Chapter 182

1.3K 160 0
                                    

Chapter 182 - ပစ္စည်းကောင်းများ ဝယ်ယူခြင်း(၂)

ကျောင်းရှုကျူးသည် ငယ်ရွယ်သေးပြီး ကျောင်းမတက်သေးသော်လည်း ကျောင်းရှုလန်၏ အမြင်အရ အချို့လူများသည် စာမဖတ်ပဲ မလိုမအပ်သည်များကို လုပ်နေကြောင်းတွေ့ရသည်။

မူလတန်းကျောင်းမှ အလယ်တန်းကျောင်းအထိ ဖတ်စာအုပ်များရှိပြီး ဝယ်ပြီးမလိုသေးပါက သိမ်းထားနိုင်ပေသည်။

မကြာမီကာလအတွင်း ကောလိပ်ဝင်ခွင့်စာမေးပွဲ မကျင်းပနိုင်သော်လည်း နောင်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပလိမ့်မည်ဖြစ်သည်။

ကျောင်းရှုကျူးကို  ကောလိပ်တက်နိုင်စေရန်နှ ဤဖတ်စာအုပ်များကို သူမအားလေ့လာစေချင်ပေသည်။

ဒီလိုမှမဟုတ်ရင် ကောလိပ်ဝင်ခွင့်စာမေးပွဲတွေ ပြန်စတဲ့အခါ ကျောင်းသုံးစာအုပ်တွေ လွယ်လွယ်ကူကူ မဝယ်နိုင်မှာက စိုးရိမ်စရာပေ။

လောလောဆယ်မှာ အမှိုက်ရုံနားတွင် ရောင်းနေလေပြီး ကျောင်းရှုလန်က ထိုအရာများအား ဝယ်လိုက်တော့သည်။

စာအုပ်တွေဝယ်တုန်းက ပိုကောင်းတဲ့ မိတ္တူစာအုပ်ကို မြင်လိုက်မိသည်။ ထိုအရာက  ကျောင်းရှုကျူးအတွက် လက်ရေးလှရေးလေ့ကျင့်ရန် အဆင်ပြေလောက်မည်။စာဖတ်ခြင်းသည် အရေးကြီးသလို စာကောင်းကောင်းရေးတတ်ရန်လည်း လိုအပ်ပေသည်။

ထိုသို့သော အခြေအနေများ ရှိလာသောကြောင့် အမှိုက်ရုံ၌ ငွေများများသုံးနေရန်မလိုဘဲ အချို့ကို ပြန်လည်အသုံးချရန်လိုသည်။

ထို့အပြင် သူမက အတော်လေးကောင်းမွန်သော inkstone တစ်ခုကို တွေ့ရှိခဲ့သည်။

Shezhou Inkstone (ရှဲကျိုး)လို့ နာမည်အပြည့်အစုံရှိတဲ့ Inkstone ဟာ တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ မှင်ကျောက်တုံးလေးခုထဲက တစ်ခုဖြစ်၏။  ကျောက်စိမ်းကဲ့သို့ တောက်ပပြီး အရောင်ထွက်အားကောင်းသည့်မှင် ရေစိုပါကလည်း မပျက်စီးနိုင်လေသော ထိုမှင်ကျောက်ကို တွေ့လေသည်။

ဤအရာသည် ရတနာတစ်ခုဟုလည်း မှတ်ယူကြပြီး ကျောင်းရှုလန်က ၎င်းကို ဝယ်ယူပြီးနောက် နေရာလွတ်ထဲသို့ ထည့်လိုက်၏။ ကျောင်းရှုကျူး အား မှင်စာလေ့လာပြီး လက်ရေးလှလေ့ကျင့်ရန် ဤမှင်ကျောက်ကို အသုံးပြုနိုင်သည်။

အချိန်အတော်ကြာပြီးနောက် ကျောင်းရှုလန်က အရာများစွာကို ရှာဖွေတွေ့ရှိခဲ့သော်ပြီး သူမသည် ဗီလိန်စာအုပ်နှင့် ပြဋ္ဌာန်းစာအုပ်အချို့ကိုသာ ထုတ်ယူခဲ့ပြီး အခြားကောင်းသောအရာများကို နေရာလွတ်ထဲ၌ ထည့်သိမ်းထားလေသည်။

ထိုအရာများက မျက်စိကျလွယ်သည့်အပြင် ဝန်ထမ်းများစပ်စုမည်ကို စိုးသောကြောင့် နေရာလွတ်ထဲသို့ ထည့်သိမ်းလိုက်ရသည်။

