Chapter 33

2.6K 274 1
                                    

Chapter 33

ရှုလန် ကသူမ ယူလာတဲ့ စားစရာတွေကို ယုမိန် က စားမယ်လို့ ပြောနေတဲ့အသံကို ကြားတော့ သူမအနည်းငယ်မပျော်မရွှင်ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူတို့ အတူနေထိုင်နေသရွေ့တော့ သူမရဲ့ မိထွေးအနေနဲ့ သူမအနာဂတ်မှာ အိမ်ခွဲမနေခင်အထိတော့ သူမအိမ်ကိုယူလာသမျှ အရာတွေကို မျှဝေပေးရဦးမှာပင်။ ဒီတော့ သူမ ဘာမှ မဆန့်ကျင်တော့ပေ။

“ကောင်းပြီ။ အဖေ တစ်မိသားစုလုံး ဒီည ပြောင်းခေါက်ဆွဲကို စားကြမယ်။

ငါတို့မှာ ထမင်းနှစ်နှပ်လောက်ကို ကောင်းကောင်းစားဖို့ လုံလောက်တယ်”

“ဒီည ကျွန်မ နည်းနည်းပိုချက်လိုက်မယ်။ အားလုံး ဗိုက်ပြည့်အောင်။ ရှုကျူး နဲ့ ကျွန်မက ဗိုက်ပြည့်အောင် မစားရတာ တော်တော်ကြာနေပြီး ဗိုက်ပြည့်တယ်ဆိုတဲ့ ခံစားချက်ကိုတောင် မသိတော့ဘူး။ ဒီနေ့ ကြင်နာတဲ့လူတွေကို ကျေးဇူးတင်ရမယ်” ရှုလန်က အနည်းငယ် လှည့်စားကာ ခံစားပြလိုက်ပြီး သူမရှေ့က ဝေကောင်း ကို တမင်တကာပင် တိုင်တန်းလိုက်သည်။

သူမ ရှုကျူး နဲ့သူမ ဘဝကဘယ်လောက်တောင် သနားစရာကောင်းပြီး ခက်ခဲနေတယ်ဆိုတာကို သူ့ကို ပြောပြချင်ရုံပါ။

အကယ်၍ ဝေကောင်း က သူမနဲ့ ရှုကျူး တို့ရဲ့ ဘဝကမလွယ်ကူဘူးဆိုတာကို သိသွားရင် အနာဂတ်မှာ သူ့ရဲ့စိတ်က သူမတို့ဆီ ပြန်ရောက်လာနိုင်လေသည်။

မူလပိုင်ရှင်ကတော့ အရမ်းကို တွေးပေးတတ်ပြီး နစ်နာသည်များကို သူမစိတ်ထဲတွင်သာ အားလုံး သိမ်းထားလေသည်။ အချိန်ကြာလာတော့ ဝေကောင်း ကမှားတယ်လို့ပင် မခံစားရတော့ဘဲ ညီအစ်မနှစ်ယောက်ကို ကူညီပေးခြင်းပင် မရှိတော့ပါ။

ဝေကောင်း က ရှုလန် ပြန်ယူလာတဲ့ စားစရာတွေကို ကြည့်ရှုနေလေသည်။ သူသည် အလွန်ပျော်နေပြီး ဒါတွေကို သူမဘယ်လိုရလာတယ်ဆိုတာကိုပင် မေ့လျော့သွားသည်။

ကြင်နာတဲ့ လူတွေက သူမအရမ်းပိန်ပါးတာကို မြင်ပြီး သနားတဲ့လူတွေက ပေးတာလို့‌ ပြောခဲ့သည်။

သူ့ရဲ့ နှလုံးသားက အနည်းငယ် ချဉ်တူးသွားခဲ့သည်။

သူက အဖေဖြစ်ဖို့ အရည်အချင်း မရှိလှပေ။ သူ ယုမိန် ကိုလက်ထပ်ပြီး ကတည်းက သူ ရှုလန် နဲ့ ရှုကျူး ကိုဘယ်တော့မှ ဂရုမစိုက်ခဲ့ပုံ ရသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now