Chapter 113

2K 200 1
                                    

Chapter-113 ကျောင်းရှုလန်၏ဂရုဏာများ(၃)

ကျန်းမိသားစုသည် တစ်နှစ်လျှင် ကောင်းမွန်သော အစေ့အဆန် အကြိမ်များစွာ မစားနိုင်ဘဲ အရသာမရှိသော wowatou(ပေါင်မုန့်ပေါင်း)ကို စားသုံးလေ့ရှိသည်။ ယာဂုနံ့တွေရလို့ အရမ်းသရေကျနေသည်မှာ အံ့ဩစရာမကောင်းတော့ပေ။

အိုးထဲရှိ ဂျုံယာဂုကို ခဏနှပ်သဖြင့် အလွန်စေးကပ်ကာ နူးညံ့အရသာရှိလာသည်။

ကျောင်းရှုလန် ပြုလုပ်သော ယာဂုသည် ဤခေတ်က အခြားသူများပြုလုပ်သော ယာဂုနှင့် ကွဲပြားသည်။ ဒီဘက်ခေတ်မှာ စားနပ်ရိက္ခာရှားပါးလာသည့်အတွက် အခြားလူများဟာ ယာဂုချက်ပြုတ်တဲ့အခါ ဆန်များစွာ မထည့်ချင်ကြပေ။ ထမင်းလက်တစ်ဆုပ်စာသည် ထမင်းဆန်ပြုတ်လုပ်ရန် အလွန်ညီမျှ‌နေလေသည်။ ယာဂုဇလုံတစ်ခုတွင် ဆန်နည်းနည်းတောင် မပါပါက အစာအိမ်ကောင်းစွာ အလုပ်လုပ်ရန်အကျိုးမပြုပါ။

ကျောင်းရှုလန် ချက်ပြုတ်ထားသော ဂျုံယာဂုသည် ပိုအရသာစိမ့်ဝင်နေပြီး အခြားဂျုံမှုန့် ယာဂုများထက်ပိုကောင်းနေ၏။

ယာဂုပြုတ်ဖို့ စောင့်ရင်း မဒမ်ကျင်း က ဇလုံကိုယူပြီး ကျောင်းရှုလန် ကို ပေးလိုက်သည်။

ကျန်းမိသားစု၏ ပန်းကန်များသည် ညစ်ပတ်ကာ ပေါက်နေသောကြောင့် ယာဂုထည့်ရန်မကောင်းလှ။ ကျောင်းရှုလန်က ထမင်းပန်းကန်ပြင်လိုက်ပြီး  ကျင်းထိုင်ဒင် စားနိင်ရန်ကူညီပေးလိုက်သည်။

အခန်းထဲမှ ယာဂုအနံ့ကိုခံနေသော ကျန်းရှောင်းယာ က ပြင်းပြင်းထန်ထန် ရှူလိုက်ပြီး သက်ပြင်းမချနိုင်ဘဲ “အရမ်းမွှေးတာပဲ မမရှုလန် မမရဲ့ ယာဂုက အရမ်းမွှေးတာပဲ”

ကျောင်းရှုလန်က ပြုံးပြီး “ယာဂုက မွှေးနေတာမဟုတ်ဘူး ထမင်းဖြူက မွှေးနေတာ ညီမလေးရဲ့”

“မမရှုလန် ထမင်းဖြူနဲ့ဂျုံယာဂု အရသာရှိနေမှာပဲနော်!”

ကျန်းရှောင်းယာ ပြောပြီးတဲ့အခါ သူမက ကျန်းထျဲ့တန်ကို “အစ်ကို  မမရှုလန်က ထမင်းဖြူ လာယူလာပေးတယ် အရသာရှိတာမို့ မြန်မြန်စားလိုက်နော်”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now