Chapter 185

1.6K 168 0
                                    

Chapter 185 - လီလီကျွမ့်အား လက်စားချေခြင်း(၃)

ကျောင်းရှုလန်က မလှမ်းမကမ်းမှ ကြည့်ကာ အော့အန်ပြီး ရယ်ချင်နေသည်။

သူမ စိတ်အ‌နှောင့်အယှက် ပေးချင်ရုံသာဖြစ်ပြီး မိလ္လာကန်ထဲကျသွားမည်ဟု မမျှော်လင့်ထားပေ။

သူရယ်ချင်ခဲ့သည်က လီလီကျွမ့် ဒီလိုမျိုး အရှက်ကွဲပြီး သူဒေါသတွေထွက်နေတာက ကျောင်းရှုလန်အတွက် ပိုပျော်စေခဲ့သည်။

လီလီကျွမ့်က ထိုသို့ဖြစ်သည်နှင့်သာ ထိုက်တန်လေသည်။

ထိုအချိန်၌ တွင်းထဲသို့ကျသွားသော လီလီကျွမ့်လည်း လုံးဝအံ့အားသင့်သွားခဲ့သည်။

သူရှက်လည်းရှက် ငိုလည်းငိုချင်လာလေသည်။
ဒါပေမယ့် ဒီအချိန်က ခါတိုင်းနဲ့ မတူဘဲ ပါးစပ်ကိုဖွင့်ပြီး ငိုလို့ မရတော့ချေ။ ဘာလို့လဲဆိုတော့ ငိုတဲ့အခါ အနံ့အသက်ဆိုးတွေကြောင့် အန်မိလိမ့်မည်။

ကျန်းရှောင်ယ  မရယ်ဘဲမနေနိုင်ကာ “မမရှုလန် ပျော်စရာကြီး အဲ့အကျင့်မကောင်းတဲ့မမ မိလ္လာကန်ထဲပြုတ်ကျသွားတယ်!”

မိလ္လာကန်ထဲသို့ပြုတ်ကျသွားတဲ့ လီလီကျွမ့် အတွက် ကျန်းရှောင်ယ က နည်းနည်းလေးမှ စာနာစိတ်မရှိဘဲ အရမ်းပျော်သွားသည်။

သူမသည် ယခင်က လီလီကျွမ့် ကျောင်းရှုလန်ကို အနိုင်ကျင့်ခဲ့သည်ကို မြင်ဖူးသည်။

ကျန်းရှောင်ယ၏ အမြင်အရ လီလီကျွမ့်သည် လူဆိုးဖြစ်ပြီး လူဆိုးကို အပြစ်ပေးရမည်ဖြစ်သည်။ လီလီကျွမ့်နဲ့ ထိုက်တန်လွန်းသည်။

ကျောင်းရှုလန်က ပြုံးပြီး ဘာမှမပြော။

လီလီကျွမ့်သည် သူမကြောင့် မိလ္လာကန်ထဲသို့ ပြုတ်ကျသွားသည်။

မိလ္လာကန်၏ အနံ့အသက်က အဝေးကို ပျံ့သွား၏။ထုတ်လုပ်ရေးအဖွဲ့မှလူများက တစ်ခုခုမှားနေပြီဟု ထင်ကြပြီး အားလုံးက အခြေအနေကို စစ်ဆေးရန် ရောက်လာကြသည်။

အကြောင်းမှာ လီလီကျွမ့်က မိလ္လာကန်ထဲကို ပြုတ်ကျခဲ့ပြီး  မူလက သယ်ဆောင်လာတဲ့ မစင်နှစ်ပုံးဟာလည်း မြေပြင်ပေါ် ဖိတ်စင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ရှုတ်ထွေးသွားစေခဲ့သည်။

ဤအ‌ခြေအနေကြောင့် လုကျင်းရှန်း၏မျက်ခုံးများသည် ပိုရှုံတွလာကာ သူ့မျက်နှာက ပိုမိုနက်မှောင်လာသည်။

