Chapter 150

2.1K 236 2
                                    

Chapter 150 - ရှုလန်၏ ရုပ်သေးရုပ်ဖြစ်လာခြင်း (၁)

ကျန်းချန်းက ကျန်းရှောင်ယ နဲ့ ကျန်းထျဲ့တန်ကို ပြုံးပြီး "ကလေးတို့ မင်းတို့နာမည် ဘယ်လိုခေါ်လဲ"

  "အကို ကျန်းချန်း ငါ့နာမည် ကျန်းရှောင်ယ!"

  "ငါ့နာမည် ကျန်းထျဲ့တန်ပါ"

  "ဟားဟား  မင်းတို့က ချစ်စရာလေးတွေပဲ"  ကျန်းချန်း က ကျန်းရှောင်ယ နှင့် ကျန်းထျဲ့တန်၏ မျက်နှာလေးများကို ကိုင်ရင်း ပြောလိုက်သည်။

  ကျန်းရှောင်ယ က ကျန်းချန်းကို ကြည့်ကာ အရမ်းသဘောကျသွားပြီး  "အကို ကျန်းချန်း အကိုကအရမ်းကြည့်ကောင်းတာပဲ မမရှုလန် နဲ့တူတယ် နောက်လည်း မမရှုလန် ရဲ့ လက်တွဲဖော်ဖြစ်လာရင်ကောင်းမယ်  ”

  ကျန်းရှောင်ယ က ဒီလိုပြောတဲ့အခါ ကျန်း မိသားစုထဲက ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။

  ဒိကလေးကို ဘယ်သူက သင်ပေးမှန်းလည်း မသိသလို ကလေးက ပြောလည်းပြောတတ်လွန်းသည်။

  သို့သော်လည်း ကျန်းမိသားစုက ကျန်းရှောင်ယ ပြောသည့်စကားသည် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိသည်။

  ကျန်းချန်းသည် အရပ်ရှည်ပး ချောမောပြီး စိတ်နေသဘောထားလည်း ကောင်းမွန်သည်။

  ကျောင်းရှုလန်ကတော့ မပြောပြနိုင်လောက်အောင် ချောမောလှပရုံသာမကဘဲ အရေးအကြီးဆုံးကတော့ သူမမှာ စိတ်ကောင်းတော်တော်လေးရှိသည်။  သူမသာ ကျန်းချန်း နဲ့ အတူရှိနေရင် သူတို့နှစ်ယောက်က တော်တော်လေး လိုက်ဖတ်လွန်းနေမည်။

  ကျန်းချန်းက ကျန်းရှောင်ယ၏ ပါးစပ်မှ "မမ ရှုလန်" ကိုကြားလိုက်ရသဖြင့် ကျောင်းရှုလန် ကို ချက်ခြင်းစဉ်းစားမိလိုက်သည်။

  ကျန်းချန်းက ကျန်းရှောင်ယကို "ရှောင်ယ မင်းပြောခဲ့တဲ့ မမရှုလန် ဆိုတာ ကျောင်းရှုလန်လား?"

  ကျန်းရှောင်ယ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး ကျန်းချန်း ကို "အစ်ကို ကျန်းချန်းက  မမရှုလန်ကို သိလား?"

  ကျန်းချန်းက ခေါင်းညိတ်ပြီး "အင်း သိတယ် သူကသဘောကောင်းတဲ့ မိန်းကလေးဆိုတာလည်း သိသေးတယ်" လို့ပြန်ဖြေသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now