ပြီးနောက် ကျောင်းရှုလန်က ဗီလိန်စာအုပ်နှင့် ရှုကျူးအတွက် စာအုပ်များကို ယူကာ ကျန်သည့်ပိုငွေများကိုလည်း နေရာလွတ်ထဲသို့ ထည့်လိုက်သည်။
ထိုအရာများလုပ်ပြီးနောက် ကျောင်းရှုလန်သည် စက်ဘီးများကိုကြည့်ရှုရန် ထောက်ပံ့ရေးနှင့်စျေးကွက်ရှာဖွေရေးအေဂျင်စီဆီသို့ သွားလိုက်သည်။

ခရိုင်မြို့သည် မြို့နှင့်မြို့တော်လောက် အခြေအနေ မကောင်းသေးဘဲ ရိက္ခာပြတ်လပ်နေဆဲဖြစ်သည်။

စက်ဘီး အများကြီးမရှိပေမယ့် စျေးကတော့ မြို့ကထက် နည်းနည်းပိုမြင့်၏။

ရှန်ဟိုင်း၏ “အမြဲတမ်း” “ဖီးနစ်” နှင့် တီယန်ကျင်း၏ “ခိုပျံ” နှင့် “အလံနီ” နာမည်ကြီးအမှတ်တံဆိပ် လေးခုအပြင် ဝန်များကို သယ်ဆောင်နိုင်သော ကျင်းတောင်း၏ “ဒါကျင်းလူ” လည်း ရောင်းပေသည်။ သို့သော်ဈေးမနိမ့်လှချေ။

နှစ်ဆယ့်တစ်ရာစုကဲ့သို့ စက်ဘီးပုံစံများ အများအပြားမရှိသော်လည်း 28-bar စတိုင်သာရှိသည်။

အထူးသဖြင့် ထိုအရာမျယးက ကျောင်းရှုလန်လို မိန်းကလေးတွေအတွက် မသင့်တော်ပေ။

သို့သော်လည်း စက်ဘီးဈေးက ထုတ်လုပ်ရေးအဖွဲ့နှင့်  ခရိုင်မြို့ကြား အပြန်ပြန်အလှန်လှန် လမ်းလျှောက်ခြင်းထက် အရမ်းသက်သာလွန်းသည်ာ

ကျောင်းရှုလန်၏ နေရာလွတ်၌ အမျိုးသမီးစက်ဘီးအချို့ရှိသော်လည်း ၎င်းတို့သည် ဤခေတ်နှင့်မသင့်တော်သလို ထုတ်ယူလို့လည်း မရနိုင်ပေ။  ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမ၌ ဤခေတ်နှင့် ကိုက်ညီသော စက်ဘီးများကိုသာ ဝယ်ယူလို့ရနိုင်ပါသည်။

ကျောင်းရှုလန်က ၎င်းကို ကြိမ်ဖန်များစွာ ကြည့်ခဲ့ပြီး နောက်ဆုံးတွင် ရှန်ဟိုင်း”အမြဲတမ်း”စက်ဘီးကို ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။  ထောက်ပံ့ရေးနှင့်စျေးကွက်ရှာဖွေရေးအေဂျင်စီမှသတ်မှတ်ထားသောစျေးနှုန်းမှာယွမ် 160 ဖြစ်သည်။

ကောင်းအိုက်ထန်က ပြီးခဲ့သည့်‌တစ်ခေါက်က ပေးခဲ့တဲ့ ပိုက်ဆံနဲ့ စက်ဘီးလက်မှတ်ကို ပေးလိုက်သော်လည်း ငွေမနည်းသွားချေ။

သို့သော် ကျောင်းရှုလန်က စက်ဘီးဝယ်နိုင်သည့်အတွက် အလွန်ပျော်နေသေးသည်။

စက်ဘီးစီးပြီး လမ်းမှာ လျှောက်သွားရသည်က အရမ်းမိုက်သည်။

လမ်းလျှောက်ပါက နှစ်နာရီကြာသော်လည်း ယခုစက်ဘီးဖြင့် နာရီဝက်လောက်သာ ကြာတော့သည်။

နေ့ခင်းဘက်တွင် ကျောင်းရှုလန်က ကျောင်းရှုကျူးကို စားစရာပေးရန်အတွက် သွားခဲ့သည့်အခါ၌ ကျောင်းရှုကျူးကို ဝတ္ထုစာအုပ် ပေးခဲ့သည်။

စာအုပ်လေးကိုမြင်တော့ ကျောင်းရှုကျူးက ရတနာတစ်ခုရသလို အရမ်းအသစ်အဆန်းဖြစ်နေလေသည်။

zawgyi

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now