကလည်း မရောက်ဖူးတဲ့အတွက် သူမ တည်နေရာကို မသိပါ။

သို့သော်လည်း သူမရဲ့ ကိုယ်ပိုင်အသိတရားနဲ့ ဆုံးဖြတ်ရမယ်ဆိုရင်တော့ ဒါမျိုးက ပြောင်ပြောင်တင်းတင်း လုပ်လို့မရသောကြောင့် သူမသာ လျှို့ဝှက်တဲ့နေရာကို သွားမယ်ဆိုရင် သူမ မှောင်ခိုဈေးကွက် ကို ရှာတွေ့ပြီး သူမ ရောင်းဝယ်နိုင်မည့် လူကို ရှာတွေ့နိုင်ပေမည်။

မျှော်လင့်တဲ့ အတိုင်းပင်။ သူမ လမ်းကျဉ်းထဲ ဝင်သွားသည်နှင့် လူများစွာက လိုက်ရှာနေသည်ကို တွေ့လိုက်ရသည်။

မှောင်ခိုဈေးကွက်သည် တရားမဝင်သော်လည်း သူများစွာက အစားအစာ မရှိတော့သလို ဘာမှမရှိတော့ သည့်အချိန်တွင် သူတို့က အစားအစာ အချို့ကို ရလိုရငှား စွန့်စား၍ လာကြ‌သည်။

စုတ်ပြတ်တဲ့ အဝတ်အစားကို ဝတ်ထားပြီး အာဟာရ ချို့တဲ့နေတဲ့သူတွေကို မြင်တော့ သူတို့ကို သွားမမေးလိုက်ပေ။

သူမ ကူပွန်နဲ့ ပိုက်ဆံကို လိုချင်သော်လည်း သူမသည် သူတို့က သူမအစားအစာကို ဝယ်ဖို့ သူတို့မှာ ကူပွန် မဟုတ်ရင် ပိုက်ဆံမရှိမှာကို စိုး‌ရိမ်နေသည်။

မှောင်ခိုဈေးကွက် တွင်ရောင်းဝယ်ဖောက်ကားနေသူများသည် သေချာပေါက် ပိုက်ဆံရှိနေတာ မဟုတ်ပေ။

ကြမ်းတမ်းရမ်းကားပြီး ကူပွန်ကော ပိုက်ဆံရော မရှိသူများသည် စားသောက်ကုန်များကို အခြားသူသာ ယူသွားပါက တိုက်ရိုက်ပင် လုယူနိုင်လေသည်။

သူမ ဆင်းရဲသူများကို ခွဲခြားတာမျိုးမဟုတ်ပေမဲ့ မှောင်ခိုဈေးကွက်မှာ ရောင်းဝယ်မည်ဆိုပါက သူမ ပိုပြီး သတိထားလေ ပိုကောင်းလေဟု တွေးမိသည်။

သူမ ပတ်ပတ်လည်ကို လိုက်ရှာပြီးနောက် နောက်ဆုံးတော့သူမ အနက်ရောင် ယူနီဖောင်း ဝတ်ထားပြီး ရွှေရောင်မျက်မှန် ဝတ်ထားသည့် အမျိုးသားတစ်ဦး၏ ပိန်ပိန်ပါးပါး အသွင်အပြင်ကို တွေ့လိုက်ရသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now