Chapter 122

2.2K 217 0
                                    

Chapter-122 အလကားပေးသော ငါးကြင်းများ(၂)

ထမင်းဟင်းမရှိရင် ကလေးက ငတ်နေလိမ့်မည်။

ဆောင်ချိုက်ရှားသည် ကျောင်းရှုလန်၏ကြင်နာမှုကို လက်ခံရန်အနည်းငယ် ရှက်သော်လည်း သူမသည်နောက်ဆုံးတွင်ငြင်းဆန်ရန် တုံ့ဆိုင်းသွားခဲ့သည်။

သူမသည် သူ့ကိုယ်သူ ဂရုမစိုက်နိုင် ကလေးကို အဓိက တွေးတောကာ ကလေးကို တစ်ချိန်လုံး ဗိုက်မဆာစေချင်ပေ။

ထမင်းစွပ်ပြုတ်ကသာ အာဟာရပြည့်နိုင်ပေမယ့် နို့က ပို၍ကောင်းလေသည်။

ဒီရက်ပိုင်း ကလေးက အစာမစားနိုင်လို့ နည်းနည်းပိန်လာသည်။ ဒီအခြေအနေကိုမြင်တော့ အမေဖြစ်သူက အရမ်းစိတ်မကောင်းဖြစ်ရသည်။

ဆောင်ချိုက်ရှားက ကျောင်းရှုလန်ကို ကျေးဇူးတင်စွာကြည့်ကာ “ညီမ ရှုလန် အားနာစရာကြီးကွယ်  ဒီကို ဒီတိုင်းလာတာမဟုတ်ဘူး ဘာလို့ဒါတွေယူလာတာတုန်း”

ကျောင်းရှုလန်က ပြုံးပြီးပြောတယ် “မမ ကျေးလက်က မြစ်တွေမှာ ငါးတွေ အများကြီးရှိတာဆိုတော့ မမက ပိုလိုတယ်လို့ ထင်လို့ သူတို့နှစ်ကောင် ဖမ်းပြီးယူလာတာ

စိတ်မပူပါနဲ့ အိမ်မှာ တခြားငါးတွေ စားလာတယ် ဒါပေမဲ့ ခရူဆီယံငါးကြင်းကို တမင်တကာ မမအတွက် ယူလာတာ သူတို့က နှစ်ကောင်ပဲရှိတာလေ “

ကျောင်းရှုလန် ပြောတာကိုကြားတော့ ငွေပေးဝယ်လာသည်မဟုတ်၍ ဆောင်ချိုက်ရှားက နည်းနည်းစိတ်သက်သာသွားသည်။ မဟုတ်ရင် ကျောင်းရှုလန်သာ ပိုက်ဆံနဲ့ဝယ်လာရင် ဆောင်ချိုက်ရှား ပိုအားနာနေရမည်။

ခရူဆီယံ ငါးကြင်းနှစ်ကောင်သာရှိသော်လည်း၊ ဆောင်ချိုက်ရှားအတွက် အလွန်ရှားပါးသောအရာဖြစ်သည်။ ဆောင်ချိုက်ရှားသည်  ထိုငါးက အနည်းငယ်သာ ရှိသည်ဟုမထင်ပေ။ ကျောင်းရှုလန်ကို ကျေးဇူးတင်ရုံသာ တတ်နိုင်တော့သည်။

ဆောင်ချိုက်ရှားက ငါးကိုယူလိုက်ပြီး “ညီမ ရှုလန် မမအားမနာနေတော့ဘူး မြန်မြန်ထပြီး အခန်းထဲမှာထိုင် အမက သောက်ဖို့ သကြားရေတစ်ခွက် လုပ်ပေးမယ်။ ညနေစာ အတူတူစားကြတာပေါ့”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now