လီလီကျွမ့်အား သူမကို မစင်တွေသယ်ခိုင်းပေမယ့် ကောင်းကောင်းမလုပ်နိုင်ခဲ့ချေ။

ဒီမစင်တွေက တိုင်းသူပြည်သားတွေအတွက် အဖိုးတန်လေသည်။

ဓာတ်မြေဩဇာများ ပေါများသော ၂၁ ရာစုနှင့် မတူပေ။ အရာရာကို ဝယ်ရန်ကန့်သတ်ထားသည့် အခြေအနေများကြောင့် ထုတ်လုပ်ရေးအဖွဲ့မှ ဓာတ်မြေသြဇာများမှာ သဘာဝမြေဩဇာများဖြစ်သည်။

အစားအစာ သီးနှံများ အထွက်နှုန်း တိုးလိုပါက ဓာတ်မြေသြဇာ သုံးရန် လိုအပ်သော်လည်း မြေဩဇာ အကန့်အသတ်ကိုသာ သုံးခွင့်ရှိသည်။ လီလီကျွမ့်၏အပြုအမူသည် အဖိုးတန်မြေသြဇာကို ဖြုန်းတီးနေသလိုပင်။

လုကျင်းရှန်း စကားမပြောမီ လုလန်လန်က ပြေးလာပြီး လီလီကျွမ့် ကို ပြင်းပြင်းထန်ထန် အပြစ်တင်လေသည် “လီလီကျွမ့် နင်ဒါလေးတောင် မလုပ်တတ်ဘူးလား မစင်လေးသယ်ရတာ ဘယ်လောက်ပင်ပန်းသွားလို့ အကုန်မှောက်ကုန်အောင် လုပ်ပစ်လိုက်ရတာလဲ ဒီလောက်အဖိုးတန်တာတွေကို

ငါတို့အဖွဲ့မှာ နင်လိုလူရှိနေရင် တိုးတတ်ဖို့က လမ်းမမြင်တော့ဘူး နင်ဒါလေးကိုတောင် ဘာလို့ကောင်းကောင်းမလုပ်နိုင်ရတာလဲ လုံးဝအကျိုးမပေးဘူးပဲနင်က “

လုလန်လန် ပြောပြီးသည်နှင့် လုကျင်းရှန်း သည် အေးစက်သောမျက်နှာဖြင့် လီလီကျွမ့် ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည် “ရဲဘော် လီလီကျွမ့် မင်းကိုမင်း သုံးသပ်လို့ ငါပြောခဲ့တယ်နော် အခာဟာက မင်းအလုပ်လုပ်ပုံက ပိုပိုဆိုးလာတယ် မင်းအလုပ်ဆယ်ရက်‌ နားလိုက်တော့ ငါတို့ အဖွဲ့အစည်းအဝေးခေါ်ပြီး မင်းကိုဆက်ခန့်သင့်မခန့်သင်ဆုံးဖြတ်မယ်”

လီလီကျွမ့်က ပို၍ပင် ဝမ်းနည်းလာသည်။ သူမသည် သနားစရာကောင်းနေပြီဖြစ်သော်လည်း ယခုတော့ သနားဖို့ပိုကောင်းလာသည်။ သူမသည် ကန်ထဲသို့ ကျသွားရုံသာမက လုကျင်ရှန်းကလည်း အပြစ်ပြောခဲ့သည်။ ပိုဆိုးသည်က သူ့အလုပ် အမှတ်တွေကို အဖြတ်ခံရတော့မည်။

“ခေါင်းဆောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ်ဟုတ်ပါဘူး မတော်တဆ ဖြစ်သွားတာပါ” လီလီကျွမ့် ရှင်းပြရန်ကြိုးစားသော်လည်း လုကျင်းရှန်း လုံးဝနားမထောင်ပါ။

“ဆင်ခြေပေးမနေနဲ့တော့ မင်းရဲ့လုပ်ပုံ ကိုင်ပုံကိုလည်း ငါမြင်ပြီးပြီဆိုတော့ မပြောလည်း ဘယ်လိုဆိုတာသိတယ် အဲ့တော့ ငါမယုံဘူး”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now