Chapter 28

2.7K 297 0
                                    

Chapter 28

ရှုလန်က “ဘယ်လိုလုပ်ရမလဲသိတယ်။ ကျွန်မ ထရပ်ကားတွေကို ပြင်နိုင်တယ်။ ကျွန်မရဲ့ စွမ်းရည်က မကောင်းပေမဲ့ ဒါကို ကြိုးစားလို့ရတယ်”

သူမရဲ့ စကားတွေကို ကြားတော့ ချင်ကောင်းနဲ့ ချန်း နှစ်ယောက်စလုံးက သူမကို အံ့အားတကြီး ‌ကြည့်လိုက်သည်။

သူမက ထရပ်ကားတွေကို ပြင်နိုင်တယ်။

နည်းလမ်းမသိဘဲနဲ့လေ။ မဟုတ်ဘူးလား။

ဒီခေတ်အချိန်တွင် ထရပ်ကားများက တွေ့နေကျမဟုတ်သလို ၎င်းတို့အား ပြင်နိုင်သူမှာလည်း နည်းပါးလေသည်။ ခရိုင်မြို့တွင် တစ်ယောက်၊ နှစ်ယောက်မျှသာ ရှာတွေ့နိုင်လေသည်။ ဒီတော့ သူတို့က ‌ကျေးလက်က လာတဲ့မိန်းကလေး ရှုလန် က ပြင်တတ်တာကို မယုံနိုင်ကြပေ။

သူတို့နှစ်ယောက်ရဲ့ အမူအရာကို ကြည့်ပြီး သူတို့ဘာတွေးနေတယ်ဆိုတာကို ရှုလန် သိနေပေမယ့် သူတို့အား အမှန်ကို မပြောပြနိုင်ပေ။

ကားတွေနဲ့ ထရပ်ကားတွေကို ပြင်တာက ကမ္ဘာပျက်ကပ်မှာ သိသင့်တဲ့ အခြေခံလိုအပ်ချက်ပင်ဖြစ်သည်။ ဇွန်ဘီများကို ရှောင်တိမ်းနိုင်ဖို့ ကားနဲ့ ထရပ်ကားများက အလွန်ပင် အရေးကြီးတဲ့ အရာများပင်ဖြစ်သည်။

ကမ္ဘာပျက်ကပ်မတိုင်မှီ သူမတမင်သက်သက်ပင် စက်ပြင်တာ သင်ပေးတဲ့ကျောင်းကိုသွားပြီး လေ့လာခဲ့သည်။

သူမက ပရော်ဖက်ရှင်နယ် စက်ပြင်သမားမဟုတ်ပေမယ့် သူမက သာမာန်ပြဿနာများကိုတော့ ဖြေရှင်းနိုင်လေသည်။

ဒီကိစ္စတွင် သူမအရင်က ကြုံတွေ့ခဲ့ရတဲ့ ကားနဲ့ ထရပ်ကားရဲ့ ပြဿနာအများစုကို သူမပြင်နိုင်ခဲ့သည်။

ထိုယောက်ျားနှစ်ယောက်ရဲ့ သူမအပေါ်တွင် စိုက်ကြည့်နေသော အကြည့်အောက်တွင် သူမက ကားခေါင်မိုးကို ဖွင့်လိုက်ပြီး စစ်ဆေးနေလိုက်သည်။

ချင်ကောင်းက သူမ ထရပ်ကားကို စစ်ဆေးနေတာကို မြင်လိုက်တဲ့အခါ သူမက စက်ပြင်တတ်တဲ့သူ နဲ့တူတယ်လို့ တွေးလိုက်မိသည်။

သူမ မပြင်နိုင်ရင်တောင် ဒါက ပြဿနာအားလုံးမဟုတ်ပေ။

သူ့ရဲ့စိတ်ထဲတွင် မျှော်လင့်ချက်အနည်းငယ်ပေါ်လာပြီး သူမ ဒါကို တကယ်ပြင်နိုင်ဖို့ မျှော်လင့်နေမိသည်။ မဟုတ်ရင် ထရပ်ကားက ဒီနေရာကနေ ထွက်ခွာဖို့ မဖြစ်နိုင်တော့ဘူး။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now