Chapter 57

2.5K 315 1
                                    

Chapter 57 လီကျွမ့်အခြားသူတွေရဲ့အစားအသောက်များခိုးယူခြင်း - ၁

လီကျွမ့် အနည်းငယ် ထစ်ထစ်ငေါ့ငေါ့တော့ ဖြစ်သွားခဲ့တယ်။ ထို့နောက် ‘ငါ အစားအစာ လာရှာတာလို့’ အဖွားအိုကို အော်ပြောလိုက်တယ်။ “အဖွားကြီး ငါ့ကို အစားအသောက်နည်းနည်းပေးစမ်း”

ဒီမိန်ကလေးကတော့ ဘယ်လိုဖြစ်နေတာလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့  ကိုယ်စားမဲ့ အစားအစာ ဝယ်ဖို့ အလုပ်မလုပ်ချင်ဘဲနဲ့ ဘာလို့ အခြားသူဆီက တောင်းစားနေရတာလဲ။ ဒီအလေ့အကျင့်က ဘာအတွက်မှကို မကောင်းတာကြီးကို။

“ ထွက်သွားစမ်း။ ငါ့ခြံထဲကို မလာခဲ့နဲ့။ငါ့လုပ်စရာတွေ ရှိသေးတယ်။”

အဖွားအိုဟာ လီကျွမ့် ကို အဝေးကို မောင်းထုတ်လိုက်တယ်။

ဒါပေမဲ့ လီကျွမ့် ကတော့ နှုတ်ခမ်းကိုက်လိုက်ပြီး ထွက်သွားချင်ပုံ မပြပါဘူး။

ခြံထဲကို တချက်ကြည့်လိုက်ပြီးနောက် အဖွားအိုကလွဲပြီး ဘယ်သူမှ မရှိတာကို သတိထားမိသွားတယ်။ထို့ကြောင့် မြေကြီးပေါ်က အခြောက်မခံရသေးတဲ့ ပြောင်းဖူးတွေပါတဲ့ အိတ်ကြီးကို ဆွဲပြီး ခြံထဲကနေ ထွက်ပြေးခဲ့လိုက်တယ်။

အဖွားအိုက လီကျွမ့် ပြောင်းဖူးတွေ ခိုးသွားတာ မြင်တော့ ခဏအံ့သြသွားသည်၊ ဒါပေမဲ့ ချက်ချင်းသတိဝင်လာခဲ့ကာ လီကျွမ့် ရဲ့နောက်ကိုလိုက်သွားပြီး သူမ ထွက်မသွားနိုင်အောင် သူမရဲ့ အင်္ကျီကို ဆွဲထားလိုက်သည်။

“ဟဲ့ကလေးမ မင်းဘာတွေလုပ်နေတာလဲ။ ဘယ်လိုလုပ်ပြီး ငါ့မိသားစုရဲ့ အစားအစာတွေကို ခိုးနိုင်ရတာလဲ။အဲ့ဒါတွေငါ့ကို မြန်မြန်ပြန်ပေးစမ်း။”

လီကျွမ့် မျက်မှောင်ကြုပ်လိုက်ပြီး အဖွားအိုကို အဝေးကို တွန်းထုတ်လိုက်တယ်။ “ဒီအဖွားကြီး ကတော့။ သွားစမ်းပါ။”

အဖွားအိုဟာ တွန်းလှဲခံရတော့ မြေပြင်ပေါ် လဲကျသွားတယ်။ နာကျင်သွားတဲ့အတွက် တော်တော်နဲ့ ပြန်မထနိုင်ပါဘူး။

လီကျွမ့် အစားအသောက်တွေ မြန်မြန်ယူလိုက်ပြီး ခြံထဲကနေ အမြန်ထွက်လာခဲ့တယ်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now