Chapter 170

1.7K 176 1
                                    

Chapter -170 တောဝက်တိုက်ခိုက်ခံရခြင်း(၂)

ကျန်းချန်းက ဒီလိုမျိုး လူသိရှင်ကြား ပြောလို့မရဘူးဆိုတာ နားလည်တဲ့အတွက် ခေါင်းညိတ်လိုက်သည်။

သူကျန်းမိသားစုအား ကောင်းသည့်အရာများ ဝယ်မိသဖြင့် စိတ်သက်သာမိလေသည်။ မဟုတ်ပါက သူစိတ်ထင့်နေကာ ကျန်းမိသားစု စားရန်မရှိမည်ကို စိုးရိမ်ပြီး စားရက်မည်မဟု‌တ်ပေ။

နေ့ခင်းဘက်တွင် မစ္စကျန်း ပြင်ဆင်လာသည့်နေ့လည်စာမှာ အရသာရှိလွန်းသည်။

စားပြီးသည့်နောက် အလုပ်ဆက်လုပ်ကြသည်။

ကျောင်းရှုလန် နှင့် ကျန်းချန်း တို့သည် ဝက်ချေးကို သန့်ရှင်းအောင် ကျုံးထားပြီဖြစ်သဖြင့် သူတို့၌ လုပ်စရာမရှိသေးချေ။  သူတို့ မပျင်းချင်ကြတာကြောင့် ဝက်စားသည့် အရွက်များရရန် တောင်ပေါ်တက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဝက်မြက်ကို ကျန်းရှောင်ယ၏ အလုပ်မှတ်များအဖြစ် ရေတွက်နိုင်သည်။  ဝက်မြက်ကို များများ ရလေလေ အလုပ်မှတ်တိုးလေလေ‌ ဖြစ်သည်။

သူပြောသလိုပဲ ကျောင်းရှုလန်က တောင်းကို ကျောပေါ်ထမ်းပြီး ကျန်းချန်းက ဓားကို သယ်ကာ နှစ်ယောက်အတူ တောင်ပေါ်ကို တက်သွားကြသည်။

တောင်ခြေရင်းမှာ ချောနေပြီး တိရစ္ဆာန်များတတ်ရန်မလွယ်ကူပေ။

ပျားပေါင်းပင်တွေကို များများရချင်ပါက တောင်နက်ပိုင်း အတွင်းသို့ ပိုမိုသွားမှသာ ရပေမည်။

ထုတ်လုပ်ရေးအဖွဲ့သည် များသောအားဖြက့် တောင်နက်ပိုင်းအတွင်းသို့ မဝင်ကြချေ။  တကယ်တော့ တောင်ရဲ့ အတွင်းပိုင်းဟာ အပြင်မှာလောက် မလုံခြုံပါ။

မြွေ နှင့် အင်းဆက် အမျိုးအစားများစွာ ရှိပြီး မြွေကိုက်ခံရလျှင် သေသွားနိုင်သည်။

ကျောင်းရှုလန် နှင့် ကျန်းချန်း တို့သည် ထိုအကြောင်းကို သိပ်ပြီးမစဉ်းစားခဲ့ကြဘဲ အလုပ်ရှိချင်ကြသဖြင့် နှစ်ယောက်သား တောင်ပေါ်သို့တတ်သွားကြလေသည်။

အတန်ကြာ လမ်းလျှောက်ပြီးနောက် ကျောင်းရှုလန်သည် မြက်များနှင့် သစ်ပင်များပိုမို များလာသည်ကို တွေ့လိုက်ရသဖြင့် တောပိုနက်လာသည်မှန်း သဘောပေါက်လိုက်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ်Where stories live. Discover now