Chapter 58

2.7K 331 3
                                    

Chapter 58 လီကျွမ့် အခြားသူတွေရဲ့ ပစ္စည်းခိုးယူခြင်း ၂

ထိုစကားတွေပြောဆိုကြပြီးနောက် ယုမိန် က သူ့လက်သည်းတွေ ဆန့်ထုတ်လိုက်ပြီး ယောင်္ကျား
ရဲ့ ခန္နာကိုယ်ကို အကြိမ်အနည်းငယ် ရိုက်လိုက်၏။ လီကျွမ့် ကို သူမဆီဆွဲလိုက်ပြီး စိုးရိမ်တကြီးမေးလိုက်တယ်။ “ လီကျွမ့် ဘာကြောင့် ဒီလိုဖြစ်နေတာလဲ။ ဘာဖြစ်ခဲ့တာလဲ။ ဒီလူတွေ သမီးကို ရိုက်ခဲ့လို့လား”

လီကျွမ့် က သူ့အမေနဲ့ မျက်နှာချင်းဆိုင်မိတဲ့ အချိန်မှာတော့ မကျေနပ်ချက်အပြည့်နဲ့ ရုတ်တရက်ဆိုသလို မျက်ရည်တွေ စီးကျလာတယ်။

ယုမိန်က သူမသမီး ယခုလို ငိုကြွေးနေတာ မြင်တဲ့အချိန်မှာတော့ အရမ်းကို စိုးရိမ်သွားခဲ့တယ်။ သူက လူကြီးတွေကို ထပ်အော်လိုက်ပြီး “ငါ့သမီးကို ဘာလုပ်ခဲ့တာလဲ၊  ဒီလိုဖြစ်အောင် ငါ့သမီးကို ရိုက်ခဲ့တာလား၊ ကြည့်ကြသေးတာပေါ့ ငါ နင်တို့အားလုံးကို ပြည်သူ့လုံခြုံရေးကို သတင်းပို့ပြီး နင်တို့အားလုံးကို ဖမ်းပစ်မယ်ဆိုတာ။ “

ခေါင်းဆောင်လူက အေးစက်စွာ အသံပြုလိုက်တယ်။ “ ရဲဘော်။ ငါတို့ လက်တွေနဲ့ မင်းရဲ့သမီးကို ရိုက်ခဲ့တယ်၊ ဒါပေမဲ့ မင်းသိထားရမှာက ပထမဦးဆုံး မင်းရဲ့သမီးက ငါတို့ရိုက်အောင် လုပ်ခဲ့တာဆိုတာပဲ

သူငယ်ငယ်တုန်းက ကောင်းကောင်း မသင်ကြားခဲ့ဘူး။ သူတကယ် သင်ကြားခဲ့တာက သူခိုးတစ်ယောက် ဘယ်လိုဖြစ်လာရမလဲ၊ ပစ္စည်းတွေ ခိုးဖို့ရယ်၊ အဖွားအိုကို ရိုက်ဖို့ပဲ

တကယ်လို့သာ ဒီနေ့အိမ်မှာရှိနေတဲ့ အိမ်နီးနားချင်းတွေရဲ့ အကူအညီသာ မပါဘူးဆိုရင် ငါ့မိသားစုရဲ့ အစားအသောက်တွေ သူမ ခိုးပြီးနေလောက်ပြီ”

ဒီနေ့ ငါတို့ ဒီကို လာမေးတာကတော့ သူမရဲ့ မိဘတွေအနေနဲ့ ဘယ်လိုများ သူကို သင်ကြားထားလဲ ဆိုတာပဲ”

ထိုလူကြီး ပြောပြတဲ့အတိုင်း ဒီနေ့  လီကျွမ့် ရဲ့ အစားအသောက်တွေ ခိုးယူတဲ့ ဇာတ်လမ်း အကြောင်း သူပြန်ပြောပြတယ်။ အထူးသဖြင့် သူ့ရဲ့အမေကို လုပ်ဆောင်သွားတဲ့ အပြုအမူဟာ သူ့အတွက်တော့ လက်မခံနိုင်တဲ့ အကြောင်းအရာဖြစ်တယ်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now