Chapter 141

1.9K 206 1
                                    

Chapter-141 လီကျွမ့်နှင့်အလောင်းအစား ပြုလုပ်ခြင်း(၄)

လီလီကျွမ့် ရုတ်တရက် အကျပ်ရိုက်သလို ခံစားလိုက်ရပြီး နောင်တရသွားသည် ။

ကျောင်းရှုလန်ကို ဝက်မစင်များ ငါးရက်ဆက်တိုက် ကျုံးပေးရမည်က သူမ အသည်းအူထဲက ရွံသည့်အလုပ်ပင်ဖြစ်သည်။

လီလီကျွမ့် သည် ထိုအကြောင်းကို တွေးရုံမျှဖြင့် မအီမသာဖြစ်ရသည်။

သို့သော် ယခုအချိန်တွင် နောင်တရရန် အချိန်နှောင်းသွားခဲ့ပြီး ကျောင်းရှုလန် နှင့် အလောင်းအစားလုပ်ထားပြီးဖြစ်သည်။

"ကျောင်းရှုလန် နင်လှည့်စားထားတာမလား" လီလီကျွမ့်က ဒေါသတကြီး ညည်းညူလိုက်သည်။

ကျောင်းရှုလန်၏ မျက်နှာက အေးစက်နေပြီး "လီလီကျွမ့် မင်း ဘာလို့ လူတွေကို ထပ်ပြီး သွေးတွေ ဖြန်းနေတာလဲ။(အသားထဲက လောက်ထွက်တွေပြောနေတာလဲ) ငါကလှည့်စားတယ်? ဒီအလောင်းအစားက ငါစပြောမိလို့လား

ရှုံးတာကို ဝန်မခံချင်တာနဲ့ ငါကပဲ လှည့်စားရတယ်ဆိုပဲ နင်ကတိမတည်ရင် နင်ညစ်တာပဲနော် အဖွဲ့ခေါင်းဆောင် ဘာပြောထားလဲ ကတိဆိုတာတည်ရတယ်တဲ့ "

ကျောင်းရှုလန် ဒီလိုပြောတဲ့အခါ လီလီကျွမ့်က အပြစ်ရှိတဲ့စိတ်နဲ့ နောင်တရပြီး "ဘယ်သူက ကတိမတည်ဘူးပြောလို့လဲ ချီးပဲ ငါဝက်ချီးကျုံးပေးမယ် ရပြီလား"

"အင်း အဲ့လိုတွေးတာ ကောင်းတယ်"

ကျောင်းရှုလန်၏ မျက်လုံးများက "လှည့်ကွက် အောင်မြင်ပြီ" ဟူသော အရိပ်အယောင်ဖြင့် တောက်ပလာသည်။

ထိုအချိန်တွင် အိုးအတွင်းရှိ ဝက်အူများက ကျက်နေပြီး မုန်လာဥတို့ ငရုတ်သီးတို့မှာလည်း ကျက်နေလေပြီ။ကျောင်းရှုလန်သည် ဂေါ်ဖီထုပ်နှင့် ကြာဇံပြုတ် နောက်တစ်မျိုးကို ပြောင်းဖူးအနည်းငယ် ထည့်ကာပြုလုပ်ခဲ့ပြီး ချက်ပြုတ်ပြီးနောက် ညနေစာအတွက် ကျောင်းဝေကောင်းကို ခေါ်လိုက်သည်။

ကျောင်းရှုလန်ဆီက ပါလာတဲ့ ဝက်အူဟာ အခုအချိန်မှာ အနံ့က မွှေးနေသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now