Chapter 175

2.4K 225 4
                                    

Chapter 175 - အသားစားကြခြင်း(၃)

ဤအရသာရှိသော အစားအစာများကို  လုကျင်ရှန်း ငြင်းရန် ခက်ခဲသည်။

“ကျန်းချန်း ဒါဆို ငါမင်းကို အားမနာတော့ဘူး စဉ်းစားပေးလို့ ကျေးဇူးပဲကွာ”

“ရပါတယ် ခေါင်းဆောင် အဲ့တာဆို ကျွန်တော်ပြန်တော့မယ်”

“ကောင်းပြီ ကျန်းချန်း လမ်းကိုသေချာ ဂရုစိုက်နော်”

ပစ္စည်းတွေ ပို့ပေးပြီး ကျောင်းရှုလန် လုပ်တဲ့ အရသာရှိတဲ့ အစားအစာကို တွေးကာ ကျန်းမိသားစုဆီသို့ အမြန်ပြန်လေသည်။

ဝမ်ရှုယင်က အပြင်မှ လှုပ်ရှားမှုကို ကြားလိုက်ကာ မီးဖိုချောင်မှ ထွက်လာပြီး လုကျင်ရှန်းအား “ကျင်ရှန်း အိမ်ကို ဘယ်သူလာတာလဲ “ လို့ မေးလိုက်သည် ။

“ကျန်းချန်း လာသွားတာ ပြန်သွားပြီ”

“သူ ဘာလို့ အိမ်ကိုလာတာလဲ အရမ်းနောက်ကျနေပြီဟာကို”

“တစ်ခုခုလာပေးတာလား!”

လုကျင်ရှန်းက တောဝက်ကို ဝမ်ရှုယင် ထံ ပေးလိုက်ပြီး “မင်း ဒီဝက်သားကို ပြန်ချက်ပြီး အရိုးဟင်းချိုလေးလုပ်ထားလိုက် ငါတို့ ဒီညကောင်းတာစားကြ‌တာပေါ့!”

လုကျင်ရှန်း ပေးလိုက်တဲ့ အစားအသောက်ကောင်းကို မြင်လိုက်ရတော့ ဝမ်ရှုယင်က အံ့သြတကြီးနဲ့ “အသား ဒါ အသားပဲ!”

လုကျင်ရှန်းက “တိတ်တိတ်နေ၊ လူတွေကို မကြားစေနဲ့!”

ယနေ့ခေတ် လူတိုင်းက အသားမစားနိုင်ပါ။  သူတို့မိသားစုဟာ အသားတွေကို တိတ်တဆိတ် စားသုံးနေတယ်ဆိုတာကို လူတွေက သိသွရင် မနာလိုနိုင်သည်ဖြစ်၍ ကိုယ့်ကိုယ်ကို ကာကွယ်သည့်အနေဖြင့်လျှို့ဝှက်ထားသင့်သည်။

ထိုမှသာ ဝမ်ရှုယင်က တခစ်ခစ်ရယ်ကာ “ကျင်ရှန်း ကောင်းတယ် ငါတို့မိသားစု ဒီနေ့စားဖို့ အသားရလာပြန်ပြီပေါ့  လန်လန် ရေနစ်ထဲက ကလေးလန့်မှာစိုးလို့ စိတ်ပြေအောင် စားကောင်းတာလေးတွေ ချက်ကျွေးတာ အခုလည်း စားကောင်းတာ စားရတော့မယ်မှန်း သိရင်ပျော်သွားမှာပဲ”

